Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ပလက်ဝမြို့နယ် - ရခိုင်တောင်တန်းဒေသမှ ချင်းပြည်နယ်သို့ပါဝင်သွားရခြင်းအကြောင်းရင်း

ပလက်ဝမြို့နယ် - ရခိုင်တောင်တန်းဒေသမှ ချင်းပြည်နယ်သို့ပါဝင်သွားရခြင်းအကြောင်းရင်း

ပလက်ဝမြို့ဟုခေါ်တွင်ခြင်း

ပလက်ဝမြို့ဟုခေါ်တွင်ရခြင်းမှာ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်၏တစ်ဖက်ကမ်းရှိ ပလက်ဝ ချောင်းဝ တည့်တည့်နေရာတွင် မြို့တည်ခဲ့သောကြောင့် ပလက်ဝမြို့ဟုခေါ်တွင်ရခြင်းဖြစ်လေသည်။ ဤပလက်ဝမြို့ကို (၁၈၇၆) ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။ ပလက်ဝမြို့တွင် စိမ်းစိုရွှမ်းပ သဘာဝတောတောင် များ ၊ လျှိုမြောင် စိမ့်စမ်း ရေတံခွန်များပေါများပြီး လွင်ပြင်များ မရှိလောက်အောင်နည်းပါးကာ ၊ တောင်စဉ် တောင်တန်းပေါများသော ဒေသတစ်ခုဖြစ်သည်။ ပလက်ဝသည် တောင်ပေါ်မြို့တစ်မြို့ဖြစ်ပါသည်။ ဒေသတွင်း နေထိုင်ကြသော လူမျိုးများမှာ ရခိုင် ၊ ခူမီး ၊ ချင်း ၊ မရာ ၊ မြို ၊ လေးမြို့ချင်း ၊ ခေါင်စို ၊ အနူး ၊ သက် ၊ လင်းကြဲ ၊ ဒိုင်းနက် စသည့်လူမျိုးများ ရောနှောနေထိုင်ကြပါသည်။

သက္ကရာဇ် ၁၉၄၆ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်ကုန်ပိုင်းလောက်တွင် အင်္ဂလိပ်နိုင်ငံ ဝိတိုရိယဘုရင်မ၏ နန်းရင်းဝန်ဖြစ်သော မောင့်ဘက်တန်သည် ပလက်ဝမြို့နယ်၏ လူကြီးများဆန္ဒကို ခံယူရန်အတွက် ရန်ကုန်မြို့မှ နေ၍ လူကြီး (၇) ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထိုအချိန်တွင် ပလက်ဝမြို့ကိုအုပ်ချုပ်သော အင်္ဂလိပ်အရေးပိုင် မစ္စတာဆီယာသည် ပလက်ဝမြို့ တောင်ဘက် ရိက္ခာရပ်ကွက်ရှိ တောင်ကုန်းပေါ်တွင် ဆောက်လုပ်ထားသော ခရစ်ယန်ကျောင်းပေါ်တွင် နေထိုင်လျက်ရှိ သည်။

ယင်းမစ္စတာဆီယာ၏ ဇနီးမှာ ရခိုင်အမျိုးသမီး ပလက်ဝမြို့သူ (ဒေါ်သာနုမေ) ဖြစ်သည်။ ၎င်းအမျိုးသမီး၏ ဖခင်ဖြစ်သူမှာ ဦးကျော်ဦးဖြစ်သည်။ (ယခုလက်ရှိ ပလက်ဝမြို့နယ် မဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော ရခိုင်အမျိုးသား ဦးငယ်ငယ်၏ ဆွေမျိုးဖြစ်သည်ဟု သိရှိရပါသည်) ။

ထိုဆန္ဒခံယူသည့်ကိစ္စကို လူကြီး(၇)ဦး  လွှတ်ပေးမည့်တာဝန်ကို မစ္စတာမောင်ဘတ်တန်မှ ပလက်ဝမြို့ကို အုပ်ချုပ်သော မစ္စတာ ဆီးယားအား တာဝန်ပေးလိုက်သည်။ ၎င်းအချိန်ကာလတွင် ပလက်ဝမြို့၌ အင်္ဂလိပ် အရေးပိုင်၏လက်အောက်တွင် အမှုထမ်းနေကြသော ရခိုင်အမျိုးသားများ ရှိကြသည်။ ၎င်းအမှုထမ်းများထဲမှ ရခိုင်သားအမျိုးသား ဝန်ထမ်း (၃)ဦးကို အင်္ဂလိပ်အရေးပိုင် မစ္စတာဆီးယားမှ ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်။ ၎င်း ရခိုင် လူမျိုး (၃) ဦးမှာ (၁) ဌာနာဦးအောင်သာဆန်း၊ တိုက်ပိုင် ၊ (၂) ဦးကျော်ဇံ (စာရေးကြီး)၊ (၃) ဦးမောင်သာအောင် (စာရေးကြီး) တို့ဖြစ်ကြသည်။ ထို့နောက် ၎င်းတို့ရွေးချယ်သည့် ပလက်ဝမြို့တွင် နေထိုင်ကြသော ပုဂ္ဂိုလ်(၇) ဦးမှာ အောက်ပါလူမျိုးများဖြစ်ကြသည်။

(၁) ဦးထပ်လိုင်း ၊ ခူမီးအမျိုးသား ပလက်ဝ ရပ်လူကြီး ၊ (၂) ဦးတင်ကုန်း (တိုက်နယ်ဥက္ကဋ္ဌ၊ ကျီးလေကျေးရွာ)၊ (၃) ဦးစိုးဝန်း (ခူမီးအမျိုးသား၊ တရွန်အောက်ကျေးရွာ) ၊ (၄) ဦးမောင်ညှာ (ချင်းအမျိုးသား ၊ လေးမြို့ချောင်းတိုက်နယ်ဥက္ကဋ္ဌ ) ။ (၅) ဦးတိန်ထူး (လူချိုင်းလူမျိုး ၊ ချင်းပလက်ဝအထက်ရွာ ၊ တိုက်နယ်ဥက္ကဋ္ဌ) ၊ (၆) ဦးထွန်းမြ (ရခိုင်အမျိုးသား ၊ ပလက်ဝမြို့) ။ (၇) ဦးစောလှ ၊ ရခိုင်အမျိုးသား ၊ ပလက်ဝမြို့ (ဖဆပလခေတ် ပြည်သူ့လွှတ်တော်အမတ် ) တို့ဖြစ်ကြသည်။ ၎င်း ပုဂ္ဂိုလ် (၇) ဦးကို ရွေးချယ်ပြီးနောက် ရန်ကုန်မြို့ မစ္စတာမောင်ဘတ်တန် ထံသို့ ပေးပို့လိုက်သည်။

မစ္စတာမောင်ဘတ်တန်ထံသို့ ရောက်သောအခါ ၎င်းလူ(၇) ဦးအား ပြောကြားသည်မှာ ယခုမကြာမီ ဒုတိယကမ္ဘာစစ် ပြီးလျှင် မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးရန် ကတိရှိသည့်အတိုင်း တချိန်ချိန်တွင် ပေးရမည်ဖြစ် သည်။ သို့ဖြစ်၍ ပလက်ဝမြို့မှ လူကြီး (၇) ဦး၏ ဆန္ဒကို ရယူလိုသောကြောင့် ခေါ်ယူရခြင်းဖြစ်သည်ဟု မောင်ဘတ်တန်က ပြောကြားသည်ဟု သိရှိရသည်။ ထိုသို့ ဆန္ဒယူရန်ခေါ်ယူရခြင်းမှာ လူကြီးမင်းတို့ ပလက်ဝ မြို့နယ်အား ချင်းနှင့်ပေါင်း၍နေမည်လော ၊ ရခိုင်နှင့်ပေါင်း၍နေမည်လော ။ ဤကိစ္စကို ဆန္ဒရယူလို၍ ခေါ်ယူရခြင်းဖြစ်သည်ဟု သိရှိရသည်။ ၎င်းလူကြီး (၇) ဦးအား ဆန္ဒခံယူလိုက်သည့်အခါ ရခိုင်အမျိုးသား (၂) ဦးက ရခိုင်နှင့်ပူးပေါင်းနေထိုင်ရန် ဆန္ဒပြုကြသည်။ ကျန် ခူမီးအမျိုးသား (၃) ဦးနှင့် ချင်းအမျိုးသား(၁) ဦး ၊ လူချိုင်းလူမျိုး (၁)ဦး ၊  ပေါင်း(၅) ဦးတို့က ချင်းနှင့်ပေါင်း၍နေထိုင်ရန် ဆန္ဒပြုကြသည်ဟု သိရှိရသည်။ ၎င်းကို အကြောင်းပြု၍ လွတ်လပ်ရေးရသည့်နောက်ပိုင်းတွင် ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ မြို့နယ်တစ်ခု အပါအဝင်ဖြစ်ကြောင်း လေ့လာစုံစမ်း၍ သိရှိရပါသည်။ (အထက်ပါကိစ္စရပ်များကို  ပြောပြသူမှာ ပလက်ဝမြို့ နယ် ၊ ယခုသမဝါယမ ဥက္ကဋ္ဌဟောင်း ၊ အမျိုးသားညီလာခံကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ မြို့မိမြို့ဖ ဦးဦးကျော်စိန်မှ ပြောပြ၍ သိရှိရပါသည်။)

ရခိုင်အထောက်အထား
အင်္ဂလိပ်အစိုးရ အုပ်စိုးသည့်ကာလအတွင်း ပလက်ဝမြို့ကို ရခိုင်တိုင်းမြောက်ပိုင်း ရခိုင်တောင်တန်း ဒေသဟု ခေါ်ဝေါ်သတ်မှတ် ပါဝင်ခဲ့သည်ဆိုသော အထောက်အထားမှာ ယနေ့တိုင် အင်္ဂလိပ်အစိုးရမှ အသိအမှတ်ပြု ထုလုပ်ထားသော ဘဲဥပုံသဏ္ဍာန် ကြေးနီခွက် တံဆိပ်ဝိုင်းမှာ ယနေ့တိုင် သက်သေထင်ရှား ရှိနေပါသည်။ ၎င်းတံဆိပ်မှာ နွားတစ်ကောင်ပုံကို ထွင်းထုပြီး ပြုလုပ်ထားပါသည်။ ပုံအထက်စာမှာ ARAKAN HILL TRACTS ဟုရေးပြီး ၊ ဘေးတစ်ဖက်တွင် PAID CHIEF ပါရှိပါသည်။ ပုံအောက်တွင် လခစားတောင်မင်း ၊ ရခိုင်တောင်ရိုးဟု ပါရှိပါသည်။ ပုံကို ဓာတ်ပုံရိုက်၍ ဖော်ပြလိုက်ပါသည်။

(ဦးဦးထွန်းစိန်)
အာရကန်လှိုင်းသံ ၊ ၂၀၁၃ ၊ ဇန်နဝါရီလ ၊ အမှတ် (၄) ၊ အတွဲ (၁)

ရခိုင့်ဗဟိုပြုအတွေးအမြင်နန့်သိမှတ်စရာ
http://www.facebook.com/thecentralconceptionforarakan/

Comments