Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်ကို မရမာ(မြမ္မာ)ခေါ်ဆိုကြောင်း။ (မဟာပညာကျော် လျှောက်ထုံး) သက်သေ။

________________
ရခိုင်ကို မရမာ(မြမ္မာ)ခေါ်ဆိုကြောင်း။
(မဟာပညာကျော် လျှောက်ထုံး)  သက်သေ။
◤◢◣◥◤◢◣◥◤◥◤◢◣◥ မရမာ >> မြမ္မာ>> မြန်မာ။ 
✹✹✹✹✹✹✹✹✹✹✹✹✹✹✹✹

တရံသောအခါ၌ မီးချောင်းစားသေလွန်ရာ၊ ပေါင်းလုပ်ကျွန်း နေကုလားမျာလိက သပြာတစ်ထောင်
မိဖုရားကြီးသို့ဆက်သက်၍ မီးချောင်းစားအရာကိုခန့်လေသော် မိဖုရားကြီးလည်း ပြည့်ရှင်မင်းကြီးထံ လျှောက်လေသော် မင်းကြီးအမိန့်ရှိသည်ကား၊ နံနက်မင်းပွဲခံရာ၌ လျှောက်စေတော့ အမိန့်တော် ရှိသည်နှင့်။ နံနက်မင်းပွဲခံရာ၌ (မိဖုရားကိုယ်ရပ်တန့်လျက်)ကုလားမျာလိ လျှောက်လေရာ၊ 

ယင်းသောအခါ အမတ်ကြီးမဟာပညာကျော် လျှောက်သည့်ထုံးသော်ကား။ အရှင်မင်းမြတ်၊ #မရမာနှင့် ကုလား သည်လူချင်းသာတူပါသည်။ စိတ်ချင်းမတူပါ။ #မရမာတို့မိရိုးဖလာအရိုး ° အကျင့်မှ ဘုရား၊တရား၊သင်္ဃါ။ ဤသုံးပါးရတနာ မြတ်ကို ကြည်ညို မြဲမြဲ စောင့်ထိန်းမှ သာသနာတော်တည်သည်။ ယင်းသို့သောတရားနှင့် ကုလားအယူ မတူချေ။ ရုပ်ပွါး ဆင်းတုဓာတ်တော်မွေတော်များကိုလည်းအဉ္စလီလက်အုပ်ချီမိအံ့။
 လက်ကိုဖြတ်၍ပစ်စေ၊ ယင်းသို့ကူလားဘုရား အကျမ်းဂန်ရှိသည်ဆိုလျှက် အယူနှင့်နေသူများဖြစ်ပါသည်။
#မရမာတို့ မင်းကျင့်ဝတ်သင်္ဂဟတရားလေးပါး၌လည်း မြတ်ဘုရားအယူတော်ကို ပြည်သူတို့အား ညွှန်ပြဆုံးမတတ်မှသာ မင်းကောင်း မင်းမြတ်ဟူ၍ #မရမာတို့ ဘုရားအမှာ ကျမ်းဂန်လာပါသည်။ ကုလားနေရပ်ကျေးရွာမှာ #မရမာ မှူးမတ်တင်လျှင်ကုလားအယူကွဲ၍ #မရမာသို့ ရောက်အောင် သွေးဆောင်ပါသမျှသည်။ မင်းမှူးမင်း မတ်မင်းနှိုက် အကျိုးလိုရာရောက်ပါသည်။ မင်း၌လည်း သင်္ဂဟ တရားတည်ပါသည်။ ယင်းသို့မဟုတ် #မရမာတို့၌ကုလားကိုမှူးမတ်တင်လေသော်။  ကုလားတို့အယူကို ပါအောင်သွေးဆောင်၍ ပြုလေရာ #မရမာ တရား ကွယ်လျက် ကုလအကျင့်သို့ ပါလေသော်။ ပြည်သူအားသနားခြင်းမရှိ၊ အမျိုးမစောင့် မင်းတရား ထိုမင်းကိုယ်သင်္ဂဟတရားမရှိ၊ ထိုမင်းအစိုးရသော် နိုင်ငံ၌ မိုးမမှန်၊ အသီးအပွင့်အရသာမရှိ၊ ဥတုရာသီမဖြောင့်၊ ဓာတ်လေးပါးချောက်ချားကြောင်း ရှေးပညာရှိတို့အမှာရှိပါသည်။ မျာလိကို
ကျေးစား၊ ရွာစား၊ မြို့စားပေးသို့လျှင်၊ တိုင်းပြည်တော်တွင် ကုလားမြို့ရွာအများရှိပါသည်။ 
မိမိတို့ အကျင့်အယူတူရာသဘာဝချင်း သာ ကျေးစား ရွာစားပေးရပါမည်။ အရှင်မိဖုရားလည်း သိက္ခာတော်ရှစ်ပါး ' စသော သာဓုနရတရားကို လွှတ်တော်မမူသင့်ပါလျှောက်လေသော။ ပြည့်ရှင် မင်းကြီးကလည်း မိဖုရားကြီးသည် တခါတရားလွတ်ချေသည်။ အမတ်ကြီးက အကျိုးအပြစ်ပြ၍ဆုံးမလျှောက်ထားရမည် အမိန့်တော်ရှိလေသော်။ မိဖုရားလည် အလွန်ရှက်လှ၍၊ကုလားမျာလိသို့ ငွေတစ်ထောင်ပြန်တော်မူပြီးလျှင်။ အမတ်ကြီးကိုခေါ်စေ၍ နောက်နောင်မတော်သမျှ သမီး  အမှတ်ထား၍ ဆုံးမပါအမိန့်တော်ရှိပြီးသော်။ အမတ်ကြီးသို့ ဝတ်စုံတန်ဆာဆုပေးတော်မူလေသည်။ ။.......







✎﹏﹏﹏﹏﹏﹏﹏﹏﹏﹏៚🖍
Zaw Min (တိုင်းဓည)

Comments