Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗိုလ်နေဝင်း၏ မိန်းမများ

ဗိုလ်နေဝင်း၏ မိန်းမများ
-------------------------

ကမ္ဘာမှာ နံမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင်တွေ မိန်းမရှုပ်တဲ့ဇတ် လမ်းတွေ ရှိခဲ့ဖူးပေမဲ့ ဗမာပြည် စစ်အာဏာရှင် ဗိုလ်နေဝင်း ခြေဖျားကိုတော့ မှီမယ် မထင်မိပါ။

ကမ္ဘာ့ထိပ်သီး လူဆိုးကြီး ဟစ်တလာလိုလူတောင် သူ့ဘဝမှာ အမျိုးသမီး (၂) ယောက်သာ အထင်အရှား ရှိပါတယ်။ တယောက်က သူအာဏာမရခင်ကအရမ်းချစ်ခဲ့တဲ့ သူ့အမ ဝမ်းကွဲက မွေးတဲ့ သူ့တူမ ဝမ်းကွဲပါ။ မျက်စေ့ရှေ့အောက် အပျောက်မခံချင်တာ၊ တယောက်ယောက်နဲ့ ရင်းရင်းနှီးနှီး စကားပြောတာ၊ သရိုးသရီလာလုပ်သူတွေကို မနာလို ဖြစ်တာ စသဖြင့် ဦးလေးနဲ့တူမအဆင့်ထက် လွန်တဲ့ ကြိတ်ပုန်း အချစ်ရယ် ပါ။လိင်မှုဆိုင်ရာ တခုမှ မဖြစ်ခဲ့ပါ။ သူ့အချစ်ဦး နံမည်ကတော့ သူ့အမဝမ်းကွဲ Leo Raubal ကမွေးတဲ့ Geli Raubal ပါ။ ခမျာလည်း ငယ်ရွယ်သူ ဖြစ်သည့် အလျှောက်ချုပ်ချယ်လွန်းလှတဲ့ သမူးရဲ့အီး အူးအူး ဟစ်တလာရဲ့ မနာလို အူခါး သဝန်တို မှုတွေကြောင့် စိတ်အပျက်ကြီးပျက်၊ အနေကြပ်လွန်းတာကြောင့်အသက် ၂၃ နှစ် အရွယ် ၁၉၃၁ ခုနှစ်မှာ ကိုယ့်ကိုယ်ကို သတ်သေပြီး အဆုံးစီရင်ခဲ့ပါတယ်။

ဟစ်တလာရဲ့ ချစ်သူ နောက်တယောက်ကတော့ Eva Braun ပါ။ သူ့ကိုလည်း ချုပ်ချယ်လွန်းတာကြောင့်သူ့ကိုယ်သူ သတ်သေပေမဲ့ အချိန်မီတာ ကြောင့် မသေခဲ့ပါ။ အဲဒီကစပြီး အီဗာကိုအတော်အတန် လွတ်လပ်ခွင့်ပေးခဲ့ပြီး သေချာပေါက် စစ်ကြီးရှုံးတော့မဲ့ အချိန်ရောက်မှ အီဗာကို တရားဝင် လက်ထပ် ပြီး နှစ်ယောက်သား အတူတူ သတ်သေလိုက်ကြပါတယ်။ အဲဒီနေ့မှာ ဟစ်တလာက ၅၆ နှစ် ရှိပြီးအီဗာက ၃၃ နှစ်အရွယ်, ၃၀ ဧပြီ ၁၉၄၅ခုနှစ်မှာပါ။

စစ်အာဏာရှင် ဗိုလ်နေဝင်း မိန်းမရှုပ်တဲ့ ဇတ်လမ်း ဆက်ကြပါဦးစို့။

(1)

ဦးနေဝင်းသည် ၎င်း၏ ဘဝ တလျှောက်တွင်တရားဝင် အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့် ကျခဲ့ပြီး ပထမဆုံး အိမ်ထောင်အဖြစ် ဒေါ်သန်းညွှန့်နှင့် ၁၉၃၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ်ပေ။  ပထမအိမ်ထောင်နှင့် သားတစ်ယောက်ပါခဲ့သူ ဖြစ်သည်။

ဒေါ်သန်းညွှန့်နှင့် ၁၉၃၇ ခုနှစ်အထိ ပေါင်းသင်းနေထိုင်၍ သား ကိုသိန်း (တာတီး) ခေါ်ဦးကျော်သိန်းကို ဖွားမြင်ခဲ့သည်။ ဦးကျော်သိန်းသည် မြန်မာ့ရေနံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်မြို့နေ ဦးစိန်သီး၊ ဒေါ်ဆိုင်တို့၏ သမီး မကြည်ကြည်အေးနှင့် လက်ထပ် ခဲ့သည်။

ဦးကျော်သိန်းသည် အသက် ၄၅ နှစ်အရွယ်၁၉၇၈၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ဇနီးဒေါ်ကြည်ကြည်သိန်းသည် အသက်၅၉ နှစ်အရွယ် ၁၉၉၇ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

_____

(2)

ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ၁၈ ရက်တွင် ရန်ကုန်မြို့၊ မောင်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌လက်ထပ်ခဲ့သည်။ လက်ထပ် မင်္ဂလာပွဲသို့ ဦးနေဝင်း၏ဖခင် ဦးဖိုးခပါ တက်ရောက်ခဲ့သည်။

ဗိုလ်နေ၀င်း နှင့် ဒေါ်တင်တင်တို့မှ၁၉၃၉ ခုနှစ်ခန့်တွင် သားကြီးငွေစိုးကို ဖွားမြင်ခဲ့သည်။ ဗိုလ်နေ၀င်း ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ စစ်ပညာသင် သွားရောက်စဉ်က မောင်ငွေစိုးမှာ ၂ နှစ်သား အရွယ်မျှသာ ရှိသေးသည်။ ငွေစိုးသည် နောင်တွင် U.B.A လေကြောင်းဌာနတွင် လေယာဉ်မှူး ဖြစ်လာခဲ့သည်။

ဒုတိယသား အေးအောင်ဝင်း ခေါ်ကိုအေးအောင်ကို ၁၉၄၉ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

_____

(3)

ယင်းနောက် ၁၉၅၂ မတ်လ ၁ဝ ရက်တနင်္လာနေ့တွင် ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနှင့် ရန်ကုန်ဆေးရုံကြီးအတွင်းရှိ ဆေးကျောင်းအုပ်ကြီးနေအိမ်၌ လက်ထပ်ခဲ့သည်။

ဒေါ်ခင်မေသန်းမှာ ခွဲစိတ်ဆရာဝန်ကြီးနှင့်ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်း နှင့် ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်သည်။ ဒေါ်ခင်မေသန်း၏ ငယ်မည်မှာ ကစ်တီဘသန်း ဖြစ်သည်။ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က ဦးနေဝင်းသည် ဒုတိယ မယားကြီး ဒေါ်တင်တင်နှင့် တရားဝင် မကွာရှင်းရသေးပေ။

ထို့ကြောင့် လက်ထပ်ပြီး ၃ ရက်အကြာတွင်မယားကြီး ဒေါ်တင်တင်က ၁၉၅၂ မတ်လ၁၃ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာမှနေ၍ “ကျွန်မသာလျှင် ဗိုလ်ချုပ်နေဝင်း၏မယားကြီးပါ” ဟူ၍ ခေါင်းစဉ်တပ်ကာ ဗမာ့ခေတ် သတင်းစာတွင် ကြေညာခဲ့လေသည်။

သတို့သား ပြည်ထောင်စု မြန်မာနိုင်ငံတော်စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းသည်မတ်လ ၁ဝ ရက်နေ့က သတို့သမီး ကစ်တီ ဘသန်းနှင့် လက်ထပ် ထိမ်းမြားခဲ့ပြီဖြစ်သဖြင့်သတို့သား၏ မယားကြီး ဖြစ်သူ ဒေါ်တင်တင်က အောက်ပါ မတ်လ ၁၃ ရက် နေ့စွဲ ကြေညာ ချက်ဖြင့် တိုင်းပြည်အား တိုင်တည် လိုက်လေသည်။

"နိုင်ငံတော် သမ္မတကြီး အမှူးပြု၍ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ ဗမာ့တပ်မတော် ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့်တကွ တိုင်းသူပြည်သား မြို့မိမြို့ဖ အပေါင်းတို့အား စစ်သေနာပတိချုပ် သတိုး သီရိ သုဓမ္မ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဇနီးဖြစ်သူ ကျွန်မဒေါ်တင်တင်နှင့် သားကိုငွေစိုး၊ ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ်ခံ တိုင် ကြား အစီရင်ခံပါသည်။

ကျွန်မ၏ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ် နေဝင်းသည်တပေါင်းလပြည့်နေ့က ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ ဆေးကျောင်းအုပ်ကြီး ဒေါက်တာ ဘသန်းနှင့် ဇနီးဒေါ်ခင်ကြည်တို့၏ နေအိမ်တွင် ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်း၊ ဒေါ်ခင်ကြည်တို့၏ သမီး ကစ်တီဘသန်း နှင့်လက်ထပ်ပါသည်။ ကျွန်မနှင့် ဗိုလ်ချုပ်နေဝင်းတို့မှာ လွန်ခဲ့သော၁၄ နှစ်ခန့် ၁၂၉၉ ခု ဒုတိယဝါဆိုလဆန်း ၁၁ရက် (၁၉၃၇ ဇူလိုင်လ ၁၈ ရက်) တနင်္ဂနွေနေ့ တွင် မောင်ဂိုမာရီလမ်း အိမ်နံပါတ် ၁ဝ၆ ၌ဗိုလ်ချုပ်၏ ဖခင် ဦးဖိုးခ ကိုယ်တိုင် နှစ်ဦးနှစ်ယောက် မိဘများရှေ့၌အတိအလင်း လူသိရှင်ကြား ထိမ်းမြားမင်္ဂလာ လက်ထပ်ပေးခဲ့ပါသည်။

ကျွန်မသည် ကျွန်မ၏ ခင်ပွန်းကို ယခုကဲ့သို့ဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့်မည်ဟုလည်း မမျှော်မှန်း မထင်မြင်မိခဲ့ပါ။ အင်္ဂလိပ်ကို ခုခံတိုက်ခိုက်သော မျိုးချစ်နိုင်ငံရေးခေါင်းဆောင်ကြီး တဦးအဖြစ်ဖြင့် ကြည်ညိုလေးစားပြီးလျှင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပျော်ရွှင်စွာ ငုံ့ခံခဲ့ပါသည်။ ထိုခံခဲ့ရသော ဒုက္ခများကို ကျွန်မ မပြောလိုတော့ပါ။ အင်္ဂလိပ်လက်ထက် နိုင်ငံရေးသမားများ၏ဇနီးတိုင်း ကောင်းစွာ ခံစားခဲ့ဖူးကြပါသည်။ ဗိုလ်နေဝင်း ဂျပန်ပြည်သွားစဉ်အခါက ကျွန်မ၏ သားအကြီး ကိုငွေစိုးမှာ ၂ နှစ်သားမျှ ရှိပါသေးသည်။ ထို ၂ နှစ်သားကိုငွေစိုးနှင့် ကျွန်မ မှာ ဆင်းရဲဒုက္ခ အမျိုးမျိုး ခံခဲ့ရပါသည်။

ဗိုလ်ချုပ် ဂျပန်ပြည်က ပြန်လာပြီးနောက်တာဝါလိန်းအိမ် (ယခု ဗိုလ်ချုပ် ပြတိုက် ဖွင့်ထားသော အဆောက်အအုံ) တွင်ကျွန်မတို့ မိသားစုတစ်စု ပျော်ရွှင်စွာ အတူနေထိုင်ကြပါတယ်။ ဂျပန်တော်လှန်ရေးတွင် ကျွန်မနှင့်သားကိုငွေစိုးတို့မှာ ဂျပန်ရန်ဘေးမှ ရတနာသုံးပါးကျေးဇူးကြောင့် လက်မတင်ကလေး လွတ်မြောက်ခဲ့ကြရပါသည်။ မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီးနောက်ကျွန်မ၏ ခင်ပွန်းသည် ဗိုလ်ချုပ်ကြီး ဖြစ်လာပါသည်။ ကျွန်မတို့မိသားစု ဝင်ဒါမီယာ အိမ်နံပါတ်၂၁ တွင် အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြပါသည်။ ထိုအိမ်တွင်ပင် ၁၃၁ဝ ပြည့်နှစ် ဝါဆိုလဆုတ်၈ ရက် (၁၉၄၉ ဇူလိုင်လ ၁၇ ရက်) တနင်္ဂနွေနေ့တွင် ဒုတိယမြောက် သားငယ် ကိုအေး အောင်ကို မွေးဖွားခဲ့ပါသည်။

ယခု ကျွန်မ၏ ယောက်ျားသည် တပေါင်းလပြည့်နေ့ (မတ် ၁ဝ ရက်) က ဒေါက်တာဘသန်း၏ သမီး ကစ်တီဘသန်းနှင့် လက် ထပ်ကြပါသည်။

ကျွန်မ၏ ယောက်ျားသည် မည်သည့်မိန်းမကို လက်ထပ်စေကာမူ ကျွန်မဒေါ်တင်တင်သာလျှင် မယားကြီးဖြစ်ကြောင်းကို နိုင်ငံ တော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊နိုင်ငံတော်ခေါင်းဆောင်များ၊ ဗမာ့တပ်မတော် ရဲဘော်ကြီးများ၊ ရဲဘော်ဟောင်းများနှင့်တကွ၊မြို့မိမြို့ဖ၊ တိုင်းသူပြည်သားတို့အား ကျွန်မဒေါ်တင်တင်နှင့် တကွ သားကြီးကိုငွေစိုး၊ သားငယ် ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ် တိုင်ကြားအပ်ပါသည်။"

မြို့မိမြို့ဖများ၏ မေတ္တာရိပ်ကို ခိုလှုံလျက်
ရှိသော…

(ပုံ) ဒေါ်တင်တင်
(ပုံ) ငွေစိုး (သားကြီး)
(ပုံ) အေးအောင် (သားငယ်)။

ဦးနေဝင်းနှင့် လက်ထပ်ခဲ့သော ဒေါ်ခင်မေသန်းသည် အပျို မဟုတ်ပေ။ ၎င်း၏ ပထမအိမ်ထောင်မှာ ဒေါက်တာတောင်ကြီး (ဝန်ကြီးချုပ် ဦးနု သမီး ဒေါ်စန်းစန်းနု၏ ခင်ပွန်း ဗိုလ်မှူးသက်တင်၏ အကို) ဖြစ်ပြီး ၎င်းနှင့် သမီးလီလီဝင်းနှင့် အမြွှာသမီးများ ဖြစ်ကြသော သီတာဝင်း၊ သော်တာဝင်း တို့ထွန်းကားခဲ့သည်။

ဒေါက်တာတောင်ကြီးနှင့် တရားဝင် ပြတ်စဲခြင်းမရှိဘဲ ဒေါ်ခင်မေသန်းအား လက်ထပ်ခဲ့မှုကြောင့်တပ်မတော် အက်ဥပဒေဖြင့် ဝန်ကြီးချုပ် ဦးနုက အရေးယူရန် ပြင်ဆင်နေစဉ် ဝန်ကြီးချုပ်အားဝိဓူရ သခင် ချစ်မောင်အပါအဝင် အခြားနိုင်ငံရေး ခေါင်းဆောင်များ ၀ိုင်းဝန်းတားမြစ်ခဲ့သဖြင့် ဖြုတ်မပစ်ခဲ့ပေ။

ဦးနေဝင်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ပြီးနောက် သမီး စန္ဒာဝင်း၊ ဖြိုးနေဝင်း၊ ကြေးမုံဝင်းတို့ ထွန်းကားခဲ့သည်။

ထို့ကြောင့် ရင်းနှီးသူများက ဦးနေဝင်းနှင့် ဒေါ်ခင်မေသန်းတို့ သားသမီး ထွန်းခဲ့မှုအပေါ် You three, I three, We three ဟူ၍ နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြသည်။

သမီးစန္ဒာဝင်းကို ၁၉၅၂ တွင်ဖွားမြင်ခဲ့သည်။ဒဂုန်-၁ တွင် ငယ်စဉ်က ကျောင်းနေခဲ့သော်လည်း အင်္ဂလိပ်စာ အလွန် ညံ့ဖျင်းသောကြောင့် စင်ကာပူ ကျောင်းဝင်ခွင့် စာမေးပွဲ၌ကျရှုံးခဲ့ရသည်။

ဆေးတက္ကသိုလ်တွက်ကာ ဆရာဝန်ဗိုလ်မှူး အဆင့်ဖြင့်ထမ်းရွက်နေသော်လည်းသူ၏ဆေးကုသမှုကိုမည်သူမျှမခံရဲဟုသိရ ပေသည်။ ထိုနောက် ဖခင် အရှိန်အဝါဖြင့် စီးပွားရေးလုပ်ကိုင်ခဲ့ရာသူ ပိုင်ဆိုင်သော မရမ်းကုန်းမြို့နယ်ရှိ ကွန်းကော့ဟိုတယ်သည် နာမည်ကြီးနိုက်ကလပ် တစ်ခုဖြစ်လေရာ နိုင်ငံခြားသားများအကြိုက် တွေ့ စေသည့် ပြည့်တန် ဆာ တို့ ပျော်မြူးရာ နိဗာန်ဘုံ တခုဖြစ် ခဲ့လေသည်။

ပိုက်ဆံရှိ သားသမီးများနှင့် နာမည်ကြီးပုဂ္ဂိုလ်တို့ ၏သားသမီးတို့ သည်မောက် မာ၍မိုးမမြင် လေမမြင်နေနိုင်တတ်ရာ၁၉၉၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲချုပ် စံသိန်း၏သမီးကားနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာထိုစဉ်ကထောက်လှန်းရေးမှူး ခင်ညွန့် လာရောက် ဖြေရှင်းပေး၍ကိစ္စပြီးသွားလည်း ရဲချုပ်စံသိန်းသည်ရဲချုပ် မှပြုတ်၍ ဖိလစ်ပိုင်သံအမတ် အဖြစ်နယ်နင်ခံလိုက်ရသည်။ ထို့ နောက် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ်ပြောင်းရွှေ့ ခံရပြိးနောက် ၂ဝဝ၃ ခုနှစ်တွင် အငြိမ်းစားပေးခံလိုက်ရသည်။

စန္ဒာဝင်းသည် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်း တွင် အဖျက်အမှောင့် တန်ပြန်သပိတ်ကော်မတီဝင်(၁၁) ဦ်း၌ တဦး အပါအဝင်ဖြစ် လျက် အဖျက်အမှောက် လုပ်ငန်းများကိစ္စ၌ ပါဝင်ပတ်သက်နေသည်ဟု ကောလဟလ သတင်းများထွက်ပေါ်ခဲ့သေးသည်။

______

(4)

ထို့နောက် ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်းကွယ်လွန်သွားပြီးနောက် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ကထိက ဆရာမကြီး ဒေါ်သိန်းညွှန့်အား လက်ထပ်ခွင့် တောင်းခဲ့သေးသည်။ ဒေါ်သိန်းညွှန့်က ဦးနေဝင်း မိန်းမရှုပ်တတ်သည်ကို သိထား၍ ငြင်းပယ်ခဲ့လေသည်။

______

(5-1st)

ထို့နောက် နောင်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ကမာရွတ်မြိုနယ်နေ အဖ ဦးလှ ၊ အမိ ဒေါ်အေးမြင့်တို့၏ သမီး ဒေါ်နီနီမြင့်(မဟာဝိဇ္ဇာ – သမိုင်း) နှင့် ၁၉၇၃ ခုနှစ်၊ ဧပြီလ၄ ရက်၊ တနင်္ဂနွေနေ့တွင် လက်ထပ်ခဲ့သည်။

ဒေါ်နီနီမြင့်နှင့် သားသမီး မထွန်းကားခဲ့ပါ။ ဦးနေဝင်းနှင့် လက်ထပ်စဉ်က ဒေါ်နီနီမြင့်သည်အသက် ၃၂ နှစ်ရှိပြီး ဦးနေဝင်းသည် အသက်၆၃ နှစ် ရှိနေပြီ ဖြစ်သည်။

______

(6)

ယင်းနောက် ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက်John Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး (၁၈၂၀ ဇန်န၀ါရီ ၃၁ – ၁၈၆၆ သြဂုတ် ၂) ၏ မြစ်တော်သူ ရတနာနတ်မယ်နှင့်၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လက်ထပ်ခဲ့သည်။

၂၅-၁၂-၁၉၇၆ ရက်စွဲပါ ကြေးမုံသတင်းစာမျက်နှာဖုံးတွင် ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့၏ လက်ထပ်မင်္ဂလာပွဲ သတင်းကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ရတနာနတ်မယ်၏ မိခင်မှာ လင်းပင် ထိပ်တင်မလတ်ဖြစ်ပြီး အိမ်ရှေ့စံ ကနောင်မင်းသားနှင့်ကိုယ်လုပ်တော် သခင်ကြီး ခင်ဖော့တို့၏ သားတော် လင်းပင်မင်းသားနှင့် ရေနံ့သာခင်ခင်ကြီးတို့၏ သမီးဖြစ်သည်။

လင်းပင် ထိပ်တင်မလတ်သည် အသက် ၃၄ နှစ်အရွယ်တွင် သူ့ထက် အသက် ၁၆ နှစ်ကြီးသောသြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုး မြင်းပွဲဒိုင် (horse race referee) နှင့် သစ်ခွ စုဆောင်းသူမစ္စတာဟားဘတ်ဘယ်လာမီ (Mr.Herbert Bellamy) နှင့် လက်ထပ်ခဲ့သည်။ ၄ နှစ်အကြာ ၁၉၃၂ ဇွန်လ ၁ ရက်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့သည်။

______

(5-2nd)

ဦးနေဝင်းသည် ရတနာနတ်မယ်နှင့် အိမ်ထောင်ရေးပြိုကွဲပြီးနောက် ဒေါ်နီနီမြင့်နှင့် ပြန်လည် ပေါင်းထုတ် ခဲ့သည်။ နှစ်ပြန်ကျော် တို့ဖူးများ တယ်စားကောင်းလို့ ဆိုလေသတည်း။

______

(7)

ထို့နောက် ၎င်းအသက် ၇၇ နှစ်၌ အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ကြာစံအား လက်ထပ်ခဲ့သည်ဟု ဆိုသည်။

-------------------------
*(ဆရာ ဦးသောင်းနှင့် ဆရာသန်းဝင်းလှိုင်
ဆောင်းပါး အချို့ကို မှီငြမ်းပါသည်)။
Credit : Andrew Soe
--------------------------

မှတ်ချက်။ ။ ရန်ကုန်မြို့  မဂိုလမ်း (ယခု ရွှေဘုန်သာလမ်း) အလယ် ဘလောက်တွင် နေထိုင်ခဲ့သော ကျနော်၏ အကိုများလို ခင်မင်ခဲ့ရသော ကိုတိုးအောင် ၊ ကိုမျိုးအောင် ညီအကို (စတီရီယိုဂီတခေတ်ဦးသမား သိကြသည့် တီးဝိုင်းစက်အဖွဲ့ ) တို့ ၏ဖခင်ကြီး ဦးသိန်းမောင် (ပေါက်ခေါင်း) မှာ ဗိုလ်နေ၀င်းနှင့် ညီအကိုဝမ်းကွဲဖြစ်၏။ ဘဘဦးသိန်းမောင်၏ ပြောစကားကိုကြားဘူးသည်မှာ ကထိကအပျိုကြီး ဒေါ်သိန်းညွန့် မှာလည်း ဗိုလ်နေ၀င်းနှင့် မောင်နှမ၀မ်းကွဲဖြစ်သဖြင့် ဗိုလ်နေ၀င်း၏ဆွေမျိုးမျး ထိုကိစ္စကိုတိုင်ပင်ကြရာ ဘဘဦးသိန်းမောင်မှ "ဒို့ အမျိုးထဲမှာ ကိုယ့်နှမကိုယ် မယိုးဘူးဟု" သဘောထားပေးသဖြင့်၊ ဗိုလ်နေ၀င်းမှာ ရှက်လည်းရှက် ဒေါသလည်းဖြစ်ကာ ဘဘဦးသိန်းမောင်ကို လုံးဝ အဆက်အသွယ်ဖြတ်ပစ်ကြောင်း။

Comments