Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မဟာမုနိ

*ဗမာတို့သည် မဟာမုနိဘုရားကို နံနှိပ်ခြင်း*

ဗမာသမိုင်းရေး စာအုပ်တွင် မတွေ့နိုင်သော အကြောင်းအရာ

ဗမာတို့သည် ရခိုင်ဘုရင် ဆောင်းသော သရဖူ ဦးသျှောင်တော်ကို ပုံတူပြုလုပ်၍ (မဟာမြတ်မုနိ ဘုရားတွင်ဆောင်းသော မကိုဋ်ပုံ) ဗောင်းတော်ကို ခြေသုတ် ရာတွင်ထါးကါ နံနှိပ် ယတြာ လုပ်ခဲ့ကြသည်။ ထို့ပြင် ဘိုးတော်ဦးဝိုင်းသည် ဗိုလ်ငခိုင်လှကို ဦးစီးစေ၍ ငလှဖေါ်၊ ငအောင်လာ၊ ငချင်း ၊အမည်မသိ၊ စုစုပေါင်း ၅ ဦးကို အထုတ်သည် (ပစ္စည်းမျိုး စုံရောင်းသူ) ဟန်ဆောင်၍ မဟာမြတ်မုနိ ဘုရားကို အသရေ ညိုးနွမ်း စေခြင်းငှါ မဟာမြတ်မုနိ ကုန်းတွင် ကိုယ်ဝန်သည် မယ်ကုဝဏ်ရုပ်တု အရက်သမား ကိုကြီးကျော်ရုပ်တု တို့ကိုထားကာ အရက်ဆွမ်းနှင့် ကိုဝန်သယ်မ၏ စားကြွင်းကို ဆွမ်းတင်ရန် အတွက် ဒါယကာ အဖြစ် ထားခဲ့ လေသည်။ ရခိုင်တို့သည် ဗမာကို တုပ၍ မလုပ်ခဲ့ပေ။ ရခိုင်သည် နှစ်ပေါင်း ငါးထောင် ကျော်ပတ်လုံး ဗမာပြည်ကို ကျုးကျော်ရန်စ တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ (နတ်ရှင်နောင်၊ မင်းဖလောင်၊ မဟာပညာကျော်၊ဟံသာဝတီ စစ်ပွဲကိုရှုပါ)။ 

ဗမာတို့၏ ဘုရင်ခေတ် အဆက်ဆက်တွင်လည်း ကချင်၊ ကရင်၊ ချင်း၊ ကယား၊ မွန်၊ ရှမ်း၊ ရခိုင် ၊ တို့ကို မြှောက်၍တဖုံ၊ စစ်ရေးနှင့်တမျိုး၊ သွေးထိုး ရန်တိုက်၍တဖုံ၊ လှည့်ဖျားကါ နိုင်ငံရေး ကစား ခဲ့သည်။  အင်္ဂလိပ်ထံမှ လွတ်လပ်ရေးမရမှီက တခြားလူမျိုးတို့သည် ဗမာကို မယုံသည်ကိုသိသော ဗမာတို့သည် ဆယ်နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟူသော မက်လုံးပေးသော အခါးပေါ် သကာလောင်းသော စကားကို ယုံ၍ တိုင်းရင်းသားတို့သည် ဗမာနှင့်အတူ လွတ်လပ်ရေးကို ယူခဲ့ကြသည်။  ပြည်ထောင်စုခေတ်တွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် တိုင်ရင်းသားတို့ တောင်းဆို လာကြသောအခါ ဦးနုသည် ဗိုလ်ချုပ်နေ၀င်းအား အာဏါအပ်၍ တိုင်းပြည်မှ ထွက်သွား လေသည်။ဦးနုအစိုးရသည် ကရင်တို့နှင့်တိုက်ရာတွင် အရေးနိမ့်နေသောအခါ ဦးနု၏ ရန်သူ ဗကပ သခင် သန်းထွန်း သည် ကရင်တို့ကို နောက်ကြောမှ ၀င်ရောက်တိုက်ခိုက်၍ အစိုးရကို  တဖက်လှည့် ကူညီမှု ပေးလေသည်။ ဤသို့ဖြင့် ဗမာလူမျိုး မှန်သမျှတို့၏ နိုင်ငံရေး ပရိယါယ်သည် တိုင်းရင်းသားတို့ အပေါ်၌ ရိုးသားမှု မရှိကြောင်းကို သမိုင်းထင်ရှား သက်သေရှိနေပေသည်။ နိုင်ငံရေး ပရိယါယ်တွင် ဗမာကို အထင် မသေးသင့်ပေ။ ဂျပန်ကိုခေါ်၍ ဂျပန်ကို ပြန် တိုက်သော ဗမာ၊ ပြင်သစ်နှင့် ပေါင်း၍ အင်္ဂလိပ်ကို တိုက်ရန်ကြံသောဗမာ၊ စသည့် ယခင် ခေတ်မှ ယခုခေတ် အဆက်ဆက်တိုင် ဗမာတို့၏ စစ်ဝါဒ ရှိနေရာ ဗမာကို ယုံကြည်၍ မရ ကြောင်းကို သက်သေပြနေ သကဲ့သို့ ရှိနေပေတော့သည်။ ဤကဲ့သို့ ဖြစ်နေသည်မှာ ဗမာဟူသော လူမျိုးတမျိုးသည် ခေတ်တလျှောက်လုံး ရိုးဖြောင့်သော နိုင်ငံရေးမရှိဘဲ နိုင်ငံရေး လိမ်လည်ရန်သာ အားထုတ်ခြင်းကြောင့် ဖြစ်လေသည်။

Comments