Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာရီယန်​အ​ရေးအသား ဗြဟ္မီအက္ခရာ

အာရီယန်​အ​ရေးအသား ဗြဟ္မီအက္ခရာ

အိန္ဒိယတိုက်၏ ရှေးအကျဆုံးသော အရေးသားမှာ အိန္ဒုမြစ်ဝှမ်း ဟာရပ္ပါမြို့​ဟောင်းအနံ့အပြား​ဒေသတို့တွင်​​ကျောက်​တုံး သို့မဟုတ်​ ​ကြေးပြားတို့တွင်​ တံဆိပ်​တုံးက​လေးများ​ပေါ်မှ အရုပ်စာဖြစ်သည်​ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုသည် ဘီစီ ၃၀၀၀ မှ ဘီစီ ၁၇၀၀ ထိ ထွန်းကားခဲ့သည်​၊

ဘီစီ ၃၀၀၀ မှ ဘီစီ ၃၀၀ အတွင်း မည်​သည့်​အ​ရေးအသားကိုမျှမ​တွေ့ရ​သော်​လည်း ​ဗြာဟ္မဏစာ​ပေ ​ဝေဒကျမ်းဝါသိဌဓမ္မသုတ္တ၏စာပေမှတ်တမ်းများကို ​တွေ့ရှိရသလို ဘီစီ ၄၀၀ ခန့်​တွင်​​ပေါ်​ပေါက်​ခဲ့​သော ပါဏိနိသဒ္ဒါကျမ်းတွင်​ စာ​ရေးဆရာများဟူ​သော သမာသ်​ပုဒ်​များကို​တွေ့ရှိရသည်​ ဗုဒ္ဓ​ခေတ်​တွင်​ အက္ခရိကဟူ​သော ကစားနည်းတစ်​မျိုးကို​တွေ့ရှိရသည်​ ​ကောင်းကင်​၌​သော်​လည်း​ကောင်း မိမိ​နောက်​​ကျော၌​သော်​လည်း​ကောင်း တစ်​ဦးတစ်​​ယောက်​၏ ​ရေးသား​သော အက္ခရာများကို​ဖြေဆိုရ​သော ကစားနည်းဖြစ်​သည်​ထို့ကြောင့်​ ပညာရှင်များမှ ဘီစီ ၇၀၀ ​လောက်​တွင်​ ​ပေါ်​ပေါက်​ခဲ့သည်​ဟု ယူဆခဲ့ကြသည်​၊

ဘီစီ ၅၀၀ ထက် မစောနိုင် ဘီစီ ၅၀၀ /ဘီစီ ၄၀၀ တို့တွင် ကျောက်ထက်အက္ခာရာတင်၍မရှိ အချိန်ကာလအတိအကျသတ်မှတ်နိုင်သော အစောဆုံး အရေးသားကို ဘီစီ ၃ ရာစု တွင်ရေးထိုးသော အာသောက ကျောက်စာများတွင်သာတွေ့ရှိရသည်၊

ဘီစီ ၃ ရာစု တွင် အသောကကျောက်စာ အရေးအသားများကို ​ကျောက်​တုံး ​ကျောက်​တိုင်​ ​ကျောက်​ဂူများတွင်​  ဗြဟ္မီ နှင့် ခရောသျှဋ္ဌိ တို့
အ​​ရေးအသားများအပြင်​ အရမိ နှင့်​ ဂရိ အရေးအသားများဖြင့်လည်း​​တွေ့ရှိရသည်၊

ခရေသျှဋ္ဌိ

ခရေသျှဋ္ဌိ အရေးသားသည်ဗြဟ္မီအသုံးပြုသာ ဗျည်းများနှင့်သရများကိုသုံးသော်လည်း စာလုံးများကိုညာဘက်မှဘယ်ဘက်သို့ရေးသည်ဖြစ်၍ အာရေဗျပြည်မှ ဆီးမိုက်လူမျိုးတို့၏ ဆီမက်တစ်စာများမှဆင်းသက်သည်ဟုယုံကြည်ကြသည် ဘီစီ ၃ ရာစု မှ အေဒီ ၃ / ၄ ရာစုထိ အိန္ဒိယ၏ အနောက်မြောက်ဘက်တွင်သာအသုံးပြုခဲ့သည်၊

ဗြဟ္မီအက္ခရာ

ဗြဟ္မာကြီးတစ်ဦးမှ သက္ကဋ ဘာသာ​ရေးသားရန်​ တီထွင်ခဲ့သည်ဟုယုံကြည်ကြ​သော​ကြောင့်​ ဗြဟ္မီဟု အမည်​​ပေးခဲ့သည်​ဟု ယူဆရသည်​၊

ဗြဟ္မီ အရေးသားသည် အီဂျစ် မက်ဆိုပိုတေမီယား တရုတ်အရေးသားများ ကဲ့သို့ အရုပ်စာမှဆင့်ကဲပေါက်ဖွားလာသည်ဟု ယုံကြည်ကြသည် ဗြဟ္မီအက္ခရာသည် အိန္ဒုမြစ်ဝှမ်း အရုပ်စာကို အခြေခံသည်ဟု ခန့်မှန်းကြသည်၊
ခရေသျှဋ္ဌိအရေးသားသည်စာလုံးများကိုညာဘက်မှဘယ်ဘက်သို့ရေးပြီး ဗြဟ္မီအ​ရေးအသားသည်​ စာလုံးများကို ဘယ်​ဘက်​မှညာဘက်​သို့​ရေး​သော အ​ရေးအသားဖြစ်​သည်​၊

ဦးစံသာအောင် ​ဒေါက်​တာသန်းထွန်း နှင့်​ ပညာရှင်အများက ဗြဟ္မီအက္ခရာ မူရင်းအတိုင်းကို ၃ ရာစု ဘီစီမှ ၂ ရာစု အေဒီအထိ သုံးစွဲခဲ့ကြကြောင်း အတိအကျ ရေးသားခဲ့ကြသည်၊

ဗုဒ္ဓစာ​ပေအ​ရေးအသားနှင့်​ပတ်​သတ်​၍ ဗြဟ္မီ္မီအက္ခရာကို ခိုင်​လုံ​သော အ​ထောက်​အထားများအဖြစ်​ သီဟိုဠ်​တွင်​ ဝဋဂါမဏိမင်းလက်​ထက်​ စတုတ္ထသင်္ဂါယနာတွင်​ ​ပေထက်​အက္ခရာတင်​​သော တိပိဋက​တော်​တွင်​ ပိုမိုကျယ်​ပြန့်​စွာ​တွေ့ရှိရ​ကြောင်း ​ဒေါက်​တာ​ဇော်​ထွန်းမှ​ရေးသားပါသည်​၊

ဓညဝတီ ရဲ့ ဗြဟ္မီအက္ခရာက အေဒီအစပိုင်းဖြစ်ကြောင်း ပိုထင်ရှားပါတယ် ကမ္ဘာသုတေသီများဖြစ်ကြတဲ့ Christmas Humphreys / V.A smith နှင့် ဦးစံသာအောင် အစရှိသော မြန်မာပညာရှင်များလည်း ဆင်းတုတော်ပြုလုပ်ကိုးကွယ်မှုသည် အေဒီ ၁ ရာစုအကုန်တွင်မှ အိန္ဒိယနိုင်ငံမှ အစပြုခဲ့ကြောင်း ထို့ကြောင့် ရခိုင်မှ ဆင်းတုတော် ဗိုက်ပူဘုရားကျောက်စာ ပါဠိဘာသာပါ သစ္စကပုရဗိဧကဇိန ဗြဟ္မီအက္ခရာ သည် အေဒီ ၂ ရာစုတွင်းဖြစ်ကြောင်းအခိုင်အမာယုံကြည်ခဲ့ကြသည်၊

အာသောကခေတ် ဗြဟ္မီအက္ခရာဖြင့် ရေးထိုးခဲ့သောစာများမှာ ပါဠိ ဘာသာမဟုတ်ပဲ မဂဓိဘာသာဖြင့်ရေးထိုးခဲ့ခြင်းဖြစ်​ကြောင်း
ဗုဒ္ဓစာပေသမိုင်းတွင် ထေရဝါဒဂိုဏ်းသည် ပါဠိစာပေကိုစတင်သုံးစွဲသည်မှာ သီဟိုဠ်ကျွန်းတွင် စတုတ္ထသင်္ဂါယနာတင်သည့် အေဒီ ၇၈ နောက်ပိုင်း အေဒီ ၁ ရာစုတွင်အစောဆုံးအသုံးပြုခဲ့သည်ကို (ပါမောက္ခ ဒေါ်အုန်း ၏ ပါဠိစာပေသမိုင်း / ရှင်ဇာဂရာဘိဝံသ ၏ အိန္ဒိယစာပေသမိုင်း (ဗုဒ္ဓစာပေကဏ္ဍ)တွင် ပါဠိ နှင့် မဂဓိ မတူညီကြောင်း အကျယ်​ကို ရှုပါ၊

မာဂဓီ နှင့် ပါဠိ

ဗုဒ္ဓ ဟော်ကြားတော်မူခဲ့သောတရားတော်များကို စုစည်းထားသည့် ပိဋကတ်တော်များကို ပါဠိတော်ဟူ၍ အထွဋ်အမြတ်ထားပါသည် ဗုဒ္ဓ တရားဟောကြားတော်မူခဲ့သည့်ဘာသာစကားကို မာဂဓိ သို့မဟုတ် ပါဠိဘာသာစကားဖြစ်သည်ဟုဆိုကြသည် ဗုဒ္ဓ လက်ထက်တော်အချိန်က မဂဓတိုင်း ကောသလတိုင်းတို့တွင်ပြောဆိုကြသော ဘာသာစကားကိုမဂဓီဘာသာဟုခေါ်သည်၊

ဗုဒ္ဓဘာသာသုံး မဂဓီဘာသာကို ဂျိန်းဘာသာပိဋကတ်တော်များရေးထားသည့် အဒ္ဓ မဂဓီဘာသာနှင့်ခွဲခြားနိုင်ရန် သုဒ္ဓ မဂဓီဟုရေးသားကြသည်လည်းသိရသည် ပါဠိအဘိဓါန်တွင် ပါဠိ အနက်အဓိပ္ပါယ်ကို ဗုဒ္ဓ၏စကားစဉ်ကို စုစည်းထားသောကြောင်း ပါဠိ ဟုခေါ်ဆိုကြောင်းဖွင့်ဆိုပါသည် ထေရဝါဒအစဉ်လာရ ပါဠိ ကို မာဂဓနိရုတ္တိဘာသာဟုခေါ်သည်၊

ပညာရှင်အချို့က မာဂဓီ နှင့် ပါဠိ တူညီသည်ဆိုသည်ကို ဗုဒ္ဓ စာပေ သုတေသီတို့က မတူညီကြောင်းပြဆိုထားသည်ကိုတွေ့ရှိရပါသည်

Wedtergaard နှင့် E Kuhn တို့က ပါဠိဘာသာကို ဥဇ္ဇေနီပြည်သုံးဘာသာစကားဖြစ်သည်ဟုဆိုပါသည် အဘယ်ကြောင့်ဆိုသော ပါဠိဘာသာသည် Gujrat ရှိအသောကကျောက်စာများတွင်အသုံးပြုထားသည့်ဘာသာစကားနှင့်အနီးစပ်ဆုံးတူညီသည်ဟုဆိုပါသည်၊ Welhelm Geiger ကပါဠိသည် မာဂဓီပွားဖြစ်သည်ဟုဆိုပါသည်၊ E. Windisch က မာဂဓီဘာသာသည် ပါဠိ၏အခြေခံအုတ်မြစ်ဖြစ်သည်ဟုအခိုင်မာဆိုပါသည်၊

ပါဠိဘာသာသည် အိန္ဒိယနိုင်ငံမှမူလအခြေပြု၍ ပြန့်ပွားခဲ့သောဘာသာစကားဖြစ်ပြီး သီဟိုဠ် တွင် ဘီစီ ၆၀ တွင် အသေချာပြုစုပြီး ပေထက်အက္ခရာ တင်ပြီးမှသာလျှင် ထင်ရှားကျော်ကြားခဲ့၏ ပါဠိ သည် သီဟိုဠ်တွင် စတင်ကျယ်ပြန့်ခဲ့မှုကြောင့် ပါဠိဘာသာသည် မဂဓီဘာသာမှခွဲထွက်ကာ ပါဠိ၏မူလဘူတသည် သီဟိုဠ် ဖြစ်သည်ဟု ပညာရှင်အချို့ကဆို၏ သီဟိုဠ် သို့ဗုဒ္ဓသာသနာဖြန့်ချီခဲ့သော ရှင်မဟိန္ဒထေရ် ပြောကြားသောဘာသာစကားမှာ ဥဇ္ဇောနီပြည်သုံးဘာသာစကားဖြစ်သည် သီဟိုဠ် ဘာသာစကားသည် ပါဠိ နှင့်နီးစပ်သည်အမှန်ဖြစ်၏ ဥဇ္ဇောနီတိုင်းဖွား ရှင်မဟိန္ဒထေရ်၏ဖြန့်ချီမှု့ကြောင်း သီဟိုဠ် တွင်လွမ်းမိုးခဲ့သည်ဟု Winterniz နှင့် Geiger တို့ကသုံးသပ်၏၊

ပါမောက္ခ ဒေါက်တာဒေါ်အုန်းမှ အိန္ဒိယ အရှေ့ပိုင်းတွင်တွေ့ရသော ကျောက်စာများ မာဂဓီပိုဒ်များပါဝင်သော နှောင်းခေတ်သက္ကတစာပေများအရ ပါဠိ နှင့် မဂဓီ ကွဲလွဲကြောင်း ဥပမာ_ကတ္တုကာရက ဧကဝုစ်ကိန်းပုလ္လိင်နာမ်များအတွက် မာဂဓီတွင် ဧ နှင့်ဆုံး၍ ပါဠိ တွင် သြ သို့မဟုတ် အံ တို့ဖြင့်ဆုံး၏ မာဂဓီ ပုတ္တေ မှာ ပါဠိ ပုတ္တော ဖြစ်၍ မာဂဓီ သုခေ မှာ ပါဠိ သုခံ ဖြစ်သည ၎င်းအပြင် ဤဘာသာနှစ်ရပ်လုံးပင်သက္ကဋမှဆင်းသက်လာခြင်းဖြစ်ပြီး သက္ကဋ သ သုံးမျိုးကို ပါဠိတွင် ဒန္တဧ သွားသံ သ တစ်လုံးတည်းဖြင့်ဆုံးပြီး မာဂဓီတွင်မူ သမှာမုဒ္ဓဇအာခေါင်ဦးသံတစ်ခုတည်းဖြစ်သည်ဟုသက်သေပြထားချက်များအရမာဂဓီနှင့်ပါဠိကွဲလွဲမှုရှိကြောင်းတွေ့ရှိရသည်၊

ဗြဟ္မီပွားအက္ခရာများ

ကုသျှန အရေးသား (အေဒီ ၃ ရာစု)

ကူရှန်များဝင်ရောက်တိုက်ခိုက်သဖြင့် မောရိယအင်ပါယာပြိုကွဲပြီး အေဒီ ၃ ရာစုထိ ကူရှန်မင်းများစိုးစံခဲ့သည် ယင်းတို့၏ အကျော်ကြားဆုံးမင်းမှာ ကနိသကမင်းဖြစ်သည် ကူရှန်မင်းများလက်ထက်တွင် ဗြဟ္မီအက္ခရာကို အဆင့်တဆင့်ပြောင်းလှဲလာခဲ့သည် ယင်းအချိန်ကာလကို တိကျစွာသတ်မှတ်နိုင်သောကြောင့် ဗြဟ္မီပွားအက္ခရာကို ကူရှန်း သို့မဟုတ် ကုသျှန အရေးသားဟုခေါ်ကြသည်၊

ဂုပ္တအရေးသား

အေဒီ ၄ ရာစုတွင် ဂုပ္တမင်းဆက်တို့ နယ်ချဲ့ပြီး အင်ပါယာ ထူထောင်လာခဲ့သည် အေဒီ ၆ ရာစုတွင် ဂုပ္တမင်းဆက်တို့ အင်ပါယာပြိုကွဲခဲ့သည် ယင်းခေတ်တွင်ရေးသားသောအရေးသားမှာ ကုသျှန အရေးသားမှ ပြောင်းလဲလာသောအရေးသားဖြစ်သည် ဂုပ္တအရေးသား ဟုခေါ်ကြသည်၊

အေဒီ ၈ ရာစုတွင် ဒေသအလိုက် ကွဲပြားသော အက္ခရာများအဖြစ်​ ပြောင်းလဲလာခဲ့ပါသည်၊

ယသောဒမန်အရေးသား
ဟာဿအရေးသား
ပါလအရေးသား
သေနအရေးသား
ပလ္လံဝအရေးသား
ကာဒံဗအရေးသား... စသည်​တို့ဖြစ်​သည်​၊

ဗြဟ္မီအက္ခရာမူရင်း​ကို ဗုဒ္ဓ အ​သောက​ခေတ်​ဟု မှတ်မယူ​သင့်​ပါ ​အေဒီ ၂ ရာစုအထိအသုံးပြု​ကြောင်း​တွေ့ရပါသည်​။

ပြည်​ထူးစံ

ကိုးကား_
ဦးစံသာအောင်_​အေဒီ ၆ ရာစုနှင့်​ ယင်းမတိုင်​မီ ရခိုင်​ပြည်​သုံးအက္ခရာ
ဒေါက်​တာ​ဇော်​ထွန်း_အာရိယန်​အ​ရေးအသား အနုပညာ
ဒေါက်​တာသန်းထွန်း_မြန်​မာရာဇဝင်​စစ်​တမ်း/စာ​ရေးနည်းပညာ စာမျက်​နှာ ၁၀၀
ဒေါ်အုံး_ပါဠိစာ​ပေသမိုင်း
ရှင်ဇာဂရာဘိဝံသ(ပြန်​)_အိန္ဒိယစာပေသမိုင်း (ဗုဒ္ဓစာပေကဏ္ဍ)

ပြည်ထူးစံ
မြောက်​ဦး ​ရှေး​ဟောင်းယဉ်​​ကျေးမှုနယ်​​မြေ

Comments