ရခိုင်သူမြတ်ရဲ့ လောကသာရပျို့ ပုရပိုက်မူ
................................................
ဒီကျမ်းဟာ လေးမြို့ခေတ်မှာ ရခိုင်သူမြတ်လို့ ကျော်ကြားခဲ့တဲ့ အရှင်အဂ္ဂါဓိပတိက ဘုန်းကြီး ကျောင်းသားလေး စော်ကဲတို့ကို သင်ပေးခဲ့တဲ့ ဆုံးမစာ ပျို့လင်္ကာ ကျမ်းငယ်တကျမ်း ဖြစ်တယ်။
မရည်မှန်းပဲ စော်ကဲဟာ ဗမာပြည်မှာ မင်းဖြစ်သွားတော့ အရှင်သူမြတ်ကို ဗမာပြည်ထိ ပင့်လို့ မင်းဆရာ အဖြစ်နဲ့ ကန်တော် မင်းကျောင်းကို ဆောက်လုပ်လှူဒါန်း ကိုးကွယ်ပူဇော်ခဲ့တယ်။
(ကျမ်းကိုး။။ ဆရာကြီးမင်သုဝဏ်၏ လောကသာရနိဒါန်း၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ အခြားဆောင်ပါးများ၊ နှုတ်ဟြေရာဇဝင်များ၊ မှန်နန်း၊ ရခိုင့်ရာဇဝင်သစ်၊ တို့မှညှိရေးလိုက်သည်)
😃
Ssပုံထဲက ကျမ်းဟာ စော်ကဲတို့ သင်ကြားခဲ့တဲ့ လောကသာရ၊ ရာဇသာရ ပျို့မှ ကူးယူထားတဲ့ မူတခု ဖြစ်တယ်။
၁၂ကြောင်း ရေးထားတယ်။
ပေရွက်တွေ ပုံစံက ဇာတာ(ရက်ချုပ်)နဲ့ တူနေတယ်။
ဒါကြောင့် ဒီစာမူဟာ
ပေရွက်မှာ ရေးထားတာ မဖြစ်နိုင်ဘူး။ အနံသုံးလက္မခွဲနဲ့ အလျားကိုးလက်မ (3½"x9")ရှိတဲ့ ဇာတာလို ကြေးဟြးမှာ ရေးထားတာ ဖြစ်ပါလိမ့်မယ်။
အခံ(မျက်နှာဖုံး)ပေရွက်ပေါ်မှာ ခုခေတ် အက္ခရာတွေနဲ့
၁။ လောကသာရ အဖျား
၂။ မြုံပြည်
၃။ မြားမြောင် ဝပုတ်စု
၄။ ကောင်းတကာကြီး ဦးသန် (၁၀၁နှစ်
၅။ ၏ ကိုယ်ပိုင် ပုရပိုက်
၆။ 1989 ရခ၏
လို့ ရေးသားထားတယ်။
ဒါကို ထောက်ဆ ကြည့်ရင်
ဒီကျမ်းဟာ
= လောကသာရပျို့ အကုန်လုံး မဟုတ်၊ အဖျားပိုင်းလောက်ကိုသာ ရေးသားထားတဲ့ ကျမ်း ဖြစ်တယ်။
= 'က'မှ 'ကေ'ထိ၊ ၇ .ရွက်/စာမျက်နှာ ၁၄က်မှာ၊ ပေ အင်္ဂါသဘောဖြင့် ဟြေရရင် တစ်အင်္ဂါရဲ့နှစ်ပုံ တစ်ပုံ(½အင်္ဂါ)နဲ့ တစ်ရွက်ပေါ့။
= 1989ခု၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ မြုံထောင်၊ ဝပုတ်စုရွာ သား၊ ကျောင်းဒကာကြီး ဦးသန် (အသက် ၁၀၁.နှစ်)ဆီက ရရှိခဲ့တာလို့ သိရပါတယ်။
free 4 Arakhanမှာ pdfတင်ထားပါတယ်။
နှမြောစရာ ကောင်းလိုက်တာက 'က'ပေရွက် မပါဘူး။ နံပါတ် ၂ပေါ့။
😃
နောက်ဆုံး ပေရွက်ပေါ်မှာ ရေးထားတာကို ပုဂံဖောင်းနဲ့ အနီးစပ်ဆုံး ဖေါ်ပြရမယ် ဆိုရင်တော့...
၄။........ သကြ္ကဋ် ဒ၃ဒ ခု၃ှာစ်ခူ။ ဟြး
(သက္ကရာဇ် ၁၃၁ခုနှစ်ခု၊ ဟြ)
၅။ သိုဝ်လဆုပ်ကိုဝ်ရက်။ စ၃ိာ၃ိာတ်။ ၈လာကသာရာ မုံရင် အတိုင်
(သိုလ်လဆုပ် ကိုးရက်၊ စနီနိ၊ လောကသာရ မူရင်းအတိုင်း)
၆။ ကိုဝ်။ ရွီဗြိဋုံထူ်။ လက်ရွီမလှ မှင်ဋက်မျာ၈သှာ်။ စလုံ၈လွ်၈သာ်၊
(ကို၊ ရွီးဗြီးဇုံ၏။ လက်ရွီးမလှ၊ မှင်ဇက်များသော၊် စာလုံးလွဲသော်)
၇။ စါမ၈သာ၈သှာ်၊၊ စလုံကျဝ၈သှာ်၊၊ အပြစ်မာဆိုဝ်သား၊၊ ပည်ာဟိသူ၈ဒါ၊၊
(စာမှားသသော်၊ စာလုံးကျသော်၊ အပြစ်မဆိုသား၊ ပညာဟိသူတော်)
၈။ ၈ဂါင်ရွိုဝ်။ တွက်စားယူငင်။ ဘတ္တောမုံဗာဘြွား၊၊ ၃ိာဗ္ဗာ၃ာ်၃ာသာပစ္စ၈ယာ။
(ကောင်းရို့၊ တွက်ဆယူငင်၊ ဖတ်တော်မူပါဘုရား၊ နိဗ္ဗာန္နဿ ပစ္စယော)
၉။ ဩီစံ၈၈ျာ် လက်မှတ်၈တ်ာဖြစ်ပါသှည်ဘြွား။
(သီရိစံကျော် လက်မှတ်တော် ဖြစ်ပါသည်ဘုရား)
မြန်မာလို ဖလှယ်ရရင်...
သက္ကရာဇ် ၁၃၁၇ ခု၊ ဟြသိုလ်လဆုပ် ၉ရက်၊ စနေနေ့၊ လောကသာရမူရင်းအတိုင်းကို ရေး ပြီးစုံ၏။
လက်ရေးမလှ၊ မှင်စက်များသော်၊ စာလုံးလွဲသော်၊ စာမှားသသော်၊ စာလုံးကျသော်၊ အပြစ်မဆိုသား၊ ပညာရှိသူတော်ကောင်းတို့ တွေးဆယူငင်၊ ဖတ်တော်မူပါဘုရား၊
နိဗ္ဗာန္နဿ ပစ္စယော ဟောတု
သီရိစံကျော် လက်ရေးတော် ဖြစ်ပါသည်ဘုရား။
😃
ဒီနေရာမှာ စာကူးသူ သီရိစံကျော် ဆိုတဲ့ နာမည်ကို နည်းနည်း စဉ်းစားမိတယ်။
သူက သာမန်လူ မဟုတ်ဘူး၊ ထင်တယ်။ သီရိ(Sri/ရှရိ)ဘွဲ့ကို ရရှိထားသူ ဖြစ်တယ်၊ ဒီဘွဲ့ဟာ အင်္ဂလိပ် အစိုးရက ပေးထားတဲ့ ဘွဲ့လား။
မြုံမင်းတယောက်ရဲ့ ဘွဲ့နာမည်လား၊
ဒါမှမဟုတ်
သော်တလီ(ရှိတ်)တယောက်လား၊ တခုခုတော့ တခုခုပေါ့။
(ဒီအပိုင်း ရက္ခလုင်မှ)
......
လောကသာရ ဆုံးမစာ
(ရခိုင်သူမြတ်) (မူကြမ်း)
ရခိုင်မြတ်သည် မင်းထီးဘုရင်လက်ထက် (အေဒီ-1283) မြန်မာသက္ကရာဇ် (645) တွင် ထင်းရှားသောရဟန်းပညာရှိတစ်ဦးဖြစ်သည်၊ သက္ကရာဇ် (688) ခုနှစ်တါင် မင်းလျင်စောသည် မစ္ဆဂိရီသရက်မြို့ကိုတည်၍နေသည်၊ သက်လူမျိုးတို့ အုပ်စိုးသောကြောင့် သက်မင်းလျင်စောဟု တွင်သည်၊။ ၄င်းတွင် စောစုံ၊စောဖြူ၊စောတူဟူ၍ သားတော်သုံးပါးရှိသည်၊ သက်တို့သည် အင်အားကောင်းလာသောအခါ ရခိုင်ရိုးမတောင်စဉ်တောင်တန်းရှိကျေးရွာများကို သွားရောက်တိုက်ခိုက်လေရာ ရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီးရာဇစည်သူ သင်္ကြန်ကိုစေလွတ်၍ သရက်မြို့ကိုသိမ်းခိုင်းသည်။
သက္ကရာဇ် (695) ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနျင့် ရခိုင်ရိုးမကိုကျော်ဖြတ်ကာ သက်မင်းလျင်းစောအား သားတော်သမီးတော်၊ မိဖုရား မောင်မနှင့်တကွ ရခိုင်သို့ခေါ်ဆောင်ခဲ့လေသည်၊ ရခိုင်ဘုရင်မင်းထီးသည်လည်း သက်မင်းလျင်စောအား ကောင်းစွာချီးမြှင့်မြှောက်စားထားသည် ထိုအခါ မင်းလျင်စောသည် သူ့သားတော်များအာ ပိဋကတ်ဗေဒင်အရာ ကျွမ်းကျင်တတ်မြောက်သော ရခိုင်သူမြတ် ဆရာတော်ထံအပ်နှံ့သင်ကြားစေလေသည်။
မင်းသုံးပါးလုံးသည် ပိဋကတ်၊ ဗေဒင်၍တတ်လေလျှင် ဆရာသူမြတ်သည် ဤသို့အိပ်မက်မြင်မက်သည်၊ နောက်တော်ကြီးစောစုံသည် စမုန်မြစ်ရေကိုသောက်ကုန်သည်ဟု မက်သည်၊ ညီလတ်စောဖြူသည် ဖိုးဦးမော်ရေကို လည်းကောင်း၊ ညီတော်အငယ်စောတူသည် အဝြမတ်ရေကိုသောက်ကုန်သည်ဟုလည်းကောင်း မြင်မက်သည်၊ ဆရာသူမြတ်လည်း မင်းသုံးပါးကိုခေါ်၍ အမောင်တို့ စစ်ကိုင် ပင်းယသို့သွား၍ နေကြလေ၊ မင်းချည်းဖြစ်ကုန်လိမ့်မည်ဟု မည်ကြားသည်၊ ညီနောင်သုံးတို့သည်လည်း သက္ကရာဇ် (705)ခုနှစ်တွင် အရှေ့ပြည်သို့ သွားကြလေသည်၊ စစ်ကိုင်းပင်းယသို့ရောက်လတ်သော် စောစုံသည် မြင်းစိုင်းမြို့ကိုစားရ၏၊ စောဖြူသည်ပြည်မြို့ကိုစားရသည်။ စောတူသည် အမြင့်မြို့ကို တရဖျားစောကဲအမည်ဖြင့် စားရသည်၊ နောက်အခါ အမြင့်စား တရဖျားစောကဲသည် အင်းဝြမို့တွင် မင်းကြီးစောကဲအမည်ဖြင့် မင်းဖြစ်လေသည်၊ မင်းဖြစ်၍ တစ်ဆယ့်ခြောက်နှစ်ကြာမြင့်သောအခါ မင်းကြီးသည် မိမိငယ်ဆရာ ရခိုင်သူမြတ်အားသတိရ၍ နေပြည်တော်သို့ပင်ဆောင်ကာ မဟာသံဃရာဇာ ဟူသော ဘွဲ့တံဆိပ် ကပ်လှူပူဇော်ပြီး ကိုးကွယ်တော်မှုသည်။ ထိုမဟာသံဃရာဇာ တံဆိပ်နာမကို ခံယူတော်မူသော ရခိုင်သူမြတ်သည် မင်းသုံးပါးကိုစာပေပို့ချစဉ်အခါက လောကသာရပျို့ကို စီကုံးကာ မင်းသားတို့အားသင်ကြားပေးလေသည်။
လောကသာရပျို့မှာ အမျိုးလေးပါးကို ဆုံးမသော အခန်းများပါရှိ၍ ငယ်ရွယ်သူများအား ဗလငါးတန်ပြည့်ဝစေရေးအတွက် ဆိုဆုံးမရန်လွန်စွာ အဖိုးတန်ပေသည်၊ နိုင်ငံတော်အစိုးရက ကျောင်းသင်ဘာသာရပ်အဖြစ် ပြဋ္ဌာန်းခွင့်ပြုထားရာ ပေါပေါများများတွေ့ရ၍ အထူးဖော်ပြရန်လိုမည်မဟုတ်ပေ။
ယခုဖော်ပြလိုသော လောကသာရပျို့မှာ ရခိုင်ပြည်မောက်ပိုင်း သွားလာရေခက်ခဲ့သော ဒေသများတွင် အစဉ်အဆက်နှစ်ပရိဒေဝြကာမြင့်စွာသိမ်းဆည်းခဲ့လာကြသော ပေပရပိုက်များတွင် မှတ်တမ်းတင်ထားသည့် လောကသာရပျို့ပင်စြဖ်သည်၊ ရေးရိုးရခိုင်စဉ်ဆက် ဘုန်းတော်ကြီးကျောင်းတွင် သင်အံခဲ့ရသော ပျို့ကဗျာဖြစ်သည်၊ ရခိုင်ကျောက်စာအရေးအသား ဒင်္ဂါစာအရေးအသားဖြစ်သော ရက္ခ၀ဏ္ဏ အက္ခရာဖြင့် ရေးသားထားသည်၊ ပရပိုက်ဟုခေါ်ဆိုသည့် စာမှုကို ၄င်းလက်သုံးစာမှုဖြစ်သည်ဟု ပိုင်ရှင်ကျောင်းဒကာကြီးကဆိုသည်။
၁. ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္တိက၊ သြ၀ါဒဖြင့်၊ ဆုံးမပီးလီ၊ နား၀င့်စီလော့၊ နီသို့ထင်ယှား၊ ဘုရားတရားသင်္ဃာ၊ ရတနာထွဋ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထွဋ်ထက်၊ အမြဲရွက်ဆို၊ စုံမက်သဒ္ဒါ ကြည်စီမင်း ။
၂. အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စီမင်း။
စသဖြင့်... ဆက်ရန်...
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။