Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ထရဝါဒဗုဒ္ဓခံတပ်ကြီး(သို့) ကိုးသောင်းပုထိုးတော်

Kyaw Tun's post




26 Feb 2016

ထေရဝါဒဗုဒ္ဓခံတပ်ကြီး(သို့) ကိုးသောင်းပုထိုးတော်

ပုဂံက အနော်ရထာဟာ ကောင်းမှုတော်ထဲမှာ ကိုယ်တိုင်လုပ်အုပ်ချပ်ဘုရားကို ဌာပနာထည့်ကာ အလှူလုပ်ခဲ့တယ်လို့ ကြားဖူးပါတယ်။ ရခိုင်ဘုရင်တစ်ပါးဖြစ်တဲ့ မင်းတိက္ကာရဲ့ ကိုယ်တိုင်လုပ် မြေမီးဖုတ် ရွှံ့ပြားကို ကျနော်လက်ထဲမှာ ဆုပ်ကိုင်ကာ ရင်မှာနာနေခဲ့တာ ကြာပါပြီ။ လောလောဆယ်ဆယ်တော ကိုးသောင်းပုထိုးတော်ကြီးကပေးတဲ့ မင်းတိက္ကာရဲ့ ထေရဝါဒခံတပ်ကြီးကို ရှေးရခိုင်တွေ ဘယ်လိုအလေးထား တည်ဆောက်ခဲ့တယ်ဆိုတာတွေနဲ့ နောက်မှ ပြောဖြစ်တော့မယ့် အကြောင်းလေးတွေအတွက်...




ပညာသရုပ်ကိုဖေါ်ညွှန်းသော ကျီးငှက်ရုပ် (ကြက်တူရွေး)



ကိုးသောင်းပထိုးဒါယိကာသျှင်တိက္ကာ



သက္ကြစ် ၉၁၃-ခုနှစ်




(၁) ယေဓမ္မာဟေတုပဘဝါ
(၂) ဗုဒ္ဓသာသနံစိရံတိဌတု
(၃)ူ




(၁) ဘမရာသိမ်ဒေါ်
(၂) ကိုးသောင်းသိမ်ပုထိုးကြီး

(၃) သက္ကြစ် ၉၁၃ ခုနှစ်တွင်
(၄) ....... အား ........
(၅) တိက္ကာသည် တည်တော်မူ
(၆) ..........................
(၇) ဆန္ဒတော်အတိုင်း
(၈) ဓါတ်တော်ပေါင်း ၈၄၀၀၀ ကို
(၉) ဌာပနာကာကိုးသောင်းပု
(၁၀) ထိုဝ်တော်ကြီးကိုတည်
(၁၁) တော်မူခဲ့သည်
(၁၂) နောင်လာနောင်သားသိစေ
(၁၃) သောဝ် ။

ထေရဝါဒဗုဒ္ဓသာသနံစိရံတိဌတု




(၁) ယေဓမ္မာဟေတုပဘဂဝါ
(၂) မြတ်ဗုဒ္ဓသာသနံစိရံတိဌတု
(၃) သျှင်တိက္ကာ (မင်းတိက္ကာ၏ လက်မှတ်တော်)
(၄) မြောက်ဦးရွှေနန်းတော်
(၅) ရက္ခပူရတိုင်း














Comments