နိုင်ငံအမည်ကို ပြောင်းလဲ့မယ်ဆိုတဲ့ လူတွေ သတိထားရမယ့် အချက်

နိုင်ငံအမည်ကို ပြောင်းလဲ့မယ်ဆိုတဲ့ 
လူတွေ သတိထားရမယ့် အချက်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★



မြန်မာကို ရောမကြိတ်ကြနဲ့၊
မြန်မာနိုင်ငံ အမည်ကို ပြောင်းရမှာ မဟုတ်၊ ကျင့်သုံးနေတဲ့ မူဝါဒကို ပြောင်းလဲ့ရမှာဖြစ်တယ်။

မြန်မာကို နိုင်ငံ ပဲထားကြပါ၊ မြန်မာကို ဗမာ မလုပ်ကြနဲ့၊ 
သမိုင်းကြောင်းအရတော့ မြန်မာရော၊ ဗမာရော လက်ရှိဗမာလူမျိုးခေါ် လူမျိုးအမည်မဟုတ်ပါဘူး။ အင်္ဂလိပ်ခေတ်မှ Burmese ခေါ်ရာကနေ ဗမာ ဆိုပြီး ဖြစ်လာတာပဲ၊ ဒါကို နေဝင်းခေတ်ရောက်မှ မြန်မာနိုင်ငံ (မြန်မာ) ဆိုပြီး ပြောင်းလဲ့ဖြစ်လာတာ ဒါပဲရှိတယ်။  
ဒါပေမယ့် လက်ရှိအနေအထားအရ အများလက်ခံ နိုင်ငံတော်အစိုးရမှလဲ့  တရားဝင်သတ်မှတ်ထားတာကတော လူမျိုးအကုန်လုံးပါဝင်သော(မြန်မာနိုင်ငံ(မြန်မာ) ဖြစ်ပြီး၊ ဗမာ အမည်က လက်ရှိဗမာလူမျိုးခေါ် လူမျိုးပဲဖြစ်တယ်။ 
ဥပမာ.. အမေရိကန် ၊ ဂျပန် စသည့် နိုင်ငံခြားမှာ သင်္ကြန်ချတယ် ရခိုင်၊ ဗမာ ၊ ကရင်၊ စသည့်လူမျိုးစုံပါဝင်တယ်၊ ဆိုင်းဘုတ်၏ ခေါင်းစဉ်က မြန်မာသင်္ကြန်ပွဲတော် လူမျိုးစုံပါဝင်လို့ ဒီလိုရေးတယ်..ဒါပဲ။   ၊ ရခိုင်လူမျိုးတစ်ခုတည်းကပဲ လုပ်ရင်တော့ ရခိုင်သင်္ကြန်ပဲ၊ ကချင်လူမျိုးတစ်ခုတည်းလုပ်ရင်တော့ ကချင်သင်္ကြန်ပဲ။ ရခိုင်သင်္ကြန်ဆိုတာကလဲ့ သမိုင်းကြောင်းကနေစတင်လာတာပဲ ၊ ဒီနေ့အချိန်ထိလည်း အစိုးရထုတ် သတင်းစာတွေမှာ ရခိုင်သက္ကရာဇ် သင်္ကြန် ဘာနေ့ ဆိုတာက ပျောက်လို့ကိုမရပါဘူး။ ပြောချင်တာက မြန်မာ ဆိုတာ လူမျိုးအားလုံးပါဝင်သော နိုင်ငံ အမည်။ ဒါကို ဗမာ အများစုကပါ ကျောင်းစာသင် စာတွေမှာပါ မြန်မာကို ရောကြိတ်ပြီး လုပ်နေကြတယ်၊ 
ရှေးမြန်မာဘုရင်တွေ ပြောပြီး နောက်က အနော်ရထာ၊ ကျန်စစ်သား ဘုရင့်နောင့် စသည့် ဗမာအမည်ခံ ရောပြီး ကြိတ်ထားတယ်။ ထိုးအတူပဲ မြန်မာ့ သီချင်း၊ မြန်မာ့ သံစဉ်၊ မြန်မာအဝတ် စသည်တွေ ပြောပြီး ဗမာအရာတွေကိုပဲ ရောကြိတ်ပြီး ပြောနေကြတယ် ဗမာစကားကိုပဲ မြန်မာစကားတဲ့ ဒီလိုတွေရောကြိတ်ပြီး သုံးစွဲနေတာတွေပဲဖြစ်နေတယ်၊ ဒီလို ဝါဒကျင့်သုံးနေကြလို့ လွတ်တော်မှာ နိုင်ငံ အမည်ကို ပြောင်းမယ်ဆိုပြီး ဖြစ်လာခဲ့တာ။ အမှန်တော့ မြန်မာနိုင်ငံ(မြန်မာ) အမည်ကို ပြောင်းရမှာမဟုတ်၊ မြန်မာကို ရောကြိတ်ပြီး ကျင့်သုံးပြောဆိုနေတဲ့ မူဝါဒတွေကို ပြောင်းလဲ့ရမှာဖြစ်တယ်။ မြန်မာနိုင်ငံ(မြန်မာ) အမည်ကို ပြောင်းလဲ့လိုက်ရင် 
အဲ့...မြန်မာ အမည်ကို သူတို့(ဗမာ)ကို တရားဝင် သုံးစွဲခွင့်ပေးလိုက်တာနဲ့ အတူတူပဲ။ ဒါကြောင့် 
နိုင်ငံအမည်ကို ပြောင်းလဲ့ရမယ့်ဆိုတဲ့ 
လွတ်တော်အမတ်များ သတိထားရမယ့် အချက်ဖြစ်တယ်။ ထပ်ပြောမယ်..လက်ရှိ မြန်မာနိုင်ငံ ဆိုတဲ့အမည်ကို ပြောင်းရမှာမဟုတ်၊ ရောကြိတ်ပြီး ပြောဆိုသုံးစွဲနေတာတွေကို ပြောင်းရမှာဖြစ်တယ်။
 မြန်မာဆိုတာ ဗမာမဟုတ်၊ ဗမာဆိုတာကလဲ အမည်အစစ်မဟုတ်၊ 
သို့သော် လက်ရှိအနေအထားအရ မြန်မာဆိုတာ လူမျိုးစုံပါဝင်တဲ့ နိုင်ငံ အမည်။ ဗမာဆိုတာ ဗမာလူမျိုးအဖြစ် သတ်မှတ်နေတာပဲဖြစ်တယ်။ မြန်မာနိုင်ငံ အမည်ကို ရောကြိတ်ပြီး မယူကြနဲ့ သတိထားပါ။ အရင်ကလည်း ဗမာနိုင်ငံတော် ဆိုတာကို  လုယူခဲ့ကြပြီးပြီ။ ဒါကြောင့် ထပ်ပြောမယ်..လက်ရှိ မြန်မာနိုင်ငံ ဆိုတဲ့အမည်ကို ပြောင်းရမှာမဟုတ်၊ ရောကြိတ်ပြီး ပြောဆိုသုံးစွဲနေတာတွေကို ပြောင်းရမှာဖြစ်တယ်။

အကျဉ်းချုပ် စကားတစ်ခွန်းပဲ ပြောလိုက်မယ် ၊ အခု မြန်မာနိုင်ငံတော် ဆိုတာ လူမျိုးအားလုံးနေတဲ့ တိုင်းပြည် မြေပုံတစ်ခုကို ခေါ်တာ ဟုတ်သလား။ ဒီတော့ ဒီနိုင်ငံ၏ အစိုးရက (အရင်ခေတ်အရဆို ဘုရင်ပေါ့ကွာ အစိုးရဆိုတာ) သူတို့က နိုင်ငံခြားကို သွားရင် (ဒီမှာ ဘယ်လူမျိုးက သွားတယ်ဆိုတာ လူမျိုးမပါဘူးနော်..) မြန်မာအစိုးရလို့ မသုံးဘူးလား။ မခေါ်ဘူးလား။ 

ကဲ့ မင်းတို့ပြနေတဲ့ ပုဂံခေတ်က မြမ္မာပြည်ဆိုတဲ့အမည်.. သီပေါးမင်းက မြမ္မာဘုရင် သုံးတယ် ပြောတယ်ဆိုတာ။ လူမျိုးလား.. တိုင်းပြည်လား.. သဘောပေါက်သင့်ပြီထင်တယ်။ 




✏ ✏ ✏ ✏ ✏
Zaw Zaw (ရက္ခပူရတိုင်း) 

Comments

Popular posts from this blog

ဓညဝတီ ရက္ခိုင်ပြည်မှ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာ သက်သေတည်။

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)