Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗမာစာ ဟု မှားယွင်း ပြောဆိုနေခြင်း

ဗမာစာဟု မှားယွင်း ပြောဆိုနေခြင်း
===========

စာပေလောကမှာ ဗမာတွေရဲ့ လက်ဦး ဆရာသခင်ဟာ ဘယ်သူလဲ့ သိချင်ရင် အနည်းမျှ ဖော်ပြမည်

ဗမာပြည်ရှိ
ှ ရှေးဟောင်းကျောက်စာများတွင် နိ ၊ ဟိ ၊ အက္ခရာများကို

အခု ဗမာများက နေ့ ၊ရှိ ၊ ဟုသာ ပြောဆို ရေးသားပြီး

ရခိုင်များက ရှေးဟာင်းကိုယ်ပိုင်စာအတိုင်း .. ဟိ၊ နိ သာ ပြောဆို ရေးသားနေခြင်းက

လက်ဦး အက္ခရာဟာ ဘယ်​သူလဲ့ ဆိုတာ ဖော်ပြနေခြင်းသာ ဖြစ်သည် ။

ဤနေရာမှာ ဗမာတွေ ပြောလည့်ရှိတာက ရှေးဟောင်းကဟာတွေဟာ ပြောင်းလဲ့လာခြင်းကြောင်းဟုပြောနေသည်၊

အမှန်တော့ မဟုတ်ပါဘူး ၊ ပုဂံခေတ် အနော်ရထာ စသည့် ဘုရင်တွေမှာ သူတို့ စကားတော့ ရှိနေပဲမယ့် စာပေ မရှိသည့်အတွက် ၊  စာပေကျတော့ ရှေးတုန်းက ရခိုင့်စာပေတွေအတိုင်း ရေးနေတုန်းပါပဲ၊ ရှေးတုန်းက ပုဂံပြည်ရှိ ဘုရင်တွေဟာ ရခိုင့်စာပေတွေကို မပြုမပြင်နိုင်သေးတဲ့အချိန် ရခိုင့်ဝေါဟာရအတိုင်း သုံးခြင်းသာဖြစ်ပါသည် ၊ 

သာဓကတွေကြည့်မယ်ဆိုရင် ၊ ပုဂံပြည်​ခေတ် မွန်တွေသုံးတဲ့ စာပေဝေါဟာရတွေကို  ဗမာဘုရင်တွေမှာ  သုံးလည့်ရှိသလို ၊ ပျူစာပေ ဝေါဟာရများကိုလည့် ဗမာဘုရင်တွေ သုံးလည့် ရှိခြင်းပင်ဖြစ်သည် ၊ ထိုနည်းတူစွာပဲ ရခိုင့်စာပေတွေကိုလည့် ရခိုင်မှုအတိုင်း သုံးလည့်ရှိပါတယ် ဒါကြောင်းမို့လို့လည့် လက်ရှိ ရှေးဟောင်း ကျောက်စာများတွင် ရခိုင်စကားများသာဖြစ်နေသည် ၊ ဖြား ၊ဟိ ၊ နိ သုက္ကြ နိ စသည်များက သက်သေပြနေသည် ။ နောက်အများကြီးရှိသေးသည် ။

အက္ခရာပြောင်းလဲ့လာပုံကို ကြည့်မယ်ဆိုလဲ့
အက္ခရာ အဆင့်ဆင့် ပြောင်းလဲ့လာပုံကို ပုဂံခေတ် အနော်ရထာ စသည့် နောက်ပိုင်း ဘုရင်များသည်လဲ့ အက္ခရာပြောင်းလာပုံမရှိပါဘူး ၊ ဆိုလိုတာက လက်ရှိ မြန်မာအက္ခရာ ( က )ကိုအသုံးပြုနေရခြင်းသည် သူ့ရှေ့က အခု ( က ) အက္ခရာဖြစ်လာမည်  ဆင့်ကဲ့ ပြောင်းလာမယ့် ( + ) အက္ခရာမျိုးတွေကို နှစ်အတော်တန် ပုဂံပြည်မှာ အသုံးပြုနေရပါလိမ့်မယ် ဆိုတာ လူတိုင်း သိမြင်ပါလိမ့်မယ် ၊

ဒါပေမယ့် ပုဂံပြည်​မှာ အဲ့လိုမျိုးတွေ မြန်မာအက္ခရာခေါ် ( က,ခ ) မဖြစ်ပေါ်ခင် (က,ခ) ဖြစ်​လာမယ့် စာပေအက္ခရာမျိုးနဲ့
ကျောက်စာများ အထောက်ထား မတွေ့ရ  မရှိပါဘူး ၊ ပြောင်းလဲ့ပြီးသား  အက္ခရာများကိုသာ အလိုက်သင့် အသုံးပြုနေခြင်းသာ ဖြစ်ပါတယ် ။

ဒါဖြင့် လက်ရှိ မြန်မာနိုင်ငံမှာ ဘယ်သူတွေက ( က,ခ) ဖြစ်လာမယ့် အက္ခရာစာပေမျိုးကို ဘယ်သူတွေ နှစ်အတော်တန် အသုံးပြုနေခဲ့သေးလဲ့ ဆိုတာ ကြည့်မယ်ဆိုလဲ့

မြန်မာအက္ခရာခေါ် (က,ခ ) မပေါ်ခင် ( က, ခ ,) အက္ခရာ ဖြစ်ပေါ်လာမယ့် စာပေအက္ခရာမျိုးကို ရခိုင်ပြည်မှာ အများဆုံးဆိုတာ သမိုင်းလေ့လာသူလူတိုင်း သိမြင်နိုင်ပါတယ် ။
ဒီအကြောင်းကို ဆရာကြီး ဦးစံသာအောင်ပြုစုတဲ့ ၆ ရာစု ယင်းမတိုင်မိ ရခိုင်သုံးအက္ခရာ စာအုပ်ကို လေ့လာဖတ်နိုင်ပါတယ် ��
https://m.facebook.com/story.php?story_fbid=847524921946565&id=100000671955227

ဒါဟာ စာပေတစ်ခုရဲ့ ကွင်းဆက်ပါ ဘယ်သူမှ ငြင်းမရပါဘူး ။

ကောင်းပြီး ရှေ့စကားကို ဆက်မယ်ဆိုရင် ပုဂံပြည်​မှာ
ဒီနေရာမှ  (မြန်မာအက္ခရာ စာပေသမိုင်းမှာ ပုဂံပြည်​ဆိုလိုက်တာနဲ့  AD ၁၀၄၄ အနော်ရထာခေတ် ထက်မကျော်ဘူး ဆိုတာ သတိရပါ ။
မြစေတီကျောက်စာဟာလည့် AD ၁၁၁၃ ပဲရှိပါသေးတယ် ။)

ပုဂံပြည်​မှာ  ဘုရင်များနှင့် အခုခေတ် ဗမာတွေဖြစ်လာမယ့် လူတွေဟာ စကားသာရှိပြီး စာပေ မရှိဘူးဆိုတာပြနေတာပဲ ၊ ဒါကြောင်းလဲ့ပဲ ပျူစာ သုံးလိုက် မွန်စာသုံးလိုက် ဖြစ်နေကြတာက သက်သေပါပဲ

စာပေဆိုတာမျိုးက ဘယ်လိုအက္ခရာမျိုးဖြစ်နေပါစေ ကိုယ့်ပြောနေသော စကား အသံထွတ် အဓိပ္ပါယ်အတိုင်းသာ ရေးလေ့ရှိကြသည် ။

ဥပမာ
အခုလက်ရှိကြည့်ရအောင်

ချင်းလူမျိုးတွေဟာ ချင်းစာပေကို အင်္ဂလိပ်စာ အက္ခရာနဲ့ ရေးကြတာပဲ သူ့အသံထွတ် အဓိပ္ပါယ်​အတိုင်း

ပါဠိ အသံထွက်​ကိုလဲ့ အင်္ဂလိပ်အက္ခရာနဲ့ ပေါင်းတာပါပဲ ၊

ထိုနည်းတူစွာပဲ ၊ မွန် ရှမ်း ကချင်  စသည့် မြန်မာနိုင်ငံနေ လူမျိုးအသီးသီးတွေကလဲ့

မြန်​မာအက္ခရာခေါ် အက္ခရာတွေနဲ့ သူ့တို့အသံထွတ် အသီးသီး အတိုင်းရေးနေကြတာပါ ၊
ရှမ်း > မိုင်းဆုန်
ကချင် > ဂဂျာ အိုင်အီး (gaja ai i)
မွန် > မင်ုရအော (မငေရသြောင်း)

ဒါကြောင်း ဘယ်နိုင်ငံရောက်ရောက် စာပေအသုံးအနှုန်း ဝေါဟာရကို သိရင် ဘယ်သူ့ စာပေစကားလည့် ဆိုတာ သိနိုင်ပါတယ်။

ထိုနည်းတူစွာပဲ
အခု ဗမာပြည်ရှိ ရှေးဟောင်းကျောက်စာများကို ကြည့်လိုက်ပါ

ဗမာစာဆိုရင် ဗမာစကားအတိုင်း နေ့ ၊ ရှိ ၊ သာရေးမှာ

ရခိုင်စာဆိုရင်.. ရခိုင်စကားအတိုင်း.. နိ ၊ ဟိ ၊  သာရေးကြမှာပဲ

ကျောက်စများတွင်လည့် ၊ နိ ၊ ဟိ ၊ အတိုင်းသာ ဖြစ်ပါသည်
ဒီလိုမျိုး ပုဂံကျောက်စာတွေမှာ ရခိုင့်ဝေါဟာရတွေအများကြီးပါ ၊

နောက်တစ်ခုက ဗမာတွေပြောလည့်ရှိသောစကားက > ဒါကြောင်း ရခိုင်​နဲ့ဗမာ အတူတူ ပဲလို့ ပြောတာပေါ့တဲ့ ။

မှားပါတယ် မတူလို့်လဲ့ ရခိုင် ဗမာ ထားဝယ် မွန် ယော စသည်များကွဲနေတာပေါ့ ၊ ဓ​လေ့စရိုက် ယဉ်ကျေးမှုတွေပါအစ ၊
ရခိုင်နဲ့ မတူလို့လဲ့ ၊ ရှေးရှေးကပင် ကိုယ့်နိုင်ငံ အသီးသီးနဲ့ ရှိနေကြတာပေါ့

ကံရာဇာကြီး ကံရာဇာငယ် ညီကိုနှစ်ခု ခွဲသွားတယ် မ​ပြောနဲ့ ၊ ခွဲသွာတာက ဘုရင်နှစ်ပါး ၊ တိုင်းသူပြည်သားတွေ အစကနေ ရှိနေတာ မတူလို့ ၊ ဘုရင်အမျိုးတူတိုင်း တိုင်းသူပြည်သားတွေပါအစ လူမျိုးတူတယ်ဆိုတာ အတွေးအခေါ် မရှိလို့ ပြောတာပါပဲ ။

ဘုရင်ခေတ်တုန်းက အခြားနိုင်ငံတွေကို သူတို့သိမ်းပိုင်ပြီး အဲ့နိုင်ငံမင်းမျိုးထဲက လူကို နန်းတင်ခဲ့တာလဲ့ ရှိသလို ၊ကိုယ့် မင်းညီ မင်းသား၊ဆွေတော်မျိုးတော်တွေကိုလည့်  ဘုရင်ကြီးက ခွဲဝေ အုပ်ချုပ်ခိုင်းစေတယ် ။
ဒါကို လူမျိုးတူ တယ်လာပြောနေသူဟာ အတွေးအခေါ်မရှိလို့ပါပဲ ၊တနည်း သမိုင်း တဖက်စောင်းပြီး အစွန်း​ရောက်​ နေလို့ပါပဲ

အခုမြန်မာနိုင်ငံကိုပဲကြည့်လိုက်ပါ
ကချင် ကယား ကရင် ချင် မွန် ဗမာ ရခိုင် ရှမ်း
နေတဲ့နိုင်ငံတစ်ခုကို ဗမာတွေက အုပ်ချုပ်နေတာပဲ ၊ ကဲ့ တူသလား လူမျိုး ၊ ရှမ်းက ရှမ်းပဲ ၊ မွန်က မွန်ပဲ ရခိုင်က ရခိုင်ပဲ ၊ ဗမာက ဗမာပဲ ၊
ဘယ်မှာလဲ့ အုပ်ချုပ်သူ ဘုရင်တူလို့ လူမျိုးတယ်ဆိုသော စကား ရပ်??

ဗမာတွေကိုယ်တိုင်ပဲ ပျူစစ်လျှင် ဗမာ ဟုသာပြောဆိုကြတာပါပဲ ။

သမိုင်းဆရာ ဒေါက်တာသန်းထွန်း ကိုယ်တိုင် ပျူတွေဘယ်ရောက်သလဲ့ ငါဒီမှာဟေးလို့် အော်လိုက်ချင်တယ်တဲ့ ၊
ရခိုင်နဲ့မတူ
ဘူးဆိုတာ သူတို့ကိုယ်တိုင်ပြောနေသော စကားတွေပါပဲ ။
ရခိုင်တွေလည့် ပျူတွေဖြစ်နိုင်ကြောင်း ရူးကြောင်ကြောင် စကား လာမပြောနဲ့ ၊ ရခိုင်ပြည်ကို ပျူတွေ စစ်လာတိုက်ကြောင်း သမိုင်းတွေရှိပြီးသားပါ

ကောင်းပြီး စာပေအကြောင်းဆက်ရင်
အပေါ်မှာပြောခဲ့သလို စာပေ ဝေါဟာရတွေဟာ ဘယ်နိုင်ငံရောက်ရောက်  အဲ့စာပေရဲ့ စကားဝေါဟာရတွေ သိရင် ဘယ်လူမျိုး စာပေဝေါဟာရ  တွေလဲ့ဆိုတာ လူတိုင်းသိနိုင်ပါတယ်ဆိုတာ

လက်ရှိ ဗမာပြည်ရှိ ကျောက်စာနဲ့ တိုက်ကြည့်လိုက်ရင် အဖြေပေါ်ပြီ ။

စာဖော်ပြထားတာ.. နှစ်လုံးတည်းမဟုတ်ပါဘူး.. အကုန်​လုံးနီးပါး ပြလိုက်ရင်.. ဗမာတွေလည်းတတ်တယ် ဆိုပြီး လာမှစိုးမိလို့ပါ

ဒီလိုအချောင်ခို နေကြတာ.. မကြာမကြာ တွေ့နေရတယ်

~~~~~~~~~~~
Zaw Koko(မဟိံသကတိုင်း)

Comments