Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် မနုဓမ္မသတ်ကျမ်း



ရက္ခိုစာ ဆိုတာ ဘယ်လိုလဲ့။
ရက္ခိုင်ပြည် ပျက်ပြီးခါစ ၁၇၉၀ လောက်မှာ British Surveyor John Murray က ရက္ခိုင်ကျမ်းစာ (Arakanese/ Mughi Manuscript) တွေကို စုခဲ့ပါတယ် ။ အဲ့ဒါတွေကို ယခုခါမှာ British Library မှာ သိမ်းလို့ရှိပါတယ်။ ဒီဟာတွေက အမှန်တကယ် ကျန်ခဲ့တဲ့ နောက်ဆုံး ရက္ခိုင်စာ အထောက်အထားတွေ ဖြစ်ပါတယ်။ 

British Library ဆိုတာ သူတို့ စုဆောင်းထားတဲ့ items သန်းပေါင်း ၁၅၀ လောက်ထဲက ​ရွေးချယ်​ပြီးတော့ Digitised လုပ်ပြီးတော့ Online Publish လုပ်ပါတယ်။အဲ့ထဲမှာ ဒီ ရက္ခိုင်ကျမ်းစာ ဆိုတာလဲ တစ်ခု အပါ ဖြစ်ပါတယ်။ ဒေ manuscript မှာ မနုဓမ္မသတ်ကျမ်း( Dharma Śatra of Manu) ရက္ခိုင်မူကို ရေးထားပါတယ်။ အက္ခရာပုံကတော့ မြောက်ဦးခေတ်မှာ ရက္ခိုင်စာ ရေးတဲ့ပုံ ၂ မျိုးရှိတဲ့အထဲက တစ်မျိုးဖြစ်ပါတယ်။ 

ရက္ခိုင်စာ ပဇောင်ပိုင်ဟိခလဲ।မည်သည်သျှောင်လဲ တစ်ချက် ကြည့်ကတ်ပါ ပလင်။

http://www.bl.uk/manuscripts/Viewer.aspx?ref=add_ms_12254_f001r
(ဒီ link မှာ စဆုံး ဖတ်လို့ ရပါတယ်)

Credit.. Remrat Mog








Comments