Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရက္ခိုင်ပြည် စကြာမုနိ ဘုရား သမိုင်းကြောင်း

ရက္ခိုင်ပြည် စကြာမုနိ ဘုရား သမိုင်းကြောင်း

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 

      စစ်တွေမြို့ကိုရောက်ရင်၊ လောကာနန္ဒစေတီသို့ လူတိုင်းအလိုလို သွားရောက်ကြ ပါတယ်။ လောကာနန္ဒာစေတီတော်ကြီးကတော့ ဘဘကြီးသန်းရွှေ (သူများခေါ်သံတွေကို ကြားဖူးလို့)က ၁၉၉၅ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ သမိုင်းဝင်တယ်လို့ ပြောဖို့တော့ စောပါသေးတယ်။



    
    ဒီလောကာနန္ဒာရဲ့ နောက်ဘက်မှာ ဘုံ(၉)ဆင့် သိမ်းတော်ကြီးမှာ ရခိုင်တို့ရဲ့ အမြတ်တနိုးထားရာ စကြာမုနိ ဘုရားတစ်ပါးကို စံမြန်းလို့ရှိပါတယ်။ ဒီဘုရားဟာ ရခိုင်သမိုင်းကို ထောက်ဆနိုင်ဖို့နဲ့အတွက် အလွန်တန်းဖိုးကြီးတဲ့ ဘုရားတစ်ဆူးဖြစ်ပါတယ်။ ရခိုင်တို့ရဲ့ ပထမဦးဆုံး ခေတ်ဖြစ်တဲ့ ဓည၀တီခေတ်ရဲ့ တတိယဓည၀တီမင်းဆက် ဂေါတမဗုဒ္ဓကို ဓညတီတိုင်းဌာနီသို့ ပင့်ဖိတ်ခဲ့သည့် စန္ဒသူရိယမင်း၏အနွယ် (၁၄)ဆက်မြောက် သူရိကုလဘုရင်မင်းမြတ်နှင့် စီတြကလျာဏီ မိဖုရားတို့မှ ရခိုင်ဘုရင်တို့၏ ထုံးတမ်းစဉ်လာအရ ရာဇဘိသေကပွဲတော်တွင် ရာဇဘိသေက မုနိဟုဆိုအပ်သော ရုပ်ပွါးတော်တစ်ဆူကို ဦးခေါင်းပေါ်တွင်ရွတ်လျှက် တိုင်းသူပြည်သားတို့ကို မင်းကျင့်တရားနှင့်အညီ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ပါမည်။ ဗုဒ္ဓဘာသာကို မိမိ၏ အသက်ကဲ့သို့ စောင့်ရှောက်ပါမည်။ သာသနာ့ဒါယကာအဖြစ် ခံယူပါမည်ဟု ကျိန်ဆိုကာ လှူဒါန်းပူဇော်ရသောကြောင့် ဤဆင်းထုတော်ကို မဟာကျိန် ဆင်းထုတော်အဖြစ် ယနေ့တိုင် ခေါ်ဝေါ်သုံးစွဲကြသည်။ ရခိုင်ပြည်နယ်၏
တခြားသော နေရာများတွင်လည်း မဟာကျိန် ဘုရားများကိုတွေ့ရှိရပါသည်။


        ဘုရား၏ ဥာဏ်တော်အမြင့်မှာ (၁၈)လက်မ၊ ပခုံးတော်အကျယ် (၁၄)လက်မရှိပြီး ညာခြေဖ၀ါးတော်ကို အပေါ်တင်၍ ဘယ်ခြေဖ၀ါးတော်ကို ညာခြေအောင်မှ ခေါက်သွင်းထားဟန်ဖြစ်သည်။ သတ္တရူပ ပိသုတကျမ်းနှင့် အညီ ဒိယာ(၅)ပါး၊ အတောင်(၅)ပါး၊ အထွာ(၂၂)ပါး၊ မုယော(၁၅)ပါး၊ ချပ်(၃)ပါး စသည့် အချိုးအစားကို ကိုက်ညီပြီး ဘုရင် ဧကရာဇ်တို့ သွန်းလုပ် ပူဇော်ကိုးကွယ်သည့် ဆင်းထုတော်ဖြစ်သည်။

         ထူးခြားဆန်းကြယ်သည်မှာ ဗုဒ္ဓရုပ်ထုတော်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဗုဒ္ဓရုပ်ထုငယ်များကို ထွင်းထုထားပြီး လက်ပါးပေါ်တွင် စကြာသင်္ကတပုံစံတခုကို ကိုင်ဆောင်ထားသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဗုဒ္ဓဆင်းထုငယ်ပေါင်း ၁၁၆၂ ဆူပါရှိသည်။ ၁+၁+၆+၂ = ၁၀, ရလဒ် ၁+၀ = ၁၊ (၁) ဂဏန်းသည် ပွင့်တော်မူပြီးသော ဗုဒ္ဓအဆူဆူတို့သည် တရားဦးဖြစ်သော ဓမ္မစကြာတရားတော်ကိုသာလျှင် ဟောကြားကြောင်းကို ဖော်ထားသည်။ စကြာပုံမှာ (၈)ထောင့် တနည်း အရွက် (၈)ရွက်၊ အမြောင့် (၈)မြောင့်သည် မဂ္ဂင်တရား (၈)ပါးကို ဖော်ညွှန်ထားခြင်းဖြစ်သည်။



         ဒီပြင် ရခိုင်တို့၏ သမိုင်းသက်သေဖြစ်သော ရုပ်ပွါးတော်၏ အရှေ့ဖက်တွင် ကမ္ဗည်းစာပါရှိပြီး ဗြဟ္မီအက္ခရာဖြင့် “ယေဓမ္မဟေတုပ္ပ၀ါ”ဟု ရေးထိုးထားသည်။ ဗုဒ္ဓဘာသာတို့၏ အနှစ်ချုပ်ဖြစ်သော “ယေဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံတထာဂတော  ၊   အာဟတေသဉ္စ

ယေနိရောဓေါ၊ ဧ၀ံဝါဒိ မဟာသမဏေ” အဓိပ္ပါယ် -“ မြတ်စွာဘုရားရှင်သည် ရှေးကပြုခဲ့ဖူးသော အကြောင်းတရားကြောင့် ဖြစ်ပေါ်ကုန်သော အကျိုးတရားကို ဟောကြားတော်မူ၏။ ထိုအကြောင်းတရားတို့၏ ချုပ်ငြိမ်းရာ တရားတို့ကို လည်းဟောတော်မူ၏။ ရဟန်ကြီးဖြစ်သော ၊မြတ်စွာဘုရားသည် ဤသို့ အယူရှိတောမူ၏” ဖြစ်သည်။ ဗုဒ္ဓတရား၏ အဆီအနှစ်ချုပ်ဖြစ်သည့် “အကြောင်းတရားကြောင့် အကျိုးတရားဖြစ်သည်”ကို ဖော်ပြထားသည့် ကျောက်စာဖြစ်သည်။ 

        ဤဂါထာကို ဂေါတဗုဒ္ဓဘုရားဖြစ်သည့်အခါ အယင်းဆုံး တရားဟောခဲ့သော ပဉ္စ၀ဂ္ဂီငါးဦးအနက်မှ အငယ်ဆုံးဖြစ်သော အသာဇိမထေရ်မှ ရာဇဂြိုလ်ပြည်တွင် ဂေါတမဗုဒ္ဓ၏ လက်ယာတော်ရ အရှင်သာရိပတ္တရာနှင့် လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန်တို့ကို ဟောကြားခဲ့ခြင်းဖြစ်သည်။ ဤဂါထာဖြင့် အရှင်သာရိပတ္တရာနှင့် အရှင်မောဂ္ဂလာန် ရဟန်းတာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဤဂါထာကို ပုဂံခေတ် အနော်ရထာမင်းကြီးနှင့်တကွ ပြည်သူတို့သည် အမြဲမပြတ်ရွက်ဆိုပူဇော်ခဲ့ကြသည်ဟု လေ့လာဖူးသည်။ ရခိုင်ပြည်နယ်တွင် တွေ့ရှိရသည့် ကျောက်စာတိုင်းအလိုလိုတွင် ဤဂါထာကို တွေ့ရသည်။

စကြာမုနိ ဘုရား၏ ကျောဘက်တွင် ဗြဟ္မီအက္ခရာကနေ ရက္ခ၀ံဏ အက္ခကို အသွင်းပြောင်းခါစ ရေးထိုးထားသည့် စာတမ်းမှာ “သက္ကရာဇ် ၅၂၀ သူရိယကုလ 
ကောင်းမှုတော်”ဟု ရေးထိုးထားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ ကျော်၊ ဘီစီ (၁၂)ရာစု လောက်က သူရိယကုလဘုရင်မင်းမြတ်၏ အလှူတော်ဖြစ်ပြီး ထိုဘုရင်ကိုယ်တိုင်း ကိုးကွယ်ခဲ့သည် ထူးခြားဆန်းကြယ်သည့် ရုပ်ပွါးဆင်ထုတော်ဖြစ်သည်။

ဤဘုရားကို ၂-၇-၂၀၀၀ ခုနှစ်က မြောက်ဦးမြို့နယ် အနောက်ဖက် မိုင်(၁၀)အကွာ သာမကျေးရွာမှ ငါးရှာရင် အသက်မွေးသည့် တံငါသည် တစ်ဦးမှ ရွာနီးချောင်းရှိ ငါးရှာစဉ် ထူးဆန်းသည့်ဘု ရားတစ်ပါးကို တွေ့ရသည်ဟု အိပ်မက်ကို (၃)ရက်ဆက်တိုက် မြင်မက်ခဲ့သည်ဟု ဆိုသည်။ အိပ်မက်အရ ချောင်းအတွင်း

ငါးရှာနေစဉ်တွင် ပိုက်ကွန်ဖြင့် ပစ်လိုက်ရာ အစွန်းတစ်ခုနှင့် ငြိနေပြီး ရေထဲကို ဆင်းကြည့်ရာ ထူးဆန်းစွာ ဘုရားဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ထိုဘုရားကို ရေထဲမှ ပင့်ဆောင်လာပြီး မြောက်ဦးမြို့ ဗန္ဓုလဘုန်းတော်ကြီးကျောင်းတိုက်တွင် လာရောက် လှူဒါန်းခဲ့သည်။ ထိုမှတဖန် အများသူငါ ဖူးမြော်နိုင်ရန်အတွက် ရခိုင်ပြည်တစ်ပတ် အပူဇော်ခံခဲ့ပြီး ပြီမှ စစ်တွေမြို့ လောကာနန္ဒာကုန်မြေပေါ်တွင် အပူဇော်ခံလျှက်ရှိပါသည်။

(ထူးဆန်းသည်မှာ ထိုဘုရားကို တွေ့ရှိခဲ့သည် တံငါသည်အား ယခုထိတိုင်း ရှာမတွေ့ခဲ့ရပေ။)

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်လျှင် ဖြစ်အောင်ဖူးမြော်သင့်သည့် ဗုဒ္ဓ၏ အမွေအနှစ်တစ်ခုဖြစ်သည်ကို ဗဟုသုတအလို့ငှါ

ဖော်ပြပေးလိုက်သည်။ ကျနော်ကတော့ အယင်းတုန်းက အဲဒီဘုရားကိုသွားရင် ရှေးခိုးပူဇော်ရုံကလွဲပြီး ဘာမှ မသိခဲ့ပါ။ ၁၅၊ ၉၊ ၂၀၁၃ ရက်နေ့က အဲဒီဘုရားကို ဖူးမြော်ရင် သမိုင်းကြောင်းကို သိချင်လွန်းသည့်အတွက် လေ့လာဖြစ်ခဲ့တာပါ။ ယခုမှ စိတ်ဝင်စားပြီး ကိုယ်တိုင်းလေ့လာကြည့်မှ ပိုပြီး ကြည်ညိုသဒ္ဓါပွါးမိပါတော့သည်။ ကျနော် ဖတ်မိသလောက်ကို နောက်လူများ သိရအောင် ပြန်လည် မျှဝေခြင်းဖြစ်သည်။

 

ဝေဟင်အောင်

၁၅၊ ၉၊ ၂၀၁၃။

 

ကျမ်းကိုး -

ပန်(စစ်တွေ)- လောကာနန္ဒစေတီတော်ကြီးသမိုင်းနှင့် စကြာမုနိဘဂ၀ါ

ဦးရွှေဇံ - ရခိုင်သမိုင်းခေတ်ကာလပိုင်းခြားမှု မြေကြီးက သက်သေတည်သရွေ့

မြန်မာပဏ္ဍိ ဦးဦးသာထွန်း- ဦးဦးသာထွန်းနှင့် သီတဂူဆရာတော် သျှင်ဥာဏိသရ အမေး၊ အဖြေ

ဦးရွှေဇံ - ရခိုင်အလင်းပြကျမ်း

ဂေါယာမြေစောဝင်း - ယေဓမ္မာဟေတုပ္ပဘ၀ါ