မြမ္မာအက္ခရာနှင့် မြမ္မာစာပေ၏ ဇစ်မြစ်အား လေ့လာချက်စာတမ်

မြမ္မာအက္ခရာနှင့် မြမ္မာစာပေ၏ ဇစ်မြစ်အား လေ့လာချက်စာတမ်း •••••••••••••••••••••••••••••••••••••••••••••• မြမ္မာစာပေအကြောင်းကို မတူးဆွခင် မြမ္မာလူမျိုးအကြောင်းကို အနည်းငယ်တူးဆွပြပါမည်။ရခိုင်သမိုင်းကျမ်းအစောင်စောင်နှင့် ကျောက်စာတစ်ချို့တွင် ရခိုင်လူမျိုးများကို မြမ္မာဟူ၍လည်းကောင်း၊ အာရကန်ဟူ၍လည်းကောင်း၊ ရခိုင်ဟူ၍ လည်းကောင်းခေါ်ဆိုကြောင်းတွေ့ရသည်။ ရခိုင်တို့နေထိုင်ရာ တိုင်းပြည်ကို အာရက္ခဒေ့ရှ်(အာနန္ဒစနြ္ဒားကျောက်စာ)၊ ရက္ခပူရပြည်၊ ဓညဝတီတိုင်းပြည် ဟု အမည်တွင်သည်။ ရခိုင်သမိုင်းကျမ်းများရှိ တဘောင်နိမိတ်များစွာအထဲမှ မြမ္မာဟူသော ဝေါဟာရနဲ့ပတ်သက်သည့် တဘောင်တစ်ခုမှာ-``တရုတ်ကဖိ ပျူကအိ၊မချိမြမ္မာ အနောက်မှာ'' ဟူ၍ ဖြစ်သည်။ဤတဘောင်ထဲတွင်ပါသောမချိမြမ္မာ အနောက်မှာဟူသော စကားစုသည် အနောက်ဘက်တိုင်းပြည်တွင်နေထိုင်ကြသောရခိုင်များကို ဆိုလိုခြင်းဖြစ်သည်။ ရှေးခေတ်ရခိုင်များသည် မိမိတို့ကိုယ်ကို အာရကန်ဟူ၍လည်းကောင်း၊ မြမ္မာဟူ၍လည်းကောင်း၊ ရခိုင်ဟူ၍လည်းကောင်း ခေါ်တွင်ခဲ့ကြသည်။ ရခိုင်လူမျိုးများကို ခေါ်ဆိုသည်မှာသမိုင်းကျမ်းများအရ၊ ကျောက်စာအထောက်အထားများအရ ထင်ရှားနေသည်။ မျိုးရိုးဗီဇမျိုးစုံ သွေးနှောထား၍ ဇာ...