Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

စစ်တကောင်းမြို့ အမည်၏ မူလရင်းမြစ်အ‌ကြောင်း။


 စစ်တကောင်းမြို့ အမည်၏ မူလရင်းမြစ်အ‌ကြောင်း။
     °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ဒုတိယ မြို့တော် စစ်တစ်ကောင်းမြို့၏ မူလအမည်ကိုမည်သူက‌ပေးခဲ့ပါသနည်း။ စစ်တကောင်း ဆိုသည့် အမည်အဓိပ္ပါယ်ကို သိရှိကြပါသလား။ ဖတ်ရှုကြည့်ပါ။
ရိုဟင်ဂျာဆိုသူများဖက်မှ ကာကွယ်ပေးနေသူများနှင့် စကားပြောဖြစ်ပါက မိမိဖက်က သမိုင်းအထောက် အထားများဖြင့် ပြောနိုင်ရန် ရည်သန်ပြီး တင်ပြပေးလိုက်ပါသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ဒုတိယ မြို့တော် စစ်တစ်ကောင်းမြို့၏ မူလအမည်ကို ရခိုင်ဘုရင် စူလ စန္ဒြားက ရခိုင်- မြန်မာ သကြစ် ၁၃၁ ခုနှစ်( အေဒီ-၇၆၉
ခုနှစ်တွင်အမည်ပေးထားခဲ့ခြင်းဖြစ်ပါသည်။၎င်းမင်းကြီးသည် ၄င်းဒေသကို စစ်အောင်နိုင်ပြီး (၂) နှစ်အကြာတွင် စစ်တကောင်းမြို့တွင် အောင်နိုင်ခြင်း ကျောက်စာ တိုင်တစ်ခုကို ရေးထိုးထားခဲ့ပါသည်။ ဘာသာခြားများသည် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများအား (စစ်မတိုက်ကောင်း) ကြောင်း၊ စစ်တိုက်ပါ ၄င်းတို့လူမျိုးများ ရှုံးနိမ့်ကာ သေကြေဖျက်စီးကြကြောင်း ကို ညီလာခံတွင် မိန့်မှာကြားသည်မှ အစပြုပြီး စစ်မတိုက်ကောင်း ကျောက်စာကို ရေးထိုးထားခဲ့ပါသည်။ နှစ်ကြာလာသည့် အခါ စစ်မတိုက်ကောင်းမှ စစ်တိုက်ကောင်း၊ ၄င်းမှ တဆင့် စစ်တကောင်း ဟု အမည်ပြောင်းလဲ ခေါ်တွင် လာခြင်းဖြစ်ပါသည်။
၎င်းအကြောင်းကို A HISTORY OF CHITTAGONE စာအုပ် စာမျှက်နှာ (၁၇) တွင် အသေးစိတ်ဖော်ပြထားပြီး စစ်တကောင်း အမည်ကို ရခိုင်ဘုရင်က အမည်ပေးခဲ့သည်ကို အောက်ပါအတိုင်းရေးသားထားပါသည်။

“ သို့ဖြစ်ပါ၍ အေဒီ ၇၆၉ တွင် ရခိုင်ဘုရင်အမည်ပေးထားခဲ့သော စစ်တကောင်းအမည်သည်  ယခုလက်ရှိ စစ်တကောင်းမြို့၏ မူလအမည်ဖြစ်ပါသည်။ ဘင်္ဂလီလူမျိုးများက စစ်တကောင်းကို စစ်တဂါမဟု၎င်း၊ တရုပ်လူမျိုးများက ချတိကိန်း- ချတိဂန်ဟု၎င်း၊ ဥရောပသားများက ချိတကောင်းဟု၎င်းခေါ်ဝေါ်နေ ကြသော်လည်း၊ ရခိုင်အမည် စစ်တကောင်း ဆိုသည်အမည်မှ ဆင်းသက်လာခြင်းဖြစ်ပါသည် “
ဟုရေးသား ဖော်ပြထားပါသည်။

၎င်းအမည်ကို အေဒီ ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို မဂိုများသိမ်းပိုက်ပြီးနောက် စစ်တကောင်းမြို့အား အစ္စလာမ် မာဘတ်မြို့ သိုမဟုတ် အစ္စလာမ် နယ်မြေ မြို့ ဟု အမည်ပေးသော်လည်း ၄င်းအမည် မတွင်ဘဲ ယခု အချိန်အထိ ရခိုင်ဘုရင်မှည့်ထားခဲ့သော စစ်တကောင်းမြို့ အမည်ကိုသာ သုံးစွဲနေဆဲဖြစ်သည်။

အေဒီ ၁၆၃၀ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခဲ့သည့် ပေါ်တူဂီ လူမျိုး Manrique တင်ပြချက်အရ စစ်တကောင်းမြိုံတော်သည် ရခိုင်အင်ပါယာအတွက် အလွန်တရာ အရေးပါပြီး အဓိက သော့ ချက်နေရာတစ်ခုဖြစ်သည်ဟုဖော်ပြထားပါသည်။

 “The City of Chatigan “(Chittagone) , in the opinion of Manrique , was a place of the first importance and the master key to the whole Magh ( Arakanese or Rakhine) Empire”. (Page-276, A HISTORY OF CHITTAGONE)

အမှန်မှာ ဒါကာဆိုသည်မှာလည်း ရခိုင်ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ ရခိုင်နိမိတ်နှင့် ဘင်္ဂလားနယ်နမိတ်ကို ဒါးဖြင့်ကာဆီး ထားသဖြင့် ဒါးကာ မြို့ဟု အမည်တွင်လာခဲ့ကြောင်းမှတ်ထားရပါသည်။ အမှန်မှာ ၁၆၆၆ ခုအချိန်အထိ ဘင်္ဂလားဒေ့ခ်ျတစ်နိုင်ငံလုံးသည် ရခိုင်နယ်မြေဖြစ်ခဲ့ပါသည်။ ယခုတော့ပြောင်းပြန် ရိုဟင်ဂျာဆိုသူများက ရခိုင်ပြည်ကို သူ့ပြည်နယ် ဟု တရားဝင်တောင်းဆိုလာနေကြသည်။

Credit - Oo Myint