သမိုင်းလိမ်၍ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုနေမှုများအား

သမိုင်းလိမ်၍ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုနေမှုများအား သုတေသနအမြင်ဖြင့်စစ်ဆေးကြည့်ခြင်း ................................................................................ ပြောမှာက ရခိုင်ပြည်တွေ့ဒင်္ဂါးများနဲ့ ၎င်းဒင်္ဂါးပိုင်ရှင် ရခိုင်မင်းဆက်များ၊ ၎င်းမင်းဆက်များရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ယင်းမင်းဆက်များရဲ့ အုပ်ချုပ်ခံ ရက္ခပူရတိုင်း တိုင်းသူပြည်သားများရဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို သုတေသနအမြင်နဲ့ စစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ရခိုင်ပြည်တွေ့ ဒင်္ဂါးများဟာ ဘင်္ဂါလီမွတ်စလင်များရဲ့ သမိုင်းလိမ်အခွင့် အရေးအဖြစ် အသုံးချရာမှာ ရှေ့တန်းတစ်နေရာကနေ ပါ၀င်နေရတာ ကြာပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ ရခိုင်ပြည်မှာ မတွေ့ရှိရတဲ့ ဒင်္ဂါးများကိုပါ ရခိုင်ပြည်တွေ့ဒင်္ဂါးအဖြစ် တဖက်သတ် သတ်မှတ်ကာ သမိုင်းလိမ် ဝါဒဖြန့်နေကြတာကို တွေ့ရှိလာရလို့ဖြစ်ပါတယ်။ ရခိုင်ပြည်တွေ့ဒင်္ဂါးများကို စုစည်းဖော်ပြပေးလိုက်သလို ရခိုင်ပြည်မှာ မတွေ့ရှိရပါဘဲနဲ့ ရှိသယောင်လိမ်လည် ဝါဒဖြန့်နေတဲ့ပုံတွေကိုလည်း ကြက်ခြေခတ်ပြထားပါတယ်။ ဒီလိုအရှုပ်အရှင်း ဘာ့ကြောင့်ပေါ်လာ ရလဲဆိုရင် ရခိုင်ပြည်တွေ့ဒင်္ဂါးများဟာ တခြားဒင်္ဂါးများနဲ့မတူ...