Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗမာစာပေ ကဏ္ဍ ဖြစ်တည်လာခြင်း

ဗမာစာပေ ကဏ္ဍ ဖြစ်တည်လာခြင်း
°°°°°°°°°°°°°°°°°°°°°°°°°

          ပုဂံခေတ် ကျန်စစ်သားမင်း လက်ထက်မှစ၍ ပျူစာပေ အရေးအသား တိမ်ကော ပျောက်ကွယ်၍ မရမာစာဟုခေါ်သော မြန်မာစာကို ဗမာတို့ ရေးသားလာခဲ့ကြသည်။ သို့သော် ပုဂံခေတ်စာပေမှာ မော်ကွန်း ကဗျာ လင်္ကါ ဋီကါ အဆင့် တွင်သာရှိသည်။ စစ်ကျမ်း ဗေဒင်ကျမ်း ဆေးကျမ်း ကြံကျမ်း ပကါကျမ်း စသော နီတိကျမ်းများကို ရေးသား နိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။
            အင်းဝခေတ်တွင် ၀န်ကြီးပဒေသရာဇာသည် သူဇာပျို့ မဏိကတ် ပျို့ တို့ကို စီကုံး ရေးသား၍ ဗမာတို့၏ စာပေအဆင့်အတန်းကို မြှင့်တင်ပေးခဲ့သည်။ သို့သော်ရခိုင်စာပေနှင့် နှိုင်းယှည်လျှင်မူ စာကြီးပေကြီးကို ရေးသားနှိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။
          ၁၁၄၆ ခုရခိုင်ပြည်ကို သိမ်းယူပြီးနောက်မှ ဗမာတို့၏ စာပေသည် တဟုန်ထိုး တိုးတက် လာသည်။ ကုန်းဘောင်ခေတ်တွင် ဗမာတို့သည် ရခိုင်ပြည်မှ ယူဆောင်လာခဲ့သော သင်္သကရိုက်ဘာသာ ပါဠိဘာသာ မရမာဘာသာ တို့ဖြင့်ရေးသားထားသော ပုရပိုဒ်ကျမ်းစာ အမျိုးမျိုး တို့ကို လုံးစေ့ ပါတ်စေ့ ဖတ်၍ နားမလည်ကြပေ။
         ထို့ကြောင့် ညောင်ကန်ဆရာတော်နှင့် မောင်းထောင်း သာသနာပိုင် ဆရာတော်နှစ်ပါး တို့သည် အိန္ဒိယနိုင်ငံသို့သွား၍ သင်္သကရိုက်နှင့် ပါဠိစာပေကို သင်ကြားခဲ့ကြရသည်။ ထိုဆရာတော်နှစ်ပါး၏ ကြေးဇူးကြောင့် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ဆန်းကျမ်း ဓါတ်ကျမ်း ဆေးကျမ်း အပြင် ပိဌကဋ် နှင့် ကျမ်းအမျိုးမျိုး တို့ကို ဗမာတို့ရေးသား လာနိုင်ခဲ့ကြ သည်။ ထို့ပြင် ထိုဆရာတော်နှစ်ပါး၏ ကြေးဇူးကြောင့် ဘောင်အနွယ် ပုဏ္ဏားတို့၏ ဘောင်ဇီကါ ကို သံဌိဌ(လက်ဆန်း) ဟုပြန်ဆိုကါ ဗမာမူ ပြုလုပ်၍ ဗေဒင်ပညာကို တခေတ်ဆန်း စေခဲ့ကြ လေသည်။  

                      ဒွါဒသိန်နှင့်ဦးဘိုးလှိုင်

         ယောမင်းကြီးဦးဘိုးလှိုင်သည် ရခိုင်ပြည်မှယူဆောင်လာသော ဆေးကျမ်းများ အနက်မှ ဒွါဒသိမ်ကျမ်းကို နားမလည်သဖြင့် အများသူငါ သုံးရန်မသင့်ဟု ဆုံးဖြတ်ကါ မသုံးကြရန် တားမြစ်ခဲ့သည်။ ဒွါဒသိမ်ကျမ်းမှာ ၁၂ ရာသီကို နက္ခတ်သဘော ဓါတ်သဘောခွဲ၍ ရောဂါ လက္ခဏါနှင့် ဓါတ်စာပေး၍ ကုသရသော ကျမ်းဖြစ်ပါသည်။ ဦးဘိုးလှိုင် ပစ်ပယ်ခဲ့သော ထိုဒွါဒသိမ် ကျမ်းမှာ ယ္ခုအခါ ဝေဒ ပညာရှင်များ လက်ကိုင်ထါးရသော ကျမ်းတဆူပင် ဖြစ်ပါ သည်။ နရသုခိ နရမာလာ နရတန်ဆောင် ဒွါဒသိမ် စသောဆေးကျမ်း ကြီးများသည် ရခိုင်ပြည်မှ ဗမာတို့ယူဆောင်သွားသော ကျမ်းများပင် ဖြစ်သည်။
             ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင်မှ ဥတုဘောဇန အဘိဓမ္မာ တောင်သာ ခြောက်လုံးကေါက် ခံဗူး ဘေသဇ္ဇ သြဠာရိကသုခုမ အစရှိသော ဆေးကျမ်းများ ထွက်ပေါ် လာခဲ့သည်။

                      ခေတ်သစ်မြန်မာစာ

             ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် ဗမာစာပေ ဟုတ်တိပတ်တိ မထွန်းကါး ခဲ့ပေ။ ယနေ့ရေးသားနေကြသော စာပေကို အင်္ဂလိပ်လူမျိုး ဟာနီဘယ်နှင့် ရခိုင်လူမျိုး ဦးမေအောင် (မဲအောင် ဒေါ်မမြစိန်၏အဖ) တို့က မြန်မာစာဟု သမုတ်ကါ မြန်မာစာပေကို စုစည်း ပေးခဲ့ကြသည်။ 
           ထိုနောက်မှ သိပ္ပံမောင်၀ ဇော်ဂျီ မင်းသု၀ဏ် အစရှိသော ဗမာစာရေးဆရာတို့က ခေတ်စမ်းစာပေ ဟုသမုတ် ခဲ့ကြပြန်သည်။ ဤမြန်မာစာကို ပင်လျှင် ဆရာဇော်ဂျီသည် မဟာ ဆန်ချင်သူ ပြဇာတ်၌ စကါးပြေဟု သုံးစွဲခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ မြန်မာစာကို မြန်မာစကါးပြေဟု သုံးနှုံးကါ ဗမာတို့ မူပိုင်ပြုလုပ်ခဲ့ကြသည်။ မရှိရာမှ ရှိရာသို့ ပုံတူကူးယူ ထီထွင်ပြုလုပ် သုံးစွဲရာတွင် အာဏါသည် အဓိကပင်ဖြစ်သည်။

                လက်ပြောင်းလက်လွဲလုပ်ခြင်းနှင့် တိုင်းရင်းသားပြသနာ

          ၁၈၈၅ ခုနှစ်တွင် ဗမာပြည်တခုလုံး အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွား လေသည်။ ချင်း ကချင် ကယား မွန် ဗမာ ရခိုင် ရှမ်း တို့မှာ နီးစပ်ရာ လူသူ လက်နက် စုဆောင်း၍ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားတို့အား ဗမာနှင့် အတူ လွပ်လပ်ရေးကို ယူပါ။ ၁၀ နှစ်ကြာလျှင် ဗမာနှင့် နေလိုကနေ မနေလိုက ခွဲထွက်ပိုင်ခွင့် ရှိသည် ဟူသော ဂတိခံ၀န်ချက်ကြောင့် ပင်လုံမြို့တွင် တိုင်းရင်းသား ခေါင်းဆောင်များ စုဝေး၍ တညီတညွတ်တည်း လက်မှတ်ရေးထိုး၍ လွပ်လပ် ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဦးနု ၀န်ကြီးချုပ်ဖြစ် လာလေသည်။ ၁၀ နှစ်ကျော်၍ နှစ်သာ ကြာလာသည် ခွဲထွက်ရေးကို အပထား၍ ဖက်ဒရယ် ဟုခေါ်သော ကိုယ်ပိုင် ပြဌာန်းခွင့် အုပ်ချုပ်ရေး စနစ်ကိုမျှ မရသည့်အဆုံး အချက် ၁၀ ချက်ပါ ရှမ်းမူကို တိုင်းရင်းသားတို့က ၀န်ကြီးချုပ်ဦးနုအား တင်ပြလာကြသည်။ ဦးနုသည်တိုင်းရင်းသား အရေးကို ကြံရာမရ ဖြစ်သွားလေသည်။
        ရှမ်းဆိုတာ ခေါင်းပေါ်မှာ ငှက်ပျံတာတောင် မကြိုက်ဘူး ရခိုင်ဆိုတာ မြွေပွေးထက် ကြောက်စရာ ကေါင်းတယ် ရခိုင်နဲ့မြွေပွေးကိုတွေ့ရင် ရခိုင်ကို အရင်သတ်ရမယ် စသည့် တိုင်း ရင်းသား တို့အပေါ် ဗမာတို့မည်သို့ သဘောထားရမည့် ဝါဒကို ရှေးဗမာတို့က နောက်ပေါက် ဗမာ တို့အား သွန်သင်သြ၀ါဒ ပေးထားခဲ့ကြသည်။ တိုင်းရင်းသားတို့ကို ခွဲထွက်ခွင့် ပြုလိုက်ပါ က ဗမာတို့၏ အခြေအနေသည် ပထဝီအရရော သယံဇာတအရရော နိုင်ငံရေး လူမှုရေး ဘာသာရေး ယဉ်ကျေးမှု စာပေ တို့တွင်ပါ အပေါ်စီးမှ နေနိုင်တော့မည် မဟုတ်ပေ။
      ထို့ကြောင့် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းလက်သို့ ၀န်ကြီးချုပ်ဦးနုသည် အာဏါကို မလိမ့်တပါတ် လုပ်ကါ လွဲပေးခဲ့လေသည်။ ထိုအကြောင်းကို သိလျှက်နှင့် တိုင်းရင်းသား ခေါင်းဆောင် တို့မှာ ဗမာတို့၏ နိုင်ငံရေးလိမ်လည်မှု အောက်တွင် ခေါင်းဆောင်များ အသတ် ခံရခြင်းဖြင့် နိုင်ငံရေး ဝဲဂယက်ထဲတွင် နစ်မြုတ်ရပြန်လေသည်။
          အာဏါရ ဗမာလူတန်းစား အဆက်ဆက်သည် ဗမာလူထုနှင့် တိုင်းရင်းသားတို့ကို အမျိုးမျိုး ဝါဒဖြန့် သပ်ချိုသွေးခွဲသော မူဝါဒများကို ကျင့်သုံးခြင်း၊ တယောက်မှ တယောက် လက်သို့ ဂတိမတည် လက်ပြောင်း လက်လွဲလုပ်ခြင်း စသည့်ပေါ်လစီ အမျိုးမျိုးကို ကျင့်သုံးကါ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားတို့ ချုပ်ဆိုထါးခဲ့ကြသော ပင်လုံစာချုပ်ကို စက္ကူစုတ် သဖွယ်ဖန်တီး ထားနိုင်ခဲ့ကြလေသည်။

Credit _________________________________;



Comments