Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် စတုတ္ထသင်္ဂါယနာတင် သက်သေပစ္စည်းတစ်ခု

အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာအမှတ်(၅၃)

******************************



ရခိုင် စတုတ္ထသင်္ဂါယနာတင် သက်သေပစ္စည်းတစ်ခု
============================

လောဟပါတြာဏျ နေကာနိ သန္နေတြ စီဝရာဏိစ၊ နာနာဒေဂါ ဂတာနာံစ ဘိက္ပူဏာံ ဂေါ်ရ၀ါဒ္ဒဒေါ်။
----------------------------------------------------



ဂါထာ(၅၃) အဓိပ္ပါယ်
*
ဂါထာအမှတ် ၅၃ သည် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ ၅၄-၅၅ တွင် ရှိပါသည်။ အာနန္ဒစန္ဒြ မင်းကြီးသည် သင်္ဂါယနာတင်ရန်အတွက် အနယ်နယ် အရပ်ရပ်မှ ရဟန်းသံဃာ တော်များ ပင့်ဆောင်ေ ကြာင်း၊ ကြွရောက်လာသော ရဟန်းသံဃာတော်များသည် သင်္ဂါယနာတင် ရန် အတွက် ဝေသာလီ နေပြည်ေ တာ်၌ ကာလရှည်စွာ သီတင်း သုံးနေ ထိုင် ရမည်ဖြစ်သောကြောင့် သင်္ကန်း၊သပိတ်များ အခက်အခဲမဖြစ် ရအောင် ကောင်းမြတ်သော သင်္ကန်းများနှင့် ကြေးသပိတ် ခွက်တို့ကို အလွန်ရိုသေ လေးမြတ်စွာဖြင့် ကပ်လှူပူဇော်သည်ကို ရေးထိုးထားခြင်းဖြစ်သည်။
**
အာနန္ဒစန္ဒြမင်းကျောက်စာအလိုအရဆိုလျှင် သင်္ဂါယနာတင်ရန် အနယ်နယ် အရပ်ရပ် ပြည်တွင်း ပြည်ပမှ ကြွရောက်လာသော ရဟန်း သံဃာတော်များ သီတင်းသုံးရန် ကြိုတင်ဆောက်လုပ်ထားသော အာနန္ဒော ဒယေ ကျာင်းေ တ်ာကြီးများတွင် နေရာချထားပေးပြီး ထိုကျောင်းတိုက်များ၌ သီတင်းသုံးကြေ သာ ရဟန်းသံ ဃာတော်များအတွက် အသုံးပြုရန် လိုအပ်သော သင်္ကန်း၊ သပိတ် ခွက်များ လှူဒါန်းသည်ကို သိရှိရသည်။
***
ထိုနည်းတူ ပညာမေဓာမော်ကွန်း တွင်လည်း (သီဟိုဠ်ကျွန်းက၊ ဓူရနှစ်ဖြာ၊ ငါးရာစီမျှ၊ရို့ပြည်မမှ၊ ဓူရတထောင်၊ ပင့်ဆောင်ေ ကျွးမွေး၊“လှူပွဲကျင်းပ”) ဟု ရေးစပ်ပါရှိသောကြောင့် သင်္ဂါယနာတင်ပွဲတွင် ပါဝင်သော ပင့်သံ ဃာေ တ်ာများအား လှူဒါန်းသည်ကို သိရသည့်အပြင် သံဃာတော်များ အရေ အတွက်ကိုလည်း တိတိကျကျ သိလာရပါသည်။ 

ထိုကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာပါ စာသားများ နှင့် ပညာမေဓာမော်ကွန်းတွင် ရေးစပ်ထားသော စာသားတို့သည် တစ်ထပ်တည်း တူညီနေသည်ကို တွေ့ရသည်။
****
ပုံတွင်ပြထားသော ကြေးသပိတ်သည် အာနန္ဒစန္ဒြမင်းကျောက်စာမှာ ပါသည့်အတိုင်း ရခိုင်ဝေသာလီတွင် သင်္ဂါယနာတင်သည့်အခါ အနယ် နယ်အရပ်ရပ်မှ ပင့်သံဃာတော်များအား ကပ်လှူပူဇော်ခဲ့သော ကြေး သပိတ်ဖြစ်ဟန်ရှိပေသည်။

ကြေးသပိတ်သည် ကြမ်းပြင်နှင့် ကာလရှည်စွာ ထိတွေ့ပွတ်တိုက်မှုကြောင့် ယခုအခါ ထိုကြေးသပိတ်မှာ ဖင်၌ အပေါက်ဖြစ် သွားလေပြီ။ သပိတ်အနား အပေါ်ပိုင်းမှာလည်း တစ်လက် မလောက် ပဲ့နေသည်ဟု သိရှိရပါသည်။ ထိုပဲ့နေသော နေရာအား ကြေးပြားငယ်တစ်ပြားဖြင့် ဆက်ထားသည်။ ကြေးသပိတ်မှာ ကာလရှည်စွာ အသုံးပြုခဲ့မှု ၊ ခေတ်အဆက်ဆက် ဖြတ် သန်း ခဲ့ရမှုကို ကြမ်းပြင်နှင့် ထိတွေ့မှု များသော သပိတ်၏ ဖင်တွင် အပေါက်ဖြစ်နေသည်က သက်သေခံနေသည်။ ကြေးသပိတ်၏ အလေးချိန် မှာ တစ်ပိသာခန့်ရှိမည်ဟု ခန်းမှန်းရပါသည်။



အဆိုပါ ဝေသာလီခေတ် ကြေးသပိတ်သည် ကျောက်ဖြူ-ရမ်းဗြဲ ကားလမ်းရှိ မူရွင်းရွာ-ကုန်ဘောင် ကျောင်းတိုက်တွင် ခေတ်အဆက်ဆက် ထိန်သိမ်း လာသော ကြေးသပိတ်ဖြစ်ကြောင်းသိရသည်။ ကြေးသပိတ်ပုံများကို ရခိုင်သမိုင်းသုတေသီ (ခိုင်မော်ကွန်း- စစ်တွေ )မှ ကျေးဇူးပြုပါသည်။
-------------------------
တစ်ချို့သော သက္ကတဝေါဟာရစကားလုံး အက္ခရာများကိုရေးရာတွင် ဖေါင့်မရှိသောကြောင့် အက္ခရာ အမှန်ဖတ်လိုပါက ပုံစာတွင်ဖတ်ကြပါရန်။
မောင်ဖြူ - (ကြွီတဲကျွန်း)
30.12.2018- 11း58 PM

Credit > Mg Phru




Comments