ပျူတွေ ဘယ်လိုစကားမျိုးပြောကြသလဲ့။ ဗမာစကားနဲ့ တူသလား။ ပျူနဲ့ ဗမာ အတူတူလား။ သိရအောင် လေ့လာရအောင်။

ပျူတွေ ဘယ်လိုစကားမျိုးပြောကြသလဲ့။ ဗမာစကားနဲ့ တူသလား။ ပျူနဲ့ ဗမာ အတူတူလား။ သိရအောင် လေ့လာရအောင်။
••••••••••••••••••••

ပျူဘာသာစကား ကိုမြင်ဖူးလား၊ ပြောဖူးလားဗျာ.. ပျူတွေ ဘယ်လို စကားမျိုးပြောသလဲ့ဆိုတာ မပြောဖူးရင် ပြောခိုင်းမလို့ ဗမာစကားနဲ့ တူ..မတူ သိသွားအောင်လို့ပါ။
 ဘယ်ဘာသာ စကားကိုမဆို ဘယ်လိုစာနဲ့ပဲ ရေးရေး အဲ့စာပေ အက္ခရာကို တလုံးချင်း မြန်မာအက္ခရာ (ကခဂဃင)နဲ့ ဖလှယ်လိုက်ရင် သူ့အသံထွတ်ကိုရတာပဲဖြစ်တယ်.. အဓိပ္ပာယ် နားလည်တာ
မလည်တာ အပထား။ သူ့ပင်ကို အသံထွတ်ကို ရတာပဲ။ 
ကိုးရီးယား စာနဲ့ပဲရေးရေးပေါ့ မြန်မာစာနဲ့ ဖလှယ်ရင် အသံထွတ်ကို ရတာပဲ။


ကိုးရီးယား--
여        보     세   요
ယော  ဗျို   ဆဲ   ယို  
••••••••••••••••••••••



ထိုင်း--
ส       วัส    ดี
စ    ဝစ်    ဒီ 

ဘယ်လူမျိုးဘာသာစကား ဖြစ်ဖြစ် 
မြန်မာလို အက္ခရာ ဖလှယ်ရင် အဲ့လူမျိုး၏ ဘာသာစကား အသံထွတ်ကို ရတာကြီးပဲ။ 
••••••••••••••••••••••••
ဒီတော့.....အောက်ပုံ၏


ပျူ-ဘာသာစကား အသံထွတ်ကို လေ့လာဖတ်ကြည့်ပါ >> 
{သိဥမိ ။ ဥဝံတြးရောဟေားဗိးပံးတေား။ ပေါ​ဗံးမယး​ဗိး}

ဒါဟာ ဗမာစကား အသံထွတ် မဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြား သိမယ်ထင်ပါတယ်။ 

ပျူ ဆရာတွေ ဘာသာပြန်တာတစ်ခုကို ကိုင်ပြောရရင် ( ဗံး) ဆိုတာ ( မြတ်သော) လို့ အဓိပ္ပါယ် ရတယ်တဲ့။ ကဲဗျာဒါဆို ..
 ၁။ ပျူလို..(ဗံး)  ဗမာလို ( မြတ်သော။
၂။ပါဠိလို...( ပရမာ ) ဗမာလို ( မြတ်သော)။ စသဖြင့်ပေါ့။ 
ဒီတော့ ( ဗံး)ဆိုတဲ့ တစ်လုံးကိုတောင် သီးသန့် ဘာသာပြန်နေရသေးတာပဲ။
ဗံး ကို ဗမာက မြတ်သော ဆိုတော့ ပျူစကားနဲ့ ဗမာစကား လားလားမှ မဆိုင် မပတ်သတ်ဘူးဆိုတာ သိသွားပြီထင်ပါတယ်။ ပါဠိစကားပြောသလို သီးခြားဘာသာပြန်နေရတယ်ဆိုတာ သိပေါ့ဗျာ။
လူမျိုးတစ်ခု တူတယ်/ မတူဘူး ပြောဖို့က အဓိက နံပါတ်တစ် ဘာသာစကားပဲ။ အဲ့ဘာသာစကားကိုအခြေခံပြီး ဒီလူမျိုး တူတယ် မတူဘူး အ​ခြေခံအားဖြင့် ဆုံးဖြတ်တာပဲဖြစ်တယ်။ 
စာတူပြီး အသံထွတ် မတူတဲ့ မတူတဲ့လူမျိုးတွေတောင် ရှိသေးတာပဲ။
တိုင်းပြည်တစ်ခုမှာ လူမျိုးမတူပဲမယ့် စကား တစ်လုံး နှစ်လုံး တူကြတယ်ဆိုတာ ရှိတယ်။ ဒါကို အတင်းယူပြီး လူမျိုးအတူတူပဲဆိုပြီး ပြောလို့မရဘူး။
တစ်နိုင်ငံတည်းကို ထားအုန်း အင်္ဂလိပ်က Near(နီးယား) ဗမာက အနီး ။ ဒါဆို အင်္ဂလိပ်နဲ့ ဗမာလူမျိုးဟာ အတူတူပဲလို့ ဆိုနိုင်လား။ ဘာမှမဆိုင်ပဲ။
ပျူဘာသာစကား အသံထွတ်ကိုပဲကြည့် ဗမာစကားနဲ့ ဘာမှမဆိုင်။ 
တူတယ်လို့ပြောရအောင် ဘယ်စာပေအက္ခရာနဲ့ပဲ ရေးရေး အသံထွတ်က ဗမာတွေပြောတဲ့ စကားလေသံ ဝေါဟာရ တိုင်းပဲ ထွတ်ရမယ်မဟုတ်လား။ ဥပမာ ပါဠိဘာသာစကားကို နိုင်ငံအသီးသီးက စာပေအမျိုးမျိုးဖြင့် ရေးကြတယ်။လေသံအနည်းအငယ်သာကွဲမယ်။  ထွတ်တဲ့အသံက အတူတူပဲ။ 
ပျူစာပေ အက္ခရာနဲ့ ပါဠိဘာသာစကားကို ရေးတယ်။ မြန်မာလို့ အက္ခရာ ဖလှယ်လိုက်ရင် ဒါပဲထွတ်တာပဲ ပါဠိစကားအတိုင်းပဲထွတ်တာပဲလဲ့။
ပျူ ဘာသာစကား အသံထွတ်ဖတ်ကြည့်.... >> {သိဥမိ ။ ဥဝံတြးရောဟေားဗိးပံးတေား။ ပေါ​ဗံးမယး​ဗိး}
အဲ့ဒါ ဗမာစကားနဲ့ တူသလား ဆိုတာ မိမိဥာဏ်နဲ့ သုံးသပ်ပေါ့ဗျာ။ ဗမာစကားနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိမယ်ထင်ပါတယ်။
  ပျူ နဲ့ ဗမာ တူလား။ မတူလား ဆိုတာ ကွဲကွဲပြားပြား သိသင့်ပြီထင်ပါတယ်။ 
သမိုင်းအမှန်တရားနဲ့ လျောက်လမ်းနိုင်ကြပါစေ။ 

ဘယ်အက္ခရာနဲ့ပဲ ရေးထားရေထား.. အက္ခရာ ဖလှယ်ရင် သံထွတ်က ထွတ်ပေါ်လာတာပဲ။ 

➖➖➖➖➖➖➖➖➖➖➖➖➖
Zaw Wong(ဓညဝတီတိုင်း)

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား