Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်ဘုရင်တည်ခဲ့သော ရခိုင်ပိုင်နက် ဥဿလင်းစေတီတော်

ပလက်ဝမြို့နယ်အတွင်းက ရှေးဟောင်းသမိုင်းဝင် ဥဿလင်းစေတီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

သတင်းဆောင်းပါးနှင့် ဓာတ်ပုံ- မောင်မောင်ကျော့(ပလက်ဝ)

ဥဿလင်းစေတီတော်သည် ချင်းပြည်နယ်(တောင် ပိုင်း) ပလက်ဝမြို့အထက် ၄၃ မိုင်အကွာတွင် ရှိသည်။ ဥဿလင်းချောင်းစီးဆင်းရာ ဥဿလင်းကျေးရွာ၏ အရှေ့ဘက်၊ ဂစ္ဆပနဒီမြစ်ကမ်း စေတီကိုင်းကျေးရွာ နောက်ခံတောင်တန်းရှိ တောင်ကုန်းပေါ်တွင် 
ဖူးတွေ့ရ သော ဥဿလင်းစေတီတော်မြတ်ကြီးမှာ ကြည်ညို သပ္ပာယ်လွန်းလှသည်။

 ဥဿလင်းစေတီတော်ကို လွန် ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က စာရေးသူ နောက်ဆုံး ဖူးမြော်ခဲ့ရသည်။ အခုတစ်ဖန်facebook စာမျက်နှာ ပေါ်တွင် ရှေးဟောင်းသမိုင်းဝင် ဥဿလင်းစေတီတော် ၌ ဓာတ်တော်ရောင်ခြည်ကွန့်မြူးကြောင်း ရေးသားနေ ကြသည်ကို တွေ့ရသည့်အခါ သဒ္ဓါကြည်ညိုစိတ်ဖြင့် ဖူးမြော်ချင်စိတ်ဖြစ်ပေါ်မိသလို သဒ္ဓါကြည်လင် ပါရမီ ရှင်များအနေဖြင့်လည်း သိရှိဖူးမြော်နိုင်ကြစေရန် ရည် သန်၍ ဥဿလင်းစေတီတော်မြတ်ကြီးအကြောင်းကို ဤဆောင်းပါးဖြင့် ဦးညွတ်ရေးသား ပူဇော်အပ်ပါသည်။
ရှေးအခါက ရခိုင်ပြည်နယ်မြေတစ်ခုလုံးကို တိုင်းဒေသ ကြီး တစ်ဆယ့်နှစ်တိုင်း ခွဲခြားအုပ်ချုပ်ခဲ့ရာတွင် ဥဿ လင်းတိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ ရခိုင်ရှေးဟောင်းသမိုင်းဝင်အရပ် ဖြစ်ခဲ့ဖူးသောကြောင့် ထိုခေတ်ထိုအချိန်က ယင်းဒေသ၏ အရေးပါမှုကို အကြောင်းပြု၍ ယနေ့တိုင် ဥဿလင်းစေတီ၊ ဥဿ လင်းကျေးရွာ၊ ဥဿလင်းချောင်းဟူ၍ ဒေသစွဲအမည် များ စွဲကျန်ရှိနေပါသေးသည်။
ရခိုင်သမိုင်းဝင် ဥဿလင်းဖြစ်တည်ခဲ့ပုံကို လေ့လာ ကြည့်မည်ဆိုလျှင် ရခိုင်ရှေးဟောင်းသမိုင်းများ၏ အဆိုအရ က္ဆပနဒီ(ခေါ်) ကုလားတန်မြစ်ဝှမ်းသို့ ရခိုင် လူမျိုးများ မြောက်ဘက်မှ ဝင်လာသည်ဟု ဆိုပါသည်။ ရခိုင်ဒေသသို့ ရှေးဦးလူများဝင်ရောက်လာမှုနှင့်စပ်လျဉ်း ၍ အသျှင်စက္ကိန္ဒ၏ ရခိုင်ပုံသေဝတ္ထုများ(ပထမတွဲ) စာအုပ်တွင် မဇ္ဈိမဒေသ မာလရာဇ်တိုင်း မာဃဒေဝမင်း ၏မြေးတော် သာဂရဒေဝမင်းနှင့် လူသူအမြောက် အမြားပါဝင်သည့် ရခိုင်ရှေးဦးလူများသည် က္ဆပနဒီ မြစ်ဖျားမှ ဝင်ရောက်လာကြပြီး က္ဆပနဒီမြစ်ညှာတွင် အခြေချခဲ့ဖူးစဉ် က္ဆပနဒီမြစ်၏ လက်ဝဲဘက်ချိုင့်ဝှမ်း တွင် မြို့ပြတည်ထောင်နေခဲ့ဖူးသည်ဟု ဆို၏။ ထိုတိုင်း ပြည်ကို ရက္ခပူရတိုင်း၊ မြို့တော်ကို ဥတ္တရမဓူမြို့ဟု ခေါ် တွင်ခဲ့သည်။ ဤဥတ္တရမဓူမြို့ကိုပင် နောင်အခါ ဥဿ လင်းဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်သမိုင်းအဆိုအရ ပထမ ဓညဝတီမြို့ကို တည် ထောင်ကာ ရခိုင်ပြည်နယ်မြေ၏ နန်းဆက်ကို တည် ထောင်ခဲ့သော သူရဲကောင်းမျိုးဆက် မာယုမင်း၏ဖခင် အဇ္ဇုနရှင်ရသေ့သည် က္ဆပနဒီမြစ်ဖျား ဥဿလင်း အထက် '' သက်''စုဘက်တစ်နေရာတွင် တစ်ခုသော ပင်ညောင်ပင်ရင်း၌ ရသေ့အဖြစ် အကျင့်သီလဆောက် တည်ခဲ့သည်။ ရခိုင်ရာဇဝင်လင်္ကာတွင် '' က္ဆပနဒီ၊ ကပ်မှီမကင်း၊ ပင်ညောင်ရင်းသို့၊ လျင်ပင်ရသေ့၊ ရောက် သတည်း''ဟူ၍ ပါရှိလေသည်။ ဤအချက်ကိုထောက် ခြင်းဖြင့် ဥဿလင်းသည် ပထမ ဓညဝတီမြို့မတိုင်မီ ရှိနှင့်ပြီးဖြစ်သော ရခိုင်သမိုင်းဝင်အရပ်တစ်ခုဖြစ် ကြောင်း ဖော်òန်းနေသည်။
စန္ဒသူရိယမင်းကြီးတည်ထောင်ခဲ့သော တတိယ ဓညဝတီမြို့တော်သည် ရှေးခေတ်ရခိုင်ပြည်၏ ရှေးကျ သောမြို့တစ်မြို့ဖြစ်ပြီး တိုးတက်ဖွံ့ဖြိုးစည်ပင်ခဲ့သည်။ မြို့တော်ထွန်းကားစဉ်က ဘာသာရေး အဆောက် အအုံ၊ ဘုရင့်နန်းတော်၊ ညီလာခံခန်းမ၊ မှူးမတ် စစ်သူ ကြီးနေအိမ်နှင့် ပတ်ဝန်းကျင် မြို့ကြီးမြို့ငယ်စသည် စသည်တို့မှာ သူ့ခေတ်နှင့်သူ မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ရှိခဲ့ပေသည်။ ဤအချက်ကို ပညာရှိ သိုက်တတ် ငလက်ရုံး၏ ဓညဝတီလမ်းညွှန်မှတ်တမ်းအရ သိနိုင် သည်။ ဤဓညဝတီလမ်းညွှန်တွင် ဥဿလင်းမြို့သည် တတိယဓညဝတီမြို့မှ ၁၇ တိုင်အကွာတွင်ရှိသော 
မြို့ တစ်မြို့ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
တတိယ ဓညဝတီခေတ်တွင် စန္ဒသူရိယအနွယ် တော် ခြောက်ဆက်မြောက်ဖြစ်သော သူရိယစက္ကမင်း (ဘီစီ-၃၃၂-၂၇၈)သည် ဂေါတမဘုရားရှင်၏ ဗျာဒိတ် အရ ရှင်မဟာတဿနှင့် ဗာကုလာမထေရ်နှစ်ပါးတို့ ပေးအပ်သော ဓာတ်တော်မွေတော် ၂၄၈ ဆူကို ရခိုင် ပြည်အနှံ့ တည်ထားကိုးကွယ်ခဲ့သည်။ ထို့အပြင် ဥဿ လင်းစေတီကို သူရိယစက္ကမင်းကပင် 
သာသနာသက္ကရာဇ် ၂၂၂(ဘီစီ-၃၂၂)တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု 
သမိုင်းမှတ်တမ်းများအရ သိရသည်။
ဥဿလင်းစေတီမှာ ရခိုင်နယ်မြေ၏ မွေတော်ငါးရပ် ဝင်စေတီလည်းဖြစ်သည်။ ရှေးဟောင်းကျောက် စာတစ်ချပ်တွင် ''မွေတော် ငါးရပ်၊ မပြတ်ဆီမီး၊ မသေ စေရ''ဟု ပါရှိသည်။ ထိုမွေတော်ငါးရပ်မှာ ဦးရာဇ်မွေ တော်၊ ကျိန်းမွေတော်၊ ဝေသာလီဘုရားမွေတော်၊ ကျောက်တော်မွေတော်၊ ဥဿလင်းမွေတော်တို့ ဖြစ် သည်။ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်စေတီကား ဦးခေါင်းတည်း။ မင်းပြားမြို့ ကျိန်းတောင်စေတီကား လည်ပင်းတည်း။ မြောက်ဦးမြို့ ဝေသာလီဘုရား မွေတော်ကား သည်းပွတ်တည်း။ ကျောက်တော်မြို့ ကျောက်တော်တောင်စေတီကား ကျောကုန်းတည်း။ ပလက်ဝမြို့နယ် ဥဿလင်းစေတီကား အမြီးတည်း ဟု ပါရှိသည်။
ဥဿလင်းချောင်းစီးဝင်ရာ ဥဿလင်းကျေးရွာ၏အရှေ့ဘက် က္ဆပနဒီမြစ်ကမ်းစေတီတောင်ခြေကိုင်း ပြင်တွင် စေတီကိုအစွဲပြု၍ စေတီကိုင်းအမည်ရှိရွာ တည်ထောင်ထားရှိသည်။ ဥဿလင်းစေတီသည် စေတီ ကိုင်းရွာနောက် တောင်ကုန်းပေါ်တွင် ကိန်းဝပ်သည်။ ဉာဏ်တော် ပေ ၄ဝ မြင့်၏။ ဓာတ်တော်လေးဆူ ကိန်း ဝပ်သည်။ ဝေသာလီ ကျောက်လှေကားခေတ် မဟာ တိုင်းစန္ဒြားမင်း(အေဒီ ၃၂၇-၃၈၄)လက်ထက် တစ်ကြိမ်၊ လေးမြို့ခေတ် ‘ဿရာဇာမင်း(အေဒီ ၁၁၂၃-၁၁၃၉) လက်ထက်တစ်ကြိမ်၊ မြောက်ဦးခေတ် မင်းစောမွန် (အေဒီ ၁၄၃ဝ-၁၄၃၃)လက်ထက် တစ်ကြိမ်နှင့် မင်း ဖလောင်း(အေဒီ ၁၅၇၁-၁၅၉၃)လက်ထက်တွင် တစ်ကြိမ် အသီးသီးပြုပြင်မွမ်းမံခဲ့သည်။
ဤသို့သော သမိုင်းအထောက်အထားအရ ရခိုင်သမိုင်းခေတ်တစ်လျှောက်လုံးမှ အထက်တွင်ဖော်ပြခဲ့ သော မဟာတိုင်းစန္ဒြားမင်း၊ ဒဿရာဇာမင်း ၊ မင်းစော မွန်၊ မင်းဖလောင်းတို့ လက်ထက်တွင် ထိုမင်းများသည် နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်၌ မွေတော်ငါးရပ်ကို အဓိဋ္ဌာန် ဝင်ပြီး ပူဇော်ခဲ့ကြလေသည်။ နောက်ဆုံးတွင် ဥဿ လင်းစေတီ၌ ကိုးရက်(သို့)၄၅ ရက် ဥပုသ်ဆောင်ဝင်၍ အောင်မြေနင်းကြလေသည်။ ထို့ကြောင့် ဥဿလင်း စေတီကား အမြီးတည်းဟု ကျောက်ထက်အက္ခရာတင် ခဲ့ခြင်းဖြစ်သည်။
ဤမွေတော်ငါးရပ်တို့ကို ပြုစုရန် ဦးရာဇ်တောင် စေတီကို ဗုဒ္ဓဟူးသား၊ ကျိန်းတောင်စေတီကို ကြာသ ပတေးသား၊ ဝေသာလီဘုရားကြီးကို အင်္ဂါသား၊ ကျောက် တော်တောင်စေတီကို သောကြာသား၊ ဥဿလင်း စေတီကို တနင်္လာသားတို့က အကြီးအမှူးပြု၍ ထီး၊ တံခွန်၊ ဆီမီး၊ ပေါက်ပေါက်တို့ဖြင့် အမြဲမပြတ် ပူဇော် နိုင်မှသာလျှင် ရခိုင်ပြည်တွင်ရှိ မင်း၊ မူးမတ်၊ ပြည်သူတို့ ဘုန်းကြီးသက်ရှည်စေနိုင်သည့် အကျိုးကျေးဇူး ရရှိစေလိမ့်မည်ဟုလည်း ပါရှိသည်။
အချို့က ဥဿလင်းစေတီကို ကဿပဘုရားရှင် လက်ထက်က အောင်သလင်းစေတီဟု ခေါ်တွင်ခဲ့ ကြောင်း၊ ရှေးရခိုင်ဘုရင်မင်းတစ်ပါး စစ်ချီရာတွင် စစ်နိုင်ပါက ဤနေရာတွင် ဘုရားတည်မည်ဟု ကတိ သစ္စာပြု၍ အောင်မြေနင်းပြီး တိုက်ခိုက်ခဲ့ရာ ခုနစ်ရက် အတွင်း အနိုင်ရခဲ့ကြောင်း၊ အပြန်တွင် စေတီတည် ထားခြင်းဖြစ်ကြောင်း၊ နောက်တွင် ဥဿလင်းမြို့ ဟောင်းနှင့် ဥဿလင်းချောင်းစီးဝင်ရာ က္ဆပနဒီ အရှေ့ဘက်တောင်ကုန်းပေါ်တည်ရှိသည်ကို အစွဲပြု ၍ ဥဿလင်းစေတီဟု ခေါ်တွင်ကြောင်းလည်း အဆို ရှိသည်။
မည်သို့ပင်ဆိုစေ ဥဿလင်းစေတီကို ရခိုင်ဘုရင်တို့ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ပြီးနောက် မည် သည့်အချိန်က ပြန်လည်ပျက်စီးသွားသည်ကို တိကျ စွာ မဆိုနိုင်ကြပေ။ ဤစေတီမှာ စာရေးသူတို့ အရွယ် ရောက်ပြီးသည့်တိုင် ပျက်စီးယိုယွင်းနေသည်ကို တွေ့ရ သည်။


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တပ်မတော်အစိုးရလက်ထက် (၁၉၉၂-၁၉၉၃)တွင် စေတီကို တစ်ဖန်ပြန်လည် မွမ်းမံတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စာရေးသူမှာလည်း ငွေအား၊ လုပ်အား ဒါနအစုစုတွင် ပါဝင်ကုသိုလ်ယူနိုင်ခဲ့သည်။ စေတီ တော်ကြီး ပြန်လည်တည်ဆောက်ပြီးစီးသည့်နောက်တွင် ရွှေရောင်တဝင်းဝင်းနှင့် သပ္ပာယ်စွာဖြင့် အဝေး ကပင် လှမ်းမြင်ဖူးတွေ့နိုင်သည်။ စေတီတော် ထီးတော် တင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည်။ ပွဲတော်သို့ စာရေးသူ အခွင့် မသာ၍ မရောက်နိုင်ခဲ့ပေ။ ၁၉၉၄ ခုနှစ် တာဝန်ဖြင့် ခရီးသွားသည့်အချိန်မှသာ စေတီတော်ကြီးတည်ရှိရာ တောင်ကုန်းရင်ပြင်သို့တိုင် သွားရောက်ဖူးမြော်ခွင့် ရရှိခဲ့သည်။

 ရခိုင်ရှေးဟောင်းသမိုင်းဝင် ဥဿလင်း စေတီမှာ ဆီမီးမပြတ်တော့ပါ။ ဓာတ်တော်ရောင်ခြည် သည်ပင် ကွန့်မြူးလျက်ရှိနေပေပြီ။ 
ရခိုင်ပြည်နယ်၏ ရှေးဟောင်း သမိုင်းဝင် မွေတော်ငါးရပ်ဝင် ဥဿလင်းစေတီတော် မြတ်ကြီးသို့ သဒ္ဓါကြည်ညိုစိတ်ဖြင့် တစ်ခါတစ်ခေါက်၊ အဆွေရောက်ဖို့၊ ကြိုထောက်အသင့် ပြင်ဆင်နှင့် လျက် ခွန်းဆင့်ဖိတ်ခေါ်လိုက်ပါရစေ။ ။