Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မဟာမုနိကုန်းတော်မှ ရှမ်း ဆရာ မောင်ရွှေမှုံ ကျောက်စာ (သက္ကရာဇ်-၁၂၂၈) ခု

Unicode-

မဟာမုနိကုန်းတော်မှ ရှမ်း ဆရာ မောင်ရွှေမှုံ ကျောက်စာ  (သက္ကရာဇ်-၁၂၂၈) ခု

ကျောက်တော်မြို့  ရှမ်းဆရာမောင်ရွှေမှုံသည် မဟာမုနိဂူတော်ကို ပြုပြင်ခဲ့သည်။ မိမိပိုင်ငွေဖြင့်မလောက်သဖြင့် ဇနီးမယားသားသမီးတို့ကို ဝန်ထောက်မင်းထံ ပေါင်နှံ၍ ပြုပြင်ခဲ့သည်။ မလောက်၍တဖန် မိတ်ဆွေအပေါင်းသင်းများထံမှ အလျှူငွေများဖြင့် ထပ်မံပြုပြင်ခဲ့ပြီး နိဗ္ဗာန်ဆုကို တောင်းထားသည်။
ယခု ရှမ်းဆရာ မောင်ရွှေမှုံကျောက်စာသည် လုံးဝ ပျောက်ဆုံးနေသည်။

   ••••••••••••••••••••
Zaw Zaw (ရက္ခပူရတိုင်း)

Zawgyi-
မဟာမုနိကုန္းေတာ္မွ ရွမ္း ဆရာ ေမာင္ေ႐ႊမႈံ ေက်ာက္စာ (သကၠရာဇ္-၁၂၂၈) ခု

ေက်ာက္ေတာ္ၿမိဳ႕ ရွမ္းဆရာေမာင္ေ႐ႊမႈံသည္ မဟာမုနိဂူေတာ္ကို ျပဳျပင္ခဲ့သည္။ မိမိပိုင္ေငြျဖင့္မေလာက္သျဖင့္ ဇနီးမယားသားသမီးတို႔ကို ဝန္ေထာက္မင္းထံ ေပါင္ႏွံ၍ ျပဳျပင္ခဲ့သည္။ မေလာက္၍တဖန္ မိတ္ေဆြအေပါင္းသင္းမ်ားထံမွ အလ်ႉေငြမ်ားျဖင့္ ထပ္မံျပဳျပင္ခဲ့ၿပီး နိဗၺာန္ဆုကို ေတာင္းထားသည္။
ယခု ရွမ္းဆရာ ေမာင္ေ႐ႊမႈံေက်ာက္စာသည္ လုံးဝ ေပ်ာက္ဆုံးေနသည္။

   
Zaw Zaw (ရကၡပူရတိုင္း)














Comments