Featured
- Get link
- X
- Other Apps
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၁၈)ပါ ပထမမင်းဆက်၏နန်းစံနှစ် ( ၁၀၁၆ - ၁၀၆၀ ) ကို ရှင်းလင်းချက်
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၁၈)ပါ ပထမမင်းဆက်၏နန်းစံနှစ် ( ၁၀၁၆ - ၁၀၆၀ ) ကို ရှင်းလင်းချက်
12 FEBRUARY · PUBLIC
ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာဟု ခေါ်သော ကျောက်စာတိုင် တစ်ခုရှိပါသည်။ ထိုကျောက်စာသည် သက္ကတဘာသာဖြင့် ရေးသားထားသော ကျောက်စာ တစ်ချပ်ဖြ စ်ပေသည်။ ထိုကျောက်စာတွင် အာနန္ဒစန္ဒြမင်းသည် သူ၏ ဘိုးလောင်းတော် ဘေးလောင်းတော်မင်းများကို မင်းအမည်၊ နန်းစံ နှစ်နှင့် တကွ သေသေချာချာ မှတ်တမ်းတင် ရေးထိုထားပေသည်။ အာနန္ဒစန္ဒြမင်းကျောက် စာ တွင် မင်းဆက်(၃) ပါရှိပေသည်၊ စာကြောင်းရေ(၃) မင်းအမည်ပျက်မှ လင်္ကီမင်းထိ မင်း(၁၅)ပါးကို ပထမမင်းဆက်ဟု ခေါ်ကြပြီး၊ ဒွေင်စန္ဒြမင်းမှ ဓရိတိစန္ဒြမင်းဆက်ထိ မင်း(၁၃) မင်းကို ဒုတိယမင်းဆက်ဟု ခေါ်ဝေါ်ကြပါသေည်။ မဟာဝီရမင်းမှ အာနန္ဒစန္ဒြမင်းထိကို တတိယမင်းဆက်ဟုခေါ်ဝေါ်ကြပေသည်။ ယခုဤဆောင်းပါးတွင် ပထမမင်းဆက်၌ နန်းစံနှစ် ဒွိဟဖြစ်နေသော (၁၀၁၆-၁၀၆၀) ကို ရှင်းရှင်းလင်းလင်း ပြတ်သားစွာ အတည်ပြုနိုင်ရန် စာဖတ်ပရိတ်သတ်အား ရေးသားတင်ပြသွားပါမည်။ အာနန္ဒစန္ဒြကျောက်စာ ပထမမင်းဆက် နန်းစံနှစ်ကိုဖေါ်ပြသော ဂါထာ(၁၈) ကို ပါမော က္ခဂျွန်စတင်မူ၊ ဆရာကြီးဦးစံသာအောင်မူ တို့ကို ပူးတွဲ တင်ပြထားပါသည်။
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၁၈)ပါ ပထမမင်းဆက် နန်းစံနှစ်ကို ပါမောက္ခဂျွန်စတင်က “ These Kings Varily is ? 1016 - ? 1060” နှစ်မျိုး၌ တစ်မျိုးမျိုးဖြစ်နိုင်သည်ဟု ယူဆထားပေသည်။ ပါမောက္ခဂျွန်စတင်၏ စာတမ်းကို ရေးကူးဘာသာပြန်ထားသော ဆရာကြီးဦးစံသာအောင်ကလည်း ပါမောက္ခဂျွန် ဖွင့်ဆိုခဲ့သည့် အတိုင်း ပထမမင်း ဆက်၏ နန်းစံနှစ်ပေါင်းကို (၁၀၁၆) သို့မဟုတ် (၁၀၆၀ ) ဖြစ်နိုင်ကြောင်း ရေးသားတင်ပြထားပေသည်။ သိုရာတွင် ဆရာကြီးဦးစံသာအောင်သည် သူ၏ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်းစာအုပ် စာမျက်နှာ-၁၅၆ ၌် ( ယင်းတို့ တွင် ၁၆ ကို ပေါဍပ ဟုရေးသည် ၊ ယခု သဟသံပဍဂါ ဟုရေးထားသည်မှာ ၁၆ မဟုတ်ဘဲ ၆၀ ကို ဆိုလိုသလော သံသယ၀င် လာရခြင်းဖြစ်၏) ဟု မှတ်ချက်တစ်ခု ရေးသားထားသည်ကိုတွေ့ရပေသည်။ (ပုံ-၁-၂ )ရှု
(ပုံ-၁)
(ပုံ-၂)
ဤသို့ဆိုလျှင် ယခင်ပညာရှင်နှစ်ဦးတို့သည် ပထမမင်းဆက်ပါ နန်းစံနှစ်ကို (၁၀၁၆-၁၀၆၀) တစ်ခုခု ဖြစ်နိုင် သည်ဟု အယူအဆ နှစ်မျိုးတင်ပြခဲ့ကြသည်ကို တွေ့မြင်ရပေသည်။ သို့သော်လည်း ထိုပညာရှင်ပုဂ္ဂိုလ် များ သည် ပထမမင်းဆက်၏ နန်းစံနှစ်များကို ရေတွက်ကြရာတွင် (၈၈၈)နှစ် သာချ၍ ရကြသည်ကိုတွေ့ရသည်။ စာကြောင်း ရေ (၃) ကို မင်းတစ်ပါး(၁၂၀)နှစ် စိုးစံသည်ဟု တွက်ယူသော်လည်း နန်းစံနှစ်သည် (၁၀၀၈) နှစ်သာဖြစ်နေပြီး ကျောက်စာပါ (၁၀၁၆-၁၀၆၀) နှင့် လုံးဝအဖြေမတူ ကွဲလွဲနေသည်ကို တွေ့ရပေသည်။
ကျွန်တော်သည် အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒွိဟဖြစ်နေသော ပထမမင်းဆက်ကို အတည်ပြုယူနိုင်ရန်အ တွက် ဦးစွာ အာနန္ဒစန္ဒြကျောက်စာ အနောက်ဖက်မျက်နှာတစ်ခုလုံးတွင် (ခြောက်=၆) ပါသော အက္ခရာ ဂဏန်းများကို ရှာဖွေထုတ်နှုတ်လိုက်သောအခါ အောက်ပါအတိုင်း ရရှိလာပေသည်။ ဤကား အာနန္ဒ စန္ဒြမင်းကျောက်စာတွင် (ခြောက်=၆)ဂဏန်းနှင့် ပက်သက်သော အက္ခရာစာလုံးများဖြစ်ပါသည်။ (ပုံ-၃)
(ပုံ-၃)
ပထမင်းဆက် နန်းစံနှစ်ကို သေချာသိရှိစေဖို့ အတွက် ရှေးခေတ်အိန္ဒယ အသောက ၊ သက၊ ကူရှန် မင်းများ လက်ထက် ရေးသားခဲ့သော ဂဏန်းရေးနည်းများနှင့် သက္ကတသဒ္ဒါကျမ်းပါ ဂဏန်းရေးနည်းနှင့်တို့ကို လေ့ လာထားဖို လိုအပ်ပေသည်။ ထိုအပြင် အာနန္ဒစန္ဒြကျောက်စာပါ ပထမမင်းဆက်နန်းစံနှစ်ကို ဖတ်နိုင်ရန် အတွက် အခြားအထောက်အထားများလည်း လိုအပ်ပေသည်။ ယင်းမှာ အာနန္ဒစန္ဒြ ကျောက်စာ၏ ဒုတိယ မင်းဆက်၌ စန္ဒြမင်း (၁၃)ပါး တို့၏ နန်းစံနှစ် ရေးသားဖေါ်ပြထားမှု ပုံစံပင် ဖြစ်ပါသည်။ ထိုထိုသောအကြောင်းအရာများကို ဦးစွာလေ့လာ သိရှိထားမှ ပထမမင်းဆက် နန်းစံနှစ်ကို တိတိကျကျ ဖတ်ရှုဖေါ် ထုတ်ရေးသားနိုင်မည်ဖြစ်ပေသည်။ အာနန္ဒ စန္ဒြ ကျောက်စာပါ ဒုတိယမင်းဆက်၌ နန်းစံနှစ်ပေါင်း (၂၃၀)ကို ရေးသားထားသောပုံစံသည် ပထမမင်းဆက်ကို သေ ချာစွာဖတ် နိုင်ဖို့အတွက် အထောက်အကူရပေသည်။ ဒုတိယမင်းဆက်၏ နန်းစံစုစုပေါင်းကို ကျောက်စာ တွင် တိုက်ရိုက် (၂၃၀) ဟု ရေးသားထားခြင်း မဟုတ်ဘဲ (တစ်ရာနှစ်ခါထက်သုံးဆယ်ပိုသည်) ဟု ရေးသားထားသည့်က ပုံစံက စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ထိုနည်းကိုယူ၍ အာနန္ဒစန္ဒြကျောက်စာပါ ပထမမင်းဆက်ကိုလည်း ဖတ်ရှုရမည်ဖြစ်ပေသည်။ ပုံ(၄) ရှု ပါ။
(ပုံ-၄)
နောက်တစ်ခါ သက္ကတသဒ္ဒကျမ်းပါ ဂဏန်းရေးနည်းကို အကျဉ်းတင်ပြပေးပါမည်။ သက္ကတဘာသာ၌ ဂဏန်းရေးလျှင် ခုဂဏန်းကို ရှေ့မှာထားရေးပြီး ဆယ်ဂဏန်းကို နောက်မှာ ရေးကြရပါသည်။ ဥပမာ ( ဧကာဒဿမ) မှာ “ဧက=၁” ခုဂဏန်း ကို ရှေ့မှာထားရေးပြီး “ဒဿမ=၁၀” ဆယ်ဂဏန်း ကို နောက်မှာ ထား၍ ရေးသည်ကိုဆိုလိုပေသည် ။ သို့သော်လည်း သက္ကတ သဒ္ဒါကျမ်းတွင် တစ်ချို့ဂဏန်းများသည် ၄င်းအတိုင်း အဓိပ္ပါယ်ဖွင့်၍ မရသည်ကိုလည်းတွေ့ရပေသည်။ ဥပမာ (တြိသပ္တ)( တြိန၀ ) (တြိဒဂါ ) ကို သက္ကတသဒ္ဒကျမ်း၌ ( တြိသပ္တ) ကို ပုံမှန်အတိုင်း အဓိပ္ပါယ်ဖွင့်မည်ဆိုလျှင် (တြိ=၃ +သပ္တ=၇) နှစ်ခု စလုံးကို ပေါင်း၍ဖတ်မည်ဆိုလျှင် ခုဂဏန်းကိုရှေ့မှာထား၍ ဆယ်ဂဏန်းကိုနောက်မှာထားကာ ရေးရ သောကြောင့် တြိ သပ္တသည် ၇၃ အနက်ဖွင့်ဆိုရမည့်အစား တြိသပ္တသည် ခုနစ်သုံးခါ ၂၁ (တြိသပ္တ=၂၁) ဟု အဓိပ္ပါယ် ထွက်နေကို တွေ့မြင် နိုင်ပေသည်။(ပုံ-၃) ထိုအတူ (တြိန၀)ကို ပုံမှန်အတိုင်းဆိုလျှင် (တြိ . ၃ + န၀.၉) နှစ်လုံး ပေါင်းဖတ် မည်ဆိုလျှင် ၉၃ အနက် ဖွင့်မည့်အစား ( တြိန၀) သည်(ကိုးသုံးခါ=၂၇) ဖြစ်နေေ ပသည်။ နောက်တစ်ခါ (တြိဒဂါ)သည် ပုံမှန်အတိုင်းဆိုလျှင် (တြိ.၃ + ဒဂါ.၁၀=၁၃) ဖြစ်ရမည့် အစား(တြိဒဂါ) သည် (ဆယ်သုံးခါ=၃၀) ဟု သက္ကတဆရာကြီး ဦးမြင့်ဆွေ (သက္ကတ) မဟာဝိဇ္ဇာ-လန်ဒန် ရေးသားသော သက္ကတ သဒ္ဒါကျမ်းစာမျက်နှာ (၁၂၆) ရေးသားဖေါ်ပြထားသည်ကို တွေ့ရပေသည်။(ပုံ-၄)ရှု။ဤကား သက္ကတဘာသာ ဂဏန်းရေးနည်း အကျဉ်းတင်ပြ ခြင်းဖြစ်ပေသည်။
ထိုအပြင် အိန္ဒိယကြေးမုံကျမ်း၌ အသော၊ သက၊ ကူရှန်မင်းများထက်က ဗြဟ္မီအက္ခရာဖြင့် ဘီစီ ၃ ရာစုမှ အေဒီ ၁ ရာစု အတွင်း ရေးသားခဲ့ ကျောက်စာများကို ကိုးကား၍ ရှေးခေတ်ဂဏန်းရေးနည်းတစ်ခုကိုလည်း တင်ပြလိုပါသည်။ အဆိုပါ အိန္ဒိ ယကြေးမုံကျမ်း စာမျက်နှာ (၂၉၅) တွင် ရှေးခေတ်ဂဏန်းရေးနည်း ပုံကိုဖေါ်ပြ ထားပေသည်။ ၄င်းစာမျက်နှာ၌ ယင်းခေတ်က (၂၇၄) ဂဏန်းတစ်လုံးကို ရေးသားထား သော ပုံစံကိုလည်း ထုတ်နှုတ်ဖေါ်ပြပေးပါမည်။ ထို ၂၇၄ ဂဏန်းကိုရေးသား ထား သောပုံစံသည် အလွန်စိတ်ဝင်စားဖွယ် ကောင်း လှပေသည်။ ၂၇၄ ဂဏန်းကို ရေးသားပုံ ရေးသားနည်းမှာ( တစ်ရာ ၂ခါ+ နှစ်ဆယ် ၃ ခါ+ တစ်ဆယ် ၁ ခါ + လေး ၄ ) ဟု ရေးသားဖေါ်ပြထားသည်ကိုတွေ့ရပေသည်။ ဤဂဏန်းရေးနည်းလည်း အာနန္ဒစန္ဒြမင်းကျောက် စာ ပထမမင်းဆက် နန်းစံနှစ်ကို ဖတ်ရန် အထောက်အကူများစွာဖြစ်ပေသည်။ (ပုံ-၅ ရှု)
(ပုံ-၅)
အထက်၌ဖေါ်ပြခဲ့သော ကျမ်းဂန်များနှင့် ရှေးခေတ်ဂဏန်းရေးနည်းများကို ကိုးကားကာ အာနန္ဒစန္ဒြမ င်းကျောက်စာ ဂါထာ(၁၈)ပါ ပထမမင်းဆက် နန်းစံနှစ် ကို ကျွန်တော်သည် အောက်ပါအတိုင်း ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ကွဲလွဲစွာ ဘာသာပြန်မိပါက ကျွန်တော်၏ အမှားဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။
အာနန္ဒစန္ဒြမင်းကျောက်စာ ပထမမင်းဆက်၏ နန်းစံနှစ် စုစုပေါင်း သည် ( ၁၀၀၀)ထက် (၁၀)ခြောက်ခါ ပို သည်မှာ တစ်ခုတည်းသော အဖြေမှန် ဖြစ်ပါကြောင်း ပြတ်သားစွာ ရေးသားတင်ပြအပ်သည်။
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့(ရန်ကုန်)
12.2.2018
- Get link
- X
- Other Apps
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။