Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ကိန်လူမျိုး အကြောင်း ဒီဝေသာလီကြေးနီပြားစာမှာ မျိုးဆက်ခုနစ်ဆက်ပါတယ်။




ကိန်လူမျိုး အကြောင်း ဒီဝေသာလီကြေးနီပြားစာမှာ မျိုးဆက်ခုနစ်ဆက်ပါတယ်။




နာမည်မှာ “ကိန်” အမည် ပါတဲ့ လူမျိုးတွေဟာ ဗုဒ္ဓဘာသာကို အလွန်သက်၀င်ယုံကြည်ကြသော လူမျိုးများဖြစ်ကြသည်။ ထိုကိန်အမည်ပါသော လူမျိုးများသည် ရခိုင်ဝေသာလီ၌  အနယ်နယ်အရပ်ရပ် အရပ်လေးမျက်နှာမှ  ပရိယတ္တိ စာပေသင်ကြားရန် ကြွရောက်လာကြကုန်သော ရဟန်းသံဃာတော်များအတွက်  ဇေတ၀န်ကျောင်းတော်များဆောက်လုပ်လှူဒါန်းခြင်း၊ ထိုကျောင်းတော်မှာ သီတင်းသုံးပြီး စာသင်ကြမည့် ရဟန်းသံဃာတော်များအတွက်  ဆွမ်းကိစ္စအဆင်ပြေစေရန် လယ်မြေ ၃၀၀၀ ထိ လှူဒါန်းထားကြောင်းရေးထိုးထားသည်။ ရခိုင်ဝေသာလီက ရရှိသော ကြေးနီးပြားစာတွင်  တွေ့ရှိရသည်။ ကိန် အမည်ပါသော သူများသည် ဘုရင်တို့၏ မိဖုရားများဖြစ်ကြသည်ကိုတွေ့ရပြီး၊ ဘုရင်အမည်များမှာ ရခိုင်ဝေသာလီကြေးနီးပြားစာတွင် ပိုင်းဖြတ်ခံလိုက်ရသည့် အပိုင်းတွင် ပါသွားခြင်းကြောင့် ဘုရင်အမည်ကို ဖော်မပြနိုင်တော့ပေ။ 
Credit FB - Razar Min (comments) 

Comments