Posts

Showing posts from September, 2019

ဆရာအသျှင် ငွေသဇင်၏ သမိုင်းစကား

Image
ဆရာအသျှင် ငွေသဇင်၏ သမိုင်းစကား ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏      သမိုင်းဆိုသည်မှာ အမှန်နှင့်အမှား နှစ်ခုသာရှိသည်။ သမိုင်းမှန်ကို လိမ်၍မရကောင်း။ သမိုင်းမှန်ကို ´´အင်အားသုံး၍``လိမ်ညာဖို့ ကြိုးစားမည်ဆိုပါက အချိန်ကာလ တစ်ခုအထိသာ ရနိုင်ပေလိမ့်မည်။ အချိန် ကာလ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ထိုလိမ်ညာမှုမှာလည်း  ပေါ်လာရစမြဲပင် ဖြစ်၏။ ထို့ကြောင့် သမိုင်းမှန်ကို မည်သည့်အခါမျှ  မလိမ်ညာသင့်ချေ။    တချို့က သမိုင်းမှန်ကို ´´အာဏာသုံး၍``မမှန်ကန်သော နည်းလမ်းများဖြင့် လုပ်ကြံဖန်တီးလိုသူများလည်း ရှိကြ၏။ တစ်ချို့က အင်အားနည်းသော သူများကို အင်အားကြီးမားသော သူများက ´´အင်အားသုံး၍``မမှန်ကန်သော နည်းလမ်းများဖြင့် အနိုင်ယူလိုသူများလည်း  ရှိကြ၏။ ထိုသူတို့ကို ´´မရိုးသားသော သမိုင်းအမြင်ရှိသော သူများ``ဟု ခေါ်ဆိုထိုက်၏။     တစ်ချို့က သမိုင်းအမှန်ကိုသာ အလိုရှိကြ၏။ မူမမှန်သော အင်အားသုံးခြင်းမျိုးကို အလိုမရှိ။ အင်အားနည်းသော သူများဖြစ်ပါစေ။ အမှန် တရားဘက်က ရပ်တည်ပေးတတ်သော သူများလည်း ရှိကြ၏။ ထိုသူတို့ကို ´´ရိုးသားဖြူစင်ဖြောင့်မတ်ပြီး အမှန်တရားကိုမြတ်နိုးတတ်...

ဆရာတော် အသျှင်ဥတ္တမ၏ သမိုင်း တစ်ကွေ့

Image
ဆရာတော် အသျှင်ဥတ္တမ(28.12.1879 - 9.9.1939) ဆရာတော် အသျှင်ဥတ္တမ သည် မြန်မာအမျိုးသား ဝံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေး အသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက် ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဆရာတော် အသျှင်ဥတ္တမ ပင်ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ ဆရာတော်အသျှင်ဥတ္တမ၏လမ်းညွှန်မှုကြောင့် မြန်မာများ အတော်အတန် နိုင်ငံရေးမျက်စိ ပွင့်လာကြသည်။ ဤကဲ့သို့ စတင်လုပ်လျှင် လုပ်ဆောင် ခြင်းပင် အစိုးရစုံထောက်များမှာ ဆရာတော်၏နောက်သို့ တကောက်ကောက် လိုက်၍နေခြင်းကြောင့် ဆရာတော်အား ကနဦး၌ သံဃာတော်များ မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော်ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ်နှင့် ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သောကြောင့် အရဟတ္တဓဇဂုဏ်နှင့် မညီညွတ်ဟု ဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိ...

ရက္ခိုင်ပြည် အကျယ်အဝန်း

Image
ရက္ခိုင်ပြည် အကျယ်အဝန်း - - - - - - - - - - - - - - -      ရှည်မြင့်မူလ၊ ပထမက၊ ရဋ္ဌသမိုင်း၊ ရခိုင်​တိုင်းကား၊ ကျယ်​၀ိုင်းနယ်​ဆက်​  အ​နောက်​ဘက်​မှာ မဇ္ဈိမာနှင့်​၊ ဒါကာမြစ်​​လျှောက်​၊ ​မြောက်​ကို​တောင်​ညို၊ ကုန်းကိုထိခံ၊ အာသံချင်းတွင်း၊​ ချောင်းဆင်း​ရေထွက်​၊​ ရှေ့ဘက်​မှ၊ ဧရာဝတီ၊ မြစ်​ဆီးခြားကန်​၊ င၀ံထိပ်​​မျှောင်​၊ ​ရှေ့​တောင်​အဂ္ဂိ၊ ဒဏ္ခိဏခွင်​၊ ​မော်​တင်​​ရေလှုပ်​၊ သမုဒ်​၀င်​​လေ၊ ရခိုင်​ပြည်​​လျှောက်​၊ ကျယ်​၀န်းခရီး၊ ပြည်​ကြီးဟု​ကျော်​၊ ခုတိုင်​​ခေါ်၏။                                 ဝါးကျောင်းဆရာ လူထွက်ပဏ္ဍိတ်                                        ( ဥတေနလင်္ကာ နိဂုံးမှ )