Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်စာ အရေးအသားမှ ဗမာစာ အရေးအသားသို့ ကူးပြောင်းလာခြင်း ၂ **

** ရခိုင်စာအရေးအသားမှ ဗမာစာအရေးအသားသို့ ကူးပြောင်းလာခြင်း ၂ **
~~~~~~~~~~~~~~~~~~~~
     ( ရှိ ) နှင့် ( ဟှိ ဟိ )
     -----------------------
ဗမာရေးထုံးတွင် ' ရှိ ' ဟူသောစကားကို ရ  ဖြင့် ရှိ  ဟူ၍ ရေးသားကြသော်လည်း ရှေးခေတ် ရခိုင်စာပေတို့တွင် ဟ  ဖြင့်  ' ဟှိ ဟိ ' ဟူ၍ပြောဆိုရေးသားကြသည့်အပြင် ယခုတိုင်အောင်လည်း ပြောဆိုသုံးနှုံးနေကြဆဲပင်ဖြစ်သည်
ကောဇာ ၄၅၂ ခုနှစ်ရေး ဗူးတောင်းကွဲဘုရားကျောက်စာ၌ 'မဟိကြဆိုဝ်၍' 'မဟိကြလျှင်'ဟူ၍လည်းကောင်း
ကောဇာ ၈၄၄ ခုနှစ်ရေး ဂဏန်းချပ်တောင်ဘုရားကျောက်စာ ကြောင်းရေ ၈ ၌ 'ဟိသောဘုန်ကြီသှ်'ဟူ၍ လည်းကောင်း ၉၀၅ ခုနှစ်ရေး မဟာဝိနိယ်ဓိုဝ်ကျောက်စာ ကြောင်းရေ ၁၂ ၌ 'မဟိဟူ၍ ဆိုဝ်လတ်သှ်'ဟူ၍လည်းကောင်း  ၉၀၇ ခုနှစ်ရေး အရိယာဝံသကျောက်စာ ၉ ကြောင်းမြောက်၌ 'မင်းအစဟိသော' ဟူ၍လည်းကောင်း  ၉၄၇ ခုနှစ်ရေး ကလုံတောင်ဘုရားကျောက်စာ တတိယမျက်နှာ စာကြောင်းရေ ၃/၄၌ 'လောကဒေဝီ အမေဟိသောသမှီး' ဟူ၍လည်းကောင်း  ၉၇၁ခုနှစ်ရေး ပန်းဈေးမြောင်း ချတွင်းဂျိုင်ကျောက်စာ ကျောဖက်ကြောင်းရေ ၂၄/၂၅ ၌ 'ရီနှစ်ဟိသောသတ္တဝါ ကြည်းနှစ်ဟိသောသတ္တဝါ' ဟူ၍လည်းကောင်း  ၁၀၀၂ ခုနှစ်ရေး မိဖုရားသျှင်ထွေး အလယ်စေတီကျောက်စာ ကြောင်းရေ ၂၄ တွင် 'အပ်နှဘားရှိ ခံတွင်းဟိ၆ပြိတ္တာ' ဟူ၍လည်းကောင်း ရေးသားထားသည်များကို တွေ့ရှိရပါသည်
ဂဝိဂန္ဓကျမ်း ၈ ကူချပ်ကျောဖက်၌ 'တလုံမ်းသော ကိရိယာသည် ဟှိအမ့်' ဟူ၍လည်းကောင်း  ၉ကေချပ်ဝမ်းဖက်၌ 'တတိယ၌ ဟှိသောကိရိယာသည်' ဟူ၍လည်းကောင်း  ၂၅ ခိချပ်ဝမ်းဖက်၌ 'ရှေ့သံသာကဒါန ပဒိလုံ့လဟိ၍'ဟူ၍ လည်းကောင်းရေးသားထားသည်ကို တွေ့ရှိရပါသည်
      (ဆက်လက်ဖေါ်ပြကါမည်)

Comments