Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြန်မာ သမိုင်း


(( Who is Real Myanmar? ))
မြန်​မာ အစစ်က ဘယ်သူလဲ့

“မည်သည့်အရပ်ကမြန်မာတို့ကို ညွှန်းဆိုသနည်း”၊
“မည်သူတို့သည် မိမိတို့ကိုမိမိတို့ မြန်မာဟုသတ်မှတ်
ခဲ့ကြသနည်း” ဟူသောမေးခွန်းနှစ်ခုဖြစ်သည်။

မည့်အရပ်ကမြန်မာတို့ကို ညွှန်းဆိုသနည်းဆိုသော်
မြန်မာနိုင်ငံအနောက်ဘက်ဒေသ၊ ရှေးအခေါ် ရက္ခပူ
ရတိုင်း(ယခု ရခိုင်ပြည်နယ်)ရှိ မင်းနှင့်ပြည်သူတို့ကို
ရည်ညွှန်းပြောဆိုပါသည်။ ထိုဒေသ ထိုနေရာသို့ ယခင်
ရှေးနှစ်ပေါင်းများစွာက မြန်မာတို့အခြေချနေထိုင်ခဲ့
သည်ကတော့ အမှန်။အမှန်ဖြစ်ကြောင်းကိုလည်း
ပထမဆုံး ရခိုင်ရာဇ၀င်မှတ်တမ်းများတွင်ဖော်ပြထား
ခဲ့သည်။ ထိုစဉ်က ရက္ခပူရတိုင်းမင်းနှင့် ပြည်သူတို့သည်
မိမိကိုယ်မိမိ “မြန်မာ”ဟု ရည်ညွှန်းခေါ်ဆိုကြောင်းကို
သက်၊ ပျူ၊ တလိုင်း၊ ဒိုင်းနက် စသည့်လူမျိုးအမည်များ
ကွဲပြားစွာမှတ်တမ်းတင်ခဲ့သည့် *ဒွါရာဝတီမြို့သာသနာ
ပြုဆရာတော်ဘုရား ၀ိသာရာဘိသီရိပ၀ရ အဂ္ဂမဟာ
ဓမ္မရာဇာဓိ ရာဇဂုရု* ရေးသားစီရင်အပ်သော *ဓည၀တီ
အရေးတော်ပုံကျမ်း*တွင် ဖော်ပြမှတ်တမ်းတင်ခဲ့သည်။

*အေဒီ (၁၃၀၈)ခု၊ ငနုလုံမင်းလက်ထက်တွင် ကုလားနှင့်သက်တို့ပေါင်းဖက်ဆိုးသွမ်း၍ ပြည်စိုးကြီး ဓမ္မဇေယျနှင့်
ရဲမက်ငါးသောင်း စေလွှတ်နှိမ်နင်းသောကာလ၊ တပ်ဦးတွင် ကျီးနှင့်ဗျိုင်း ခွပ်ကြ၍ ကျီးအတောင်ကျိုးသည်ကို မြင်သော် အမတ်ပညာရှိလျှောက်သော ထုံးကား “ကျီးနံ ကုလား၊
ဗျိုင်းကား မြန်မာ၊ နံမှာအလို၊ နဂိုယာယီ၊ကိန်းနှစ်လီတွင်၊ ယာယီကျီးကန်း-ပင်ပန်းကုလား၊ ထွားထွားကျေညက်၊
ပျက်မည့်အကြောင်း၊ လုံးစုံပေါင်းစည်း၊ ခရီးမကြာ၊
အောင်မြင်ပါမည်”ဟု လျှောက်သောထုံး၌ (ကျီးသည် ကုလားနာမ် ပြု၍ ဗျိုင်းဟူသည့် မြန်မာကား ရက္ခပူရ
တိုင်းပြည့်ရှင် ငနုလုံမင်းနှင့်စစ်ထွက်ရဲမက်၊ ပြည်သူတို့)
ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။*

*မင်းဖလောင်း (အေဒီ ၁၅၇၁-၁၅၉၃)လက်ထက်တွင် ကုလားအမတ် ဒါကုစီဆိုသူမှ သဘောင်္အစင်း(၁၀၀)နှင့် ၀င်ရောက်ဆက်သခိုလှုံရာ ရက္ခပူရတိုင်းပြည့်ရှင် မြန်မာ
မင်းက ထိုအစုကို မြန်မာဘာသာ စာအက္ခရာများ သင်စေ၍ ခြေတော်ရင်း၌ထားကြောင်းမှတ်တမ်း တင်ထားပါသည်။*

*မင်းဖလောင်းလက်ထက် အမတ်ပညာရှိတို့ လျှောက်သောထုံးများတွင် ရက္ခပူရတိုင်းမင်းနှင့် ပြည်သူတို့အား ရခိုင်ဟု
မဆို မြန်မာဟုတင်စားကာ မိမိတို့သည် မြန်မာများ
ဖြစ်ကြောင်း ကြိမ်ရေ(၂၀)ထက်မနည်း ဖော်ပြမှတ်တမ်း
တင်ခဲ့သည်။*

*အဘယမဟာရာဇာ (အေဒီ ၁၇၆၄-၁၇၃၃)လက်ထက်တွင်
အမတ်ပညာရှိတို့ လျှောက်သောထုံး၌ “ဗျိုင်းနား၍ အိမ်မိုး
ပျက်သည်ကား ဗျိုင်းနာမ်သည် မြန်မာကိုရပါသည်။
ကုလားကဖိ၊
ပျူက အိ၊မချိ မြန်မာ၊ အနောက်မှာ ဟုလည်းကောင်း၊ တရုတ်က မိုး၊ပျူက ညှိုး၊ ပဲခူးက ထောင်၊ ရှမ်းက မြှောင်၊ တစ်ဆောင်ကုလားစစ်မီးပွား၊ ယင်းသောအခါ မရမာ(မြန်မာ)တို့
ချမ်းသာစေကြောင်းမရိပ်ချောင်းသို့ခို စသည်ဖြင့် ရက္ခပူ
ရတိုင်းရှိ မင်းနှင့်ပြည်သူတို့ကို မြန်မာဖြစ်ကြောင်း အကြိမ်များစွာ ဖော်ပြမှတ်တမ်းတင်ထားပါသည်။*

*မြန်မာနိုင်ငံအနောက်ဘက်ဒေသ ယခင်ရက္ခပူရတိုင်းရှိ မင်းနှင့် ပြည်သူတို့သည် မြန်မာ(မရမာ)ဖြစ်၍ ၎င်းတို့ရေးထိုးသုံးစွဲသောစာအက္ခရာသည်လည်း မြန်မာစာအက္ခရာ
ဖြစ်ကြောင်းကို ရခိုင်ပြည်နယ်တွေ့ တိုင်းရင်းကျောက်စာများတွင်လည်း ဖတ်ရှုလေ့လာနိုင်ပါသည်။* ကုလားများခေါ်သော ရခိုင်ကို မောဂ် ခေါ်သည်

မော(ဂ်) ခေါ် ရခိုင်မရမာ ဆိုတာ့လဲ့ အခုဘဂ်လားဒေခ်ျ မှာ သက်ရှိထင်ရှား ရှိနေဆဲ

ဘဂ်လားနေ ရခိုင်အချင်းချင်းကျမှ တောင်တန်းနေ ရခိုင်ကို မရမာ ခေါ်ပြီး ၊ မြေပြန့်နေရခိုင်ကို ရခိုင်ဟုခေါ်သည် ။
ဒါကို သန်းရွှေ ခင်ညွန့် ခေတ်က ဘဂ်လား အစိုးရနဲ့ပေါင်းပြီး ရခိုင်မရမာ များသည် ဗမာခံရင် အစိုးရဌာနတွေမှာ အလုပ်ရမယ် ၊ အခွင့်​အ​ရေး ပေးမယ် ဆိုပြီး သွေးခွဲစကား ပြောခဲ့ သေးသည်

ဗမာပြည်ရောက် ဗမာအမည်ခံရခိုင်စာ ကျောက်စာများ...
သုက္ကြာ(နိ) ၊ကြိယ်ဆိမီတိုဝ် ၊စလောင်ကြီး ယင်မနာ ၊ ခရုယ်ခြိယ် ၊ပျက်ခရကာ ၊ခွက်(ခြိ)ယ်၊ သကရစ် ၊လွန်လိယ်ပြိသော၊ တနှင်ကနျှူနိ၊ သဂ္ဂရစ် ၊ အင်္ကာနိ ၊ သိရျက်၃ပင် ၊ ကြသပတိယ်နိယ် ၊ အရှိအရပ်သို့လားသော်ဝ် ၊လက်ဆိရိယ် ၊ခြိယ်ဆယ်ရိယ်၊မပ္လုရကြောက်ဆိုဖိလတ် ၊ သုကြာနိယ် ၊

ဒီစကားတွေကို ဗမာမျိုး တတ်ဖို့နေသာ ၊ အဓိပ္ပါယ်​ သိဖို့ဆို.. ဝေးလည်စွ.. စဉ်းစားရင် ခေါင်းမှာ မီးခဲ့တင်သလိုဖြစ်နေအုန်းမယ် ၊ အဲ့တောင်ကို အရင်ကျော်အုန်း ဗမာစာလုပ်ချင်ရင်

ဒါကြောင်း ... မြန်မာဆိုတာ ရခိုင်ပဲ ၊ ဗမာမဟုတ်ဘူ။ ဒါကို ဗမာက မြန်မာဆိုတာ ဗမာပဲ တိုက်ရိုက်လုပ်နေတော့ ခက်ပြီပေါ့ ။

ဒါဆို အခုလက်ရှိ မြန်မာစာဟာလဲ့ ဘယ်ကလဲ့ဆိုတာ ရှင်းနေပြီ ၊ တကယ့် မြန်မာဆိုတဲ့ စကားကို တိုက်ရိုက်သုံးရမှာရ ရခိုင်သာဖြစ်သည် ၊ ဒါကို ဗမာများက အာဏာ အားနဲ့ အတင်းလုပ်ခဲ့တယ် ၊

ဒါကြောင်း ပြောလဲ့ရှိတယ်
မြန်မာသည် ရခိုင်ဖြစ်သည်၊ မြန်မာသည် ဗမာမဟုတ် ၊
မြန်မာသည် ရခိုင်ဖြစ်သည်၊ ဗမာတိုင်းရင်းသားမဟုတ်။

သို့သော် ရခိုင်က မြန်မာဆိုတဲ့ စကားထက် ရက္ခိတ(ရခိုင်) ဆိုတဲ့ အမျိုးသီလစောင့်တဲ့ အဓိပ္ပါယ်​ ကိုပဲ ပိုကြိုက်ကြတယ် ။

Comments