Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရက္ခဝဏ္ဏ အက္ခရာ (ခေါ်) ရခိုင်စာပေ (သို့မဟုတ်) မြန်မာစာ


ရက္ခဝဏ္ဏ အက္ခရာ (ခေါ်) ရခိုင်စာပေ (သို့မဟုတ်) မြန်မာစာ
®®®®®®®®®®®®®®®



ဒုတိယ ဝေသာလီခေတ် နှောင်းပိုင်းတွင် ရက္ခ၀ဏ္ဏအက္ခရာ ပေါ်ပေါက်လာပါသည်။ ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ AD အထိဖြစ်သည်။

ယင်းနှောင်းခေတ်ပိုင်းတွင် တွေ့ရသော ရက္ခ၀ဏ္ဏအက္ခရာပါ ကျောက်စာများမှာ
ယေဓမ္မာဂါထာပါ ကျောက်စာ (ယခုမြောက်ဦးပြတိုက်)။

ဝေသာလီမှ ကြိခ်ျမော်ရုပ်ပလ္လင်စာ(ယခုမြောက်ဦးပြတိုက်)။

အာယနာကောင်း မှုတော် ကြီးဆီမီးခွက်စာ (ယခုရန်ကုန်)။

ကျောက်တော် အုတ်ပုံတော်ဘုရားမှ အုပ်ခွက်ဘုရားစာ (ယခုရန်ကုန် ရှေးဟောင်း သုတေသနဦးစီးဌာန)။

ယေဓမ္မာပါ ကြေးပုရပိုက်နှစ်ချပ် ( ဦးကေသာရ မင်္ဂလာသုခကျောင်း၊ ရန်ကုန်)....စသည်ဖြင့် ရက္ခ၀ဏ္ဏအက္ခရာ ရှိပြီး ၊ စာများဖြစ်ကြောင်းကို ဦးဦးသာထွန်း၏ ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်ရာ(လက်ရှိမူ)တွင် ဖော်ပြထားသည်။

ထို့နောက် ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်လာပုံကို ဖော်ပြရာတွင် အက္ခရာဟူသည် (အတ္ထော အက္ခရာ သညာတော)ဟူသည့် ပါဋ္ဌ်အရ သင်္ကေတ အမှတ်အသားအားဖြင့် အနက်အဓိပ္ပါယ်ကို သိသာရန် အမှတ်သညာ တစ်ခုအနေနဲ့ အက္ခရာဝဏ္ဏစာလုံးတို့ကို ပြုပြင်ထားရသည်ဟု ဆိုလိုသည်။ 
လူမျိုးကိုသော် လည်းကောင်း၊ တိုင်းပြည် ကိုသော် လည်းကောင်း အစွဲပြု၍ စာပီများ ဖြစ်ပေါ်သည့်နည်းတူ ရက္ခိုင်တွင်လည်း ရက္ခသဒ္ဒါကို အစွဲပြု၍ ရက္ခ=ရခိုင်+၀ဏ္ဏ=အက္ခရာစာလုံး>>>ရခိုင့်အက္ခရာစာလုံး ဖြစ်လာသည်ဟု ဆိုပါသည်။ 
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ ရက္ခတိ>ရက္ခိုင်ဆိုသော နာမ ၀ိသေသအတိုင်း 
“အမျိုးသီလ၊နှစ်ဌါနကို၊ ၊ပြည့်ဝမဏ္ဏိုင်၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ.့မည်လှဖြင့် အနွတ္တ သညာ ခေါ်အပ်ရာတည်း”လို့လည်း အသျှင် နာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားရှိကြောင်းကို တွေ.ရှိနိုင်သည် ၊ ထိုးကြောင်း ရခိုင်​ ဆိုတာ ရက္ခိတ ကလာတယ် ။

( အထက်မှာ ဆိုခဲ့သည့်အတိုင်း .. စာပေ အက္ခရာတို့ကိုလည်း ရက္ခိုင်တွေ ပြုပြင်လုပ်လာသောကြောင်း ရက္ခတိမှလာသော ရခိုင် နာမ်စား>ရက္ခ + အက္ခရာ> ဝဏ္ဏ ၊ ရက္ခဝဏ္ဏ အက္ခရာဟု အမည်တွင်စေသောဝ်..)

.ဤနေရာမှာ ဝဏ္ဏဆိုတဲ့ အရာသည် ဗျည်း အသံနှင့် သရ အသံရင်တိုကိုဖွဲ့စည်းပေးသော စကားသံ တစ်သံတည်း (သို့မဟုတ်) ဝဏ္ဏ တစ်ခုတည်းရှိသောကြောင်း ဧကဝဏ္ဏ
Monosyllable. ဟုခေါ်သည် ။

လူ ဆိုသော ဝဏ္ဏတစ်ခု ၊ နာ ဆိုသော ဝဏ္ဏတစ်ခု ဤ ဝဏ္ဏ နှစ်ခုကို ပေါင်းစည်း၍ လူနာ ဆိုသော ဝဏ္ဏ နှစ်ခုပါ စကားလုံးမျိုးကို ဗဟုဝဏ္ဏ (polysyllable ) ဟုခေါ်သည်။

ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ AD အထိဖြစ်ပါသည်။ အေဒီ ၆-ရာစုတွင် သိန်ကန်မိန် ရွှန်းလိုက်ရတုကို သုဝဏ္ဏဒေ၀ီခေါ် စောပြည့်ညိုသည် ရခိုင်စာဖြင့် ရေးဖွဲ့ခဲ့ပါသည်။ ၄င်းရတုနဲ့ ပတ်သတ်၍ ဦးအောင်သာဦး မှတ်ချက်ပေးထားသည်မှာ အထက်ပါ ရွှန်းလိုက်ရတုသည် ရာဇ၀င် အထောက်အထား အဖို့သာမဟုတ်။ ရခိုင့်စာပေ အထောက်အထားအဖို့လည်း အလွန်အရေးပါသော ရတုဖြစ်သည်။ ဤရတုသည် သက်ဆိုင်နေသော အိမ်ရှေ့သား အဖို့ကိုထားဦး၊ မသက်ဆိုင်သူ အပြင် လူများ၏ စိတ်ကိုပင် ညွတ်နူးအောင် ဆွဲဆောင်ထား၏။ သိမ်မွေ့သော အနက်အဓိပ္ပါယ်၊ ယဉ်ကျေးသော စကားလုံးအသုံးအနှုန်းတွေကို မြင့်မြတ်သော စိတ်ထားနဲ့ ရေးထားကြောင်း တွေ့ရ၏။ သို့ဖြစ်၍ ထိုခေတ် ထိုအချိန်မှာ ရခိုင့်စာပေ အဆင့်အတန်း မည်သည်လောက် မြင့်မားနေပြီးဖြစ်ကြောင်း သတိချပ်အပ်သည်။ ဤလောက် အဆင့်အတန်းမြင့်သော ကဗျာဖြစ်အောင် ရေးထားခဲ့သော ရခိုင်စာပီသည် ရှေး ဘယ်ခေတ် ဘယ်အချိန်ကပင် ပေါ်ပေါက်နေလိမ့်မည်ကို သီဟိုဠ်ခေတ် စတုတ္ထအကြိမ် ပေထက်အက္ခရာဖြင့် သင်္ဂါယနာ တင်နိုင်သော စာပေအဆင့်တန်းနဲ့ နှိုင်းယှဉ်၍ စဉ်းစားကြည့်စေလိုသည်ဟု ဖော်ပြထားသည်။

#(၈)ရာစု အစောပိုင်းတွင် ပေါ်ထွန်းသော သိန်ကန်မိန်ရတုသည် အစောဆုံး ရက္ခ၀ဏ္ဏအက္ခရာ စာပေဖြစ်သည်ဟု မြန်မာစာ ညွန့်ပေါင်းကျမ်း(ပထမတွဲ)မှာ ဖော်ပြထားပါသည်။

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် ပေအမှတ် ၁၄၇၉၄-ရာဇသံနဲ့ စောပြည့်ညိုရတု (ပေမူ)(ရခိုင့်မူ)ဟု မှတ်တမ်းပြုထားသည်။ (မှတ်ချက်-စာဖတ်သူအမျာစုတို့ တွေနေရသော သိန်ကန်မိန်ရတုသည် မြန်မာမူ ဖြစ်နေသည်ကို သတိထားသင့်သည်။ ရခိုင်စာနဲ့ ရခိုင်မူ ရှိနေပါသည်)။ 

©မေဓပညာမော်ကွန်းလင်္ကာ(ပေမူ)ကို အေဒီ ၆၇၈-၆၉၄၃ အတွင်းတွင် ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရေးစပ်ခဲ့ပါသည်။ ဗျည်း ၃၃ လုံး
လှေတော်သံ(ဓမ္မဇေယျအမတ်ကြီး)၊ စန္ဒြမင်းဘွဲ့တို့ ကိုလည်း ဝေသာလီခေတ်တွင် ရခိုင်စာပေဖြင့် ရေးစပ်ခဲ့ပါသည်။

အဆိုပါ ရက္ခဝဏ္ဏအက္ခရာ ဖြစ်တည်လာတဲ့ဆိုသောအချက်ကို ဘယ်သူတီထွင့်ခဲ့သလဲ့ဆိုတာကို ခြေရာခံကြည့်တဲ့အခါမှာလည်း ဝေသာလီနှောင်းပိုင်းမှာ ရက္ခဝဏ္ဏအက္ခရာ စတင်ဖြစ်တည်လာတယ်လို့ ဦးအောင်သာဦး၊ အသျှင်ဝါသဝ၊ ကျော်ထွန်းအောင်(မြောက်ဦး)၊ ဦးဦးသာထွန်း၊ ဦးရွှေဇံ၊ အသျှင်စက္ကိန္ဒရို့၏ ပြုစုသော စာပေစာအုပ်ထဲမှာ တွေ့ရပါတယ်။ 
ကျမ်းထဲက အကိုးအကားကို လိုက်ရှာကြည့်ရာ အမတ်ကြီးဓမ္မဇေယျက တည်ထွင်ခဲ့တယ်လို့ ဦးရွှေဇံပြုစုရေ ရခိုင်သမိုင်းအလင်းပြကျမ်း၊ စာ-၇၂၁ မာ တွေ့ရပါတယ်။ 

လေးမြို့ခေတ်(အေဒီ ၈၁၈-၁၄၃၀)နန့် ပုဂံခေတ်(အေဒီ ၁၀၄၄-၁၂၈၇)ရေ ခေတ်ပြိုင်ဖြစ်ပါတယ်။ ပုဂံခေတ်တွင် ဗမာသမိုင်း ခေတ်အစဖြစ်ပါတယ်။ အနောရထာခေတ် အေဒီ ၁၀၄၄ ၊ မတိုင်မီကတည်းက ရခိုင်ပြည်တွင်

ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ AD အထိဖြစ်ပြီး ။ ၄င်း ခရစ်နှစ် ၃၂၇ ခု ကနေပြီး နှောင်းပိုင်း ရက္ခဝဏ္ဏအက္ခရာပါ စာပေ အထောက်အထားတွေမှာ>>>

(၁) ယေဓမ္မာဂါထာပါ ကျောက်စာ (ယခုမြောက်ဦးပြတိုက်)

(၂) ဝေသာလီက ကြိခ်ျမော်ရုပ်ပလ္လင်စာ( ယခုမြောက်ဦးပြတိုက်)

(၃) အာယနာကောင်းမှုတော် ကြီးဆီမီးခွက်စာ( ယခု ရန်ကုန်)

(၄) ကျောက်တော်အုတ်ပုံတောင်ဘုရားက အုတ်ခွက်ဘုရားစာ( ယခု ရန်ကုန် ရှေးဟောင်းသုတေသန ဦးစီးဌာန)

(၅) ယေဓမ္မာဂါထာပါ ကြီးပုရပိုက်နှစ်ချပ် (ဦးကေသရ၊ မင်္ဂလာသုခကျောင်း၊ ရန်ကုန်)

(၆) ဝေသာလီခေတ် သိန်ကန်မိန်အစချီရတု (မြန်မာစာညွန့်ပေါင်း၊ ပတွဲ)၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ ပေအမှတ်(၁၄၇၉၄-ရာဇသံနဲ့ စောပြည့်ညိုရတု(ပေမူ)၊ (ရခိုင်မူ) လို့ မှတ်တမ်းပြုထားပါ တယ်။

(၇) မေဓပညာမော်ကွန်းလင်္ကာ(ပေမူ) (အေဒီ ၆၇၈-၆၉၄ အတွင်း)

(၈) ဗျည်း (၃၃)လုံး လှီတော်သံ (ဓမ္မဇေယျအမတ်ကြီး၊ ဝေသာလီခေတ်)
စန္ဒြမင်းဘွဲ့(ဓမ္မဇေယျအမတ်ကြီး၊ ဝေသာလီခေတ်)

(၉) စူဠမဟာရာဇာ ဆိုပြီးကေ ရက္ခဝဏ္ဏအက္ခရာပါ ဒင်္ဂါးစာ

(၁၀) ဝေသာလီမြို့ရိုးကျောက်စာ၊ အေဒီ ၈ ရာစု( မြောက်ဦးမြို့၊ ရှိဟောင်းသုတေသနပြတိုက်၊ အမှတ်-၁၈၁)

(၁၁) နားပိတ်တော်စာတီက အလှူမှတ်တမ်းကျောက်စာ၊ အေဒီ ၈ ရာစု၊ မြောက်ဦးမြို့(ရှိ/သု)ပြတိုက်၊ အမှတ်-၂၄၅။

အထက်ပါ စာပေအထောက်အထားတွေဟာ ပုဂံခေတ်မှာ ဗမာအက္ခရာနန့် အရင်ဆုံးတွေရသော ရာဇကုမာရ်(ခေါ်) မြစေတီကျောက်စာထက် နှစ်ပေါင်း (၄၀၀ ၊ ၅၀၀)ကျော် ရှေးကျနေသေးတယ်ဆိုတာ သက်သေ ဖြစ်ပါတယ်။ 

သမိုင်းကိုလိမ်လည်ရေး
သား၍မရသကဲ့သို့ သမိုင်းကို ကြံဖန်ရေးသား သူများကိုလည်း သမိုင်းတရားခံ အဖြစ် စွပ်စွဲကြရမည်သာဖြစ်ပေသည်၊၊ 
လိုချင်သလို ဆွဲယူရေးသားပြီး။ မလိုအပ်သည့်အခါအဖြစ်မှန်များကို ပယ်လွှဲဖျောက်ဖျက် 
မျက်ကွယ်ပြုခြင်း၊အဆက်အစပ်မရှိဘဲ အကြောင်းအရာတစ်ခုမှတစ်ခုသို့ ခုန်ကျော်ရေးသားခြင်းများသည်ကား အတ္တစွဲသမားများ၏ လုပ်ကြံဖန်တီးမှုသာဖြစ်သည်။ ယင်းကို သမိုင်းဟုပြောရ လောက်အောင်အဆင့်မရှိသော၊ အခြေအမြစ်မရှိသော၊
အဓိပ္ပါယ်မဲ့လုပ်ရပ်ဟု မုချယုံကြည် ကြရမည်ဖြစ်သည်။

လူသတ္တ၀ါနှင့်တိရိစ္ဆာန် အမျိုးမျိုးတို့ကား တိကျသောအမည်ရင်းတစ်ခုစီ အသီးသီး ရှိကြစမြဲ ဖြစ်သည်။
နှစ်ပေါင်းများစွာကြီးမြင့် ကြာရှည်လာပြီးမှ ငါ့အမည်ကား “A” မဟုတ်ပါ ၊ “B” သာလျှင်ဖြစ်သည်ဟု 
အများပြည်သူထံကြွေးကြော်တောင်းဆို ငိုကြွေးနေရပါလျှင်
ထိုအမည်နာမ မစစ် မြစ်သူ၏ အကြောင်းဇစ်မြစ်ကို ကြားသူတိုင်းက၀ိုင်းဟား ရယ်မောကြမည်သာဖြစ်သည်၊ ကြားသူတိုင်းကလည်း မင်းမိဘကိုတွေ့‹အောင်ရှာပြီး သွားမေးလိုက်ပါလားဟုသာ အဖြေပေးကြရလိမ့်မည်။

������������������
Zaw Win ( ဓညဝတီတိုင်း )













Comments