ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည့် စာပေပါရဂူ ဦးရွှေဇံအောင်"

"ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည့် စာပေပါရဂူ ဦးရွှေဇံအောင်"

လယ်တီဆရာတော်ဘုရားသည် ဗုဒ္ဓစာပေများကို ပါဠိစာပေမှ မြန်မာဘာသာသို့ အဓိကဘာသာပြန်ပေးခဲ့သည့် ကျေးဇူးရှင်ဆိုလျှင် မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်မှာ ပထမဦးဆုံး ဦးရွှေဇံအောင်ဖြစ်သည်။

၁၈၇၁-ခုနှစ်၊ ဇန်န၀ါရီလ ၂၀-ရက်နေ့မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် "ဘ" ရာဇ၀တ်ဝန်ကြီး ဦးရွှေသာနှင့် "မိ" ဒေါ်မိအဖြူဇံတို့မှ မွေးဖွားခဲ့သည်။ ၁၈၉၂-ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၈၉၄-ခုနှစ်မှာ လယ်ဝန်ဖြစ်လာခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် မြန်မာသုတေသနဂျာနယ်တို့တွင် ဗုဒ္ဓအဘိဓမ္မာများကို စတင် ဆောင်းပါးရေးသားခဲ့သည်။ ယင်းခေတ်တွင် ထင်ရှားသော အင်္ဂလန်ပြည်မှ ပါဠိပညာရှင် မစ္စက်ရိုင်းဒေဗစမ်က လယ်တီဆရာတော်ကြီးကို မေးမြန်းသော မေးခွန်းပုစ္ဆာများကို မြန်မာပြန်၍ ဆရာတော်ကြီးကို တင်ပြခဲ့သည်။ လယ်တီဆရာတော်ကြီး ဖြေတော်မူသော အဖြေများကို အင်္ဂလိပ်ဘာသာသို့ပြန်ပြီး လန်ဒန် ပါဠိလေဒီ မစ္စက်ရိုင်းဒေးဗစ်ထံ စာတိုက်က ပေးပို့ပြီး ဗုဒ္ဓစာပေကို ကမ္ဘာသို့ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။

၁၉၁၀-ခုနှစ်မှာ ဦးရွှေဇံအောင် အင်္ဂလိပ်ဘာသာရေး အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ထုတ်ဝေခဲ့သည်။ လန်ဒန် ပါဠိလေဒီ မစ္စက်ရိုင်းဒေးဗစ်မှ ဦးရွှေဇံအောင်ကို ကျေးဇူးတင်စကားပါးခဲ့သည်။ ဆရာကြီး၏ ဗုဒ္ဓဒဿန ရှင်းလင်းချက်ကို ဥရောပ ပညာရှင်များက နားလည်အောင် ရှင်းပြ ရေးသားနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။

ဦးရွှေဇံအောင်၏ ကထာဝတ္ထုကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် Point of Contronersy အမည်ဖြင့် လန်ဒန် ပါဠိစာပေအသင်းကြီးက ၁၉၁၅-ခုနှစ်မှာ ထုတ်ဝေခဲ့သည်။ ထိုအခါ ဦးရွှေဇံအောင်ကို ကမ္ဘာသိ ဗုဒ္ဓအဘိဓမ္မာဆရာကြီးအဖြစ် ထင်ရှားလာသည်။ အင်္ဂလိပ်တို့၏ အနောက်တိုင်း အတွေးအခေါ်လောဂျစ်ကျမ်းများကို မြန်မာပြန်ဆိုခဲ့ပြီး တက္ကိယနဒီပနီကျမ်းဟု ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် အခြားကျမ်း အများအပြားကိုလည်း ရေးသားခဲ့သည်။ သူရေးသားခဲ့သည်မှာ ဗုဒ္ဓအဘိဓမ္မာများကို အဓိကထား ရေးသားခဲ့သည်။

ကမ္ဘာသိ ဦးရွှေဇံအောင်ကို ၁၉၃၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေပါရဂူ Doctor of Literature ဘွဲ့ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ဘွဲ့မအပ်နှင်းမှီ ၁၀-ရက်အလို ၁၁-၅-၁၉၃၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည့် စာပေပါရဂူ ရခိုင်အမျိုးသား ဦးရွှေဇံအောင်အား မမေ့အပ်ပေ။

https://my.pcloud.com/publink/show?code=XZ4jN07ZYTTMrLOoVDVx7OTfdArTW0VDFcn7

Credit.. ရခိုင်သမိုင်း ..page

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား