Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

နီလာပန်းတောင်း ကျောက်ပန်းတောင်းဝိညာဉ် (သို့) ဥဿလင်းစေတီသက်သေတည်။



(ညီအကိုချင်းတိုင်းရင်းသားများသိစေရန်)
========================

နီလာပန်းတောင်းကျောက်ပန်းတောင်းဝိညာဉ် (သို့) ဥဿလင်းစေတီသက်သေတည်။
---------------------------------------
၁၆-၆-၂၀၁၃ နေ့ထုတ်Chin World ဂျာနယ်၌ ဆလိုင်းခင်တလင်း ရေးသော"ချင်းပြည်နယ် ရခိုင်တောင်တန်းဒေသ"ဟူသောခေါင်းစဉ်ဖြင့်ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ဖတ်မိပါသည်။ ထိုဆောင်းပါး၏ စာပိုဒ်(၁၄)၌ "ပလက်ဝ မြို့နယ်ဟာ ဘယ်တုန်းကမှ ရခိုင်ပြည်နယ်ထဲ မပါဝင်ခဲ့ပါဘူး လွတ်လပ်ရေးရတဲ့ ၁၉၄၈ မတိုင်ခင်တုန်းကလည်း ရခိုင်ပြည်နယ်ဆိုတာ မရှိသေးသလို ချင်းပြည်နယ်ဆိုတာလည်း မရှိသေးပါဘူး။ ရခိုင်ပြည်နယ် ချင်းပြည်နယ်ဆိုတာ ၁၉၇၄ အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ ပြည်နယ်တွေဖြစ်ပါတယ် " ဟုဖော်ပြထားပါသည်။
ကျွန်တော့ဆောင်းပါးကို မဖတ်မိဦးစွာပထမ အသိပေးလိုသည်မှာ ဘူးသီးတောင် မောင်တောတွေဟာ ဘင်္ဂလီတွေများသော်လည်း ဘင်္ဂလားပိုင်မဟုတ်သလို မန္တလေးဟာလည်း တရုပ်ပိုင်မဟုတ်ကြောင်းသိစေလိုပါတယ်။
ကျွန်တော်သည်ဆောင်းပါးကို ရေးတာဟာ မည်သည့်ရည်ရွယ်ချက်နှင့်မျှမဟုတ်ပါ။ 
ပလက်ဝဟာ ရခိုင်ပိုင်ဖြစ်ခဲ့မဖြစ်ခဲ့ ဆိုသည်ကို လေ့လာကြည့်စေလိုသော ဆန္ဒသက်သက်သာဖြစ်ပါသည်။
ဆလိုင်းခင်တလင်း ကတော့ပလက်ဝနယ်မြေဟာ ရခိုင်ပိုင်နက်ထဲသို့လုံးဝမကျရောက်ခဲ့ပါဘူးဟု အခိုင်အမာပြောထားပါတယ်။ ပလက်ဝနယ်မြေဟာ ရခိုင်ပိုင်နက်ထဲသို့ ရောက်ခဲ့မရောက်ခဲ့ကို 
(၁)ဘာသာရေးစတင်ဝင်ရောက်မူနှင့် လူမျိုးစု
(၂)သမိုင်းသက်သေ များ
     ဟူသော၂ချက်ဖြင့် လေ့လာဆွေးနွေးကြည့်ကြ ရအောင်ပါ။
(၁)ဘာသာရေးစတင်ဝင်ရောက်မှုနှင့်လူမျိုးစု
           ---------------------
ဦးစွာပထမ ဘာသသာရေးစတင်ဝင်ရောက်မူနှင့် လူမျိုးစုကို စတင်ဆွေးနွေးရအောင်ပါ။
(က)ပလက်ဝ မြို့နယ်ထရွန်အိုင်ရွာမှ ဥဿလင်းစေတီကို    ဘယ်သူတွေတည်ခဲ့ပါသလ။ဲ
(ခ)ပလက်ဝမြို့နယ်ကို ဗုဒွဘာသာကိုးကွယ်သူနှင့် ခရစ်ယာဉ်ကိုးကွယ်သူ ဘယ်သူတွေက ပိုပြီးဝင်ရောက်မူရှေ့ကျပါမလဲ။ 
(မှတ်ချက်။  ။ သည်နံပါတ်ကို တခြားရည်ရွယ်ချက်အဓိပ္ပာယ်ဆွဲမဖွင့်ဖို့တောင်းပန်ပါတယ်။ နှိုင်းယှဉ်ပြမှုသီးသန့်သာဖြစ်ပါသည်။)
ကျွန်တော်တို့ရခိုင်မှာ ဓလေ့တစ်ခုရှိပါတယ် ရခိုင်မှန်လျင် ဗုဒ္ဓဘာသာကို ကိုးကွယ်တယ် ဗုဒ္ဓဘာသာမှန်လျင်ဘုရားကျောင်းကန် စေတီပုထိုးဆောက်လှူတယ်။
မေးခွန်းနံပါတ်(က)ကို ဖြေကြားဆွေးနွေးပြီးပါက ပလက်ဝမြို့နယ်ဟာ ရခိုင်ပိုင်နက် ဖြစ်ခဲ့မဖြစ်ခဲ့ဟူသောပြဿနာ ရှင်းလင်းသွားပါမည်ဟု ကျွန်တော်ယူဆပါသည်။ ရခိုင်ပိုင်နက်ဖြစ်ခဲ့မဖြစ်ခဲ့ ကိုသာ ပြောခြင်းဖြစ်ပါသည်။ဖြစ်ရမည် ဟုကျွန်တော်မဆိုလိုပါ။
နံပါတ်(က) မေးးခွန်းကို ကျွန်တော်တို့ဖက်တွင် ရှိသောအထောက်အထားများဖြင့် စပြောပါမည်။ ဥဿလင်းစေတီကို တတိယဓညဝတီခေတ် ဘုရင်သူရိယစက္က(BC 316-272) မင်းက ဘုရားရှင်၏ ဗျာဒိတ်အရ ရှင်မဟာတိဿနှင့် ဗာကူလမထောရ် နှစ်ပါး တို့ပေးအပ်သော ဓါတ်တော်များဖြင့် တည်ခဲ့ကြပါသည်။
ထို့နောက် ဝေသာလီကျောက်လှေကား ခေတ်တွင် မဟာတိုင်းစန္ဒြမင်း (AD 327-384) တွင်တစ်ကြိမ် လေးမြို့ခေတ် ဒဿရာမင်း (AD 1123-1139) လက်ထက်တွင် တစ်ကြိမ် မြောက်ဦးခေတ် မင်းစောမွန်(AD 1430-1433) နှင့်မင်းဖလောင်း
AD~( 1571-1593) လက်ထက်တွင်တစ်ကြိမ်စီ အသီးသီး ပြုပြင်မွမ်းမံ ခဲ့ကြပေသည်။ သမိုင်းအထောက်ထားများအရ ရခိုင်သမိုင်းခေတ် တလျှောက်လုံးတွင်း ပြုပြင်မွမ်းမံခဲ့ကြကြောင်း တွေ့ရှိရပေသည်။
အထက်တွင် ဖော်ပြခဲ့သော မဟာတိုင်းစန္ဒြ၊ ဒဿရာဇာမင်းစောမွန်နှင့်မင်းဖလောင်းတို့လက်ထက်တွင် ထိုမင်းများသည် နှစ်စဉ်နှစ်တိုင်းရခိုင်ပြည်၌ မွေးတော်ငါးရပ်ကို အဓိဌါန်ဝင် ပြီးပူဇော်ခဲ့ကြလေသည်။ မွေးတော် (၅) ရပ်မှာ~(၁)ဥဿလင်းစေတီ၊ (၂)ကျိန်းတော်ရှင်စေတီ၊ (၃)ဦးရာဇ်တော်စေတီ၊ (၄)ကျောရိုးတော်စေတီ၊ (၅)ဝေသာလီဘုရားကြီးတို့ဖြစ်ကြပြီး နောက်ဆုံးတွင်ဤဥဿလင်းစေတီ၌ ၉ ရက် (သို့) ၄၅ ရက် ဥပုဿ်ဆောင်ဝင်ကြ၍ အောင်မြေနင်းကြလေသည်။
ဤဥဿလင်းနေရာသည်ကား 
တိုင်း ( ၁၂ ) တိုင်း ခွဲဝေသတ်မှတ် ရာနေရာများအနက် ဥဿလင်းတိုင်းအဖြစ် သီးသန့်အုပ်ချုပ်ရန် တစ်ဆင့်ခံအုပ်ချုပ်သူများဖြင့် အုပ်ချုပ်စေလေသည်။ ထိုဒေသ၌ချင်းလူမျိုးများမရှိခဲ့ မရှိနိုင်ဟုမဆိုပါ။ရခိုင်ဘုရင်သည်လည်း မိမိပိုင်နက်မဟုတ်ဘဲ အရူးထကာ သူများပိုင်နက်အတွင်းသွားပြီးစေတီတည်ခြင်း အောင်မြေနင်းခြင်းများကို ခေတ်အဆက်ဆက် ပြုမည်မဟုတ်ပါ။ သူရိယစက္ကမင်းသည် ဘုရားရှင်ဗျာဒိတ်မြွတ်ခဲ့သော ရခိုင်ပြည်အနှံ့တွင် ဘုရားရှင်ဓါတ်မွေတော် (၂၄၈)ဆူကို သွားရောက်တည်ထား ကိုးကွယ်ခဲ့ပါသည်။တတိယဓညဝတီခေတ်တွင်နန်းတက်သော ဘုရင်သူရိယစက္ကမင်း(BC 319-272)က ဥဿလင်း စေတီကို တည်ခဲ့ပါသည်။ဘယ်ဘာသာဘယ်လူမျိုးမဆို မိမိပိုင်နက်မိမိသြဇာခံမဟုတ်သည့် နေရာတွင် မိမိဘာသာတရား၏ အထွဋ်မြတ်ထားရားများကို တည်ဆောက်မည်မဟုတ်ပါ။
(၂)သမိုင်းအမွေအနှစ်များ
     -------------
 ပထမဆုံးညွန်းပြရမည်ဆိုလျင် ယခု ကီမိုတောင်တဖြစ်လွှဲ နီလာပန်းတောင်းကျောက်ပန်းတောင်း မြို့ဟောင်းနေရာပင်ဖြစ်ပါသည်။ ဒေသခံအချို့က ချင်းမပန်းတောင်းဟုလည်းခေါကြပါသေးသည်။
နီလာပန်းတောင်းမြို့ကို BC ၁၅၀၈ ခု ရခိုင်သက္ကရာဇ် ၇၈၁၂ ခုနှစ်တွင် မိဘုရားစောစစ်က တည်ခဲ့သောမြို့ဖြစ်သည်။ ပထမဓညဝတီ မာရယုမင်း၏ နောက်ဆုံးမျိုးဆက်ဖြစ်သော မင်းငယ်ပျော်လှစည်သူ ကိုကျွန် ၃ ယောက်ပုန်ကန်၍ နတ်ရွာစံသဖြင့် မိဖုရားစောစစ်က သမီးတော်ကြီး သုနန္ဒရီ သမီးငယ်ဖွားတော်သွေးတို့နှင့်အတူ ဓညဝတိမြို့တော်မှ ထွက်ခွာလာပြီး နီလာပန်းတောင်းမြို့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
နီလာပန်းတောင်းမြို့တွင်စံနေစဉ် တဖက်ရှိ ကျောက်ပန်းတောင်းမြို့မှ ဘုရင်ကံရာဇာကြီးကသိမ်းယူပြီး စောစစ်ကိုယောက္ခမအရာထားကာ သမီးတော် (၂)ပါးအား မိဖုရားမြှောက်ပြီးကျောက်ပန်းတောင်းမြို့တွင် ၂၄ နှစ် စိုးစံတော်မူလေသည်။ ထို့နောက်လူဦးရေတိုးပွားလာမူ ကြောင်းမြေပြန့်ဒေသတွင် မြေနေရာ ရွှေ့ပြောင်းကာ ဒုတိယဓညဝတီမြို့ကို စတင်တည်ထောင်ခဲ့လေသည်။
၁၈၈၆ ခုနှစ်က ကပ္ပတိန် G C.Rigby ကထိုတောင်ကုန်းသိုမြေတိုင်းရန်ရောက်ခဲ့စဉ်က ဤနေရာမှာ လူနေထိုင်ခဲ့သော နေရာဟောင်း settlement တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ထို့နောက် ဝေသာလီခေတ်တွင်လည်းကွင်းဆက်များ မပြတ်ခဲ့ပါ။ ဝေသာလီခေတ် မဟာတိုင်းစန္ဒြ AD~(327-384)လက်ထက်ဥဿလင်းစေတီတော်ကို ပြန်လည်မွမ်းမံခဲ့လေသည်။ ဝေသာလီခေတ်၏ အကြွင်းအကျန်တစ်ခုဖြစ်သော မီးချောင်းဝရှိ နတ်ရုပ် ဖြစ်သည်။ ယခုကား အသစ်တဖန်ပြုလုပ်ထားပေပြီ။ မီးချောင်းဝမှဆန်တက်လာရာတွင် င/မြင်းသောင်း ကျေးရွာ၌ကား ဗုဒ္ဓ၏ ဗျာဒိတ်ရ ဓါတ်တော်ဖြစ်သော မီးညောင်းရိုးဓါတ်တော်တည်ရှိပေသည်။ ဤဓါတ်ကိုအစွဲပြု၍ ဤချောင်းကို မီးချောင်းဟုခေါာကြောင်းဆိုသည်။
မီးချောင်းဖျား၌ ရခိုင်လူမျိုးများဖြစ်ကြသော မြိုတိုင်းရင်းသားများ နေထိုင်ခဲ့ကြကြောင်း သမိုင်းအထောက်ထားများ တွေ့ရှိရပေသည်။ ဝေသာလီခေတ်၌ အမြတူ အမြကူ ပဲဖြူတို့သည်။ ဤမီးချောင်းဒေသမှ ဖြစ်ကြသည်ဟုဆိုသည်။ မြောက်ဦးခေတ်၌လည်း မီးချောင်းစားသည် မြိုအချို့ထောင်လွှားခြားနားမူကြောင်း နှိမ်နင်းခဲ့ရသည်။ ထို့ကြောင်း ဤဒေသတွင် မြိုလူမျိုးများသည် ကြာရှည်စွာကပင် နေထိုင်ခဲ့ကြကြောင်းသိသာပေသည်။
ဆလိုင်းခင်တလင်းက သူ့ဆောင်းပါးရဲ့ အပိုဒ်(၁၄) မှာ ပလက်ဝမြို့နယ်ဟာ ရခိုင်ပိုင်နက်ထဲသို့ လုံးဝမကျရောက်ခဲ့ကြောင်းဆိုထားပါသည်။ သို့သော် သူ့ဆောင်းပါး၏ အပိုဒ်(၁၅)မှာ ယခုလိုဖော်ပြထားပါသည်။"ဒီနေရာမှာ နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင် နယ်ချဲ့အင်္ဂလိပ်တွေက ချင်းတောင်တန်းဒေသကို အုပ်ချုပ်ရေးနယ်မြေအရ အပိုင်းပိုင်းခွဲခြားအုပ်ချုပ်ခဲ့တာတွေ့ရမှာပါ အစောဆုံးအနေနဲ့ ပလက်ဝဒေသကို ၁၈၇၀ လောက်မှ ရခိုင်တောင်တန်းဒေသအဖြစ် အုပ်ချုပ်ခဲ့သလို မင်းတပ် ကန်ပတ်လက်နယ်ကို ပခုက္ကူတောင်တန်းဒေသအဖြစ် မြောက်ပိုင်းချင်းတောင်တန်းဒေသအဖြစ် 
၁၈၉၆ လောက်မှ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်"ဟုဖော်ပြထားပါတယ်။
ဘယ်တုန်းကမှ ရခိုင်ပိုင်မဖြစ်ခဲ့ပါဘူးဆိုတဲ့ ပလက်ဝ ဟာသူဆောင်းပါးရဲ့အပိုဒ် (၁၅)မှာပဲပြန် ပါနေပါတော့တယ်။ သည်နေရာတွင် ကျွန်တော်ပြောလိုသည်မှာ နယ်ချဲ့များက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ရန်အတွက် နယ်မြေတွေကိုအမျိုးမျိုးစိပ်ပိုင်းအုပ်ချုပ်ခဲ့တာကို အထူးပြောနေစရာ လိုလိမ့်မည် မထင်ပါ။ သိမ်းပြီးစ မြန်မာနိုင်ကိုလည်း အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် အုပ်ချုပ်ခဲ့တာကိုလူတိုင်းအသိပါ။ နောက်မှမြန်မာတွေတောင်းဆိုလို့ သီးခြားဖြစ်လာခဲ့တာပါ။
ဆလိုင်းခင်တလင်း ရေးတဲ့ဆောင်းပါးကိုပြန်လှည့်ရအောင်ပါ၊ သူက ရခိုင်ပြည်နယ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူး။ ၁၉၇၄ ဖွဲစည်းပုံနဲ့ပေါ်လာတာလို့ပြောထားပါတယ်။ သူပြောတာ ရာနှုန်းပြည့်မှန်ပါတယ်။ ရခိုင်ပြည်နယ်ဆိုတာ ၁၉၇၄ ဖွဲစည်းပုံနဲ့ပေါ်လာတာပါ။ ကျွန်တော်တို့ရခိုင်တွေဟာ ပြည်နယ်နဲ့နေလာခဲ့တာမဟုတ်ပါ သီးခြာကိုယ်ပိုင်ဘုရင်နိုင်ငံနဲ့နေလာခဲ့ကြတာပါ။ ဘုရင်ဆိုပေမဲ့ ပဒေသရ်ာဘုရင်မဟုတ်ပါ။ ပါလီမန်ဒီမိုကရေစီစနစ်ပါ။ ဘုရင်မကောင်းရင်ပြည်သူကဖြုတ်ချလို့ရပါတယ်။ ဒုတိယမြောက်ဦး ဘုရင် သီရိသုဓမ္မရာဇာ 
AD~(1622-1638)လက်ထက်မှာ ကျွန်းစနစ်ကိုဖျက်သိမ်းခဲ့ပါပြီ။ထိုမင်းလက်ထက်မာ ဆေးရုံ(ရတာနမာန်အောင်စေတီအနီး)နဲ့ဆေးကုးသတဲ့ စနစ်ရှိနေပါပြီ။၁၇၈၄ ရခိုင်ဗမာ နောက်ဆုံးစစ်ပွဲမှာ ရခိုင်တပ်က လက်ပစ်ဗုံးသုံးနေပါပြီ။ (စာပေအထောက်ထားရှိပါတယ်)ဘာလို့ရှုံးသွားလည်းဆိုတော့ စည်းလုံးမူပြိုကွဲနေလို့ပါပဲ။ ရခိုင်နိုင်ငံကျဆုံးတဲ့နေ့ကပဲ ရခိုင်နိုင်ငံဟာ နေ့ချင်းညချင်းငရဲပြည်ဖြစ်သွားပါသည်။ ဒါဟာ ရခိုင်မှာ ပြည်နယ်မရှိခဲ့ဘူးဆိုတာ သက်သေနဲ့တကွ အနည်းအကျဉ်းရှင်းပြတာပါ။

  ရခိုင်သမိုင်း အနည်းအကျဉ်းဖော်ပြပါမည်(ပြောပြဖို့လိုအပ်မည်ထင်၍)
-----------------------------
ရှေ့ကျလွန်းသော ဝါသုဒေဝညီနောင်အစ ဗြဟ္မဏသိဒီ မင်း ၂၃ ဆက်ကိုချန်လှပ်ပြီး ဓညဝတိခေတ်မှစပါမည်။
ဓညဝတီကို ပထမ ဒုတိယ တတိယ ဟုသုံးခေတ်ခွဲထားပါသေးသည်။BC 3325 မှ AD 272 ထိ ရခိုင်သက္ကရာဇ် ၅၉၉၅ မှ ၁၉၅ ထိ ဓညဝတီခေတ်ဖြစ်ပါသည်။ရခိုင်သက္ကရာဇ်ကို ကြားတွင် ၃ ကြိမ်ဖျက်ခဲ့ပါသည်။ ဓညဝတီကို ခေတ်လွန်သိပ္ပံသမိုင်ပညာရှင်များက စိတ်ကူးယာဉ်ခေတ်ဟုပြောကြပါသည်။ သို့သော် ဓညဝတီ အုတ်မြို့ရိုး နှင့် ကျောက်ဆစ်လက်ရာများ မန္တလေးရောက်မဟာမုနိတို့မှာ ငုတ်တုတ် ထိုင် ကာရှိနေပါသေးသည်။
ဓညဝတီခေတ်ပြီးလျင် ဝေသာလီခေတ်လာပါသည်။ဝေသာလီခေတ်သည် 
AD 327 မှ 818 အထိရခိုင်သက္ကရာဇ် ၂၄၉ မှ၁၅၆ထိဖြစ်ပါသည်။ကြားတွင်ရခိုင်သက္ကရာဇ်ကိုတစ်ကြိမ်ဖြိုးခဲ့ပါသည်။ဝေသာလီခေတ် သမိုင်းရုပ်ကြွင်းများကို ရခိုင်ပြည်အနှံ့တွေ့နိုင်ပါသည် အထင်ရှားဆုံးမှာ အာနန္ဒစန္ဒြားကျောက်စာ ဝေသာလီဘုရားကြီး နှင့်ဝေသာလီနန်းမြို့ရိုးတို့ဖြစ်ပါသည်။ ဝေသာလီခေတ်ပြီးလျင် လေးမြို့ခေတ်(AD 818 မှ 1406) ရခိုင်သက္ကရာဇ်(၁၈၀ မှ ၇၆၈)ထိ ဖြစ်ပါသည်။လေမြို့ခေတ်၏ အထင်ရှားဆုံးမှာ တရားစောင့်သောရခိုင်ဘုရင်မင်းထိး ဖြစ်ပါသည်။နန်းသက် ၁၀၆ နှစ်ရှည်ခဲ့ပါသည်။သက္ကရာဇ် ၂၀၀၀ မတိုင်မီအထိ မူလတန်းမြန်မာစာ အတန်းတစ်ခုမှာ ထိုဘုရင်အကြောင်းကိုသင်ခဲ့ရပါသည်။ကျောက်စာ နှင် ဘာသာရေးဆိုင်ရာအထိမ်းအမှတ်ပေါင်းများစွားရှိပါသည်။လေးမြို့ခေတ်၏ အထင်းရှားဆုံးကျောက်စာမှာ လောင်းကြက်တောင်မော်ကျောက်စာဖြစ်ပါသည်။ လေးမြို့ခေတ်ပြီးလျင် မြောက်ဦး(AD 1430 မှ 1784 ရခိုင်သက္ကရာဇ် ၇၉၂-၁၁၄၆) ခေတ်လာပါသည်။လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်ကြားတွင်ပြည်ပရန်အချို့ကြောင်း နှစ်ပေါင်း၂၀ ကျော်ခန့် ရခိုင်မင်းဆက်ပျက်ခဲ့ပါသည်။ မြောက်ဦးခေတ်ရုပ်ကြွင်းများကို အထွေထူးမပြောတော့ပါ မြောက်ဦးကိုသာလားကြည့်လိုက်ပါ။
၁၇၈၄ ခုနှစ်တွင် ဗဒုံမင်းကသိမ်းယူ ပါတော့သည်။ထိုအချိန်မှစပြီး ရခိုင်ဟာ ကျွန်ဘဝလုံးလုံးဖြစ်ရပါတော့သည်။ ဒါဟာ ရခိုင် သမိုင်းကို အကျဉ်းချုံဖော်ပြပေးခြင်းဖြစ်ပါသည်။
 ဒေသတွင်းနေထိုင်သူများရုံးဖြင့် သူပိုင်သည်ငါပိုင်သည်ငြင်းရန်မသင့်ပါ။ ထိုသို့ဆိုပါက ဘူးသီးတောင် မောင်တော မော်လမြိုင်တို့ကို ဘင်္ဂလီများသို့လွှဲပေးရုံသာရှိပါသည်။သူပိုင်ငါပိုင်လွန်ဆွဲဖို့ပြောတာမဟုတ်ပါ။ထိုသို့လွန်ဆွဲနေမည်ဆိုပါက မသမာသူများ၏ လှည့်ကွက်ကိုခံရနိုင်ပေမည်။ကျွန်တော်သည်ဆောင်းပါးကိုရေးတာ တခြားရည်ရွယ်ချက်မပါပါ။ဆလိုင်းခင်တလင်း Chin World ဂျာနယ်မှာပြောခဲ့သလို ပလက်ဝ ဟာရခိုင်ပိုင်ဖြစ်ခဲ့မဖြစ်ခဲ့ဆိုတာ လေ့လာစေခြင်းသာဖြစ် ပါသည်။
တိုင်းရင်းသာတွေအချင်းချင်း အတူငြိမ်းချမ်းစွာနေထိုင်လာကြပါပြီ။အနာဂတ်မှာလည်း ငြိမ်းအေးစွာပဲ အတူတကွခရီးဆက်ကြရအောင်ပါ။
ချင်းအမျိုးသားနေ့ကို ကျွန်တော်တို့ အလေးထားသလို့ ချင်းရိုးရာဓလေ့ကိုလည်း ကျွန်တော်တို့ချစ်ပါတယ်။ဘာကြောင်းဆို ရခိုင်နဲ့ချင်းဟာ အနီးစပ်ဆုံးမိတ်ဆွေတွေဖြစ်သလို အနာဂတ်မှာလည်း လက်တွဲကြရအောင်ပါ။
                             အတက်သျှေ-မင်းပြား
ကျမ်းကိုစာရင်း
-----------
(၁)ရက္ခပူရကြေးမုံကျမ်း -- ပထမအကြိမ် --ဓညဝတီဦးအောင်ဇေယျ
(၂)ရခိုင်မဟာရာဇာဝင်ကြီး-- ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)
(၃)ရခိုင်မဂ္ဂဇင်း  အမှတ်(၂၃)
(၄)ရခိုင်ရာဇာဝင်သစ်ကျမ်း---အရှင်စန္ဒမာလာလင်္ကာရ-ရမ်းဗြဲမြို့မ တောင်ကျောင်းဆရာတော်
(၅) DEPT ..History...Second year
(၆)Chin World New Journal
   (16,june 2013)
မှတ်ချက်။  ။သည်ဆောင်းပါးသည် ၂၀၁၃ ကပင် ရေးသားထားခဲ့သောဆောင်းပါးဖြစ်ပါသည်။ ယခုအခါ လိုအပ်သည်ဟုထင်၍ ပြန်လည်တင်လိုက်ပါသည်။

Credit ပါ