Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မဟာမုနိ ဗုဒ္ဓ - တန်ခိုးတော် ရွေ့သွားလေသောအခါ

The Mahamuni Buddha – When the Spirit Moves Donald M. Stadtner (Walnut Creek, California, USA)

The Mahamuni Buddha – When the Spirit Moves

Donald M. Stadtner

(Walnut Creek, California, USA)

မဟာမုနိ ဗုဒ္ဓ - တန်ခိုးတော် ရွေ့သွားလေသောအခါ

ဒေါ်နယ် အမ် စတက်ဒ်နာ

(ဝေါလ်နတ် ချောင်း၊ ကာလီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု

၁။ မဟာမုနိ ဗုဒ္ဓ နှင့် မြေပုံ

မဟာမုနိ ရုပ်ပွားတော်နှင့် အထက်ဗမာပြည်သို့ ၎င်းကို အရွှေ့ခံရခြင်းသည် - (၁၇၈၄)ခုနှစ်တွင် သိမ်းပိုက်သွပ်သွင်းခံလိုက်ခြင်းမှ စ၍ ယခုတိုင်အောင် - ရခိုင်ပြည်၏ အညံ့ခံလိုက်ရခြင်း (subjugation) သင်္ကေတဖြစ်၏။ မဟာမုနိကို သိမ်းပိုက်ရယူခြင်း(seizure)သည် အချို့အတွက် ကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ကိုယ်စားပြုနေသည်ဟု ဆိုလျှင် - အခြားသူများအတွက်ကား အမြဲတမ်း တောက်ပနေသော်လည်း လှုပ်ယမ်းနေသော သရဖူတစ်ခုမှ အဖိုးထိုက် ရတနာ ကို ကိုယ်စားပြုပေလိမ့်မည်။ ဗမာပြည်၏ အစဉ်အလာ နယ်နိမိတ် အပြင်ဘက်မှ ဤရုပ်ပွားတော်၏ တစ်ခဏချင်းနှင့် ကြာရှည်ကြာများ ကျော်ကြားလာပုံက ဗမာပြည်မှ ဘာသာရေးနှင့် အစိုးရတို့အကြောင်း ကျွန်ုပ်တို့အား အများအစား ပြောပြလျှက်ရှိနေပေသည်။

ရုပ်ပွားတော်နှင့် ပတ်သက်သော ရှေးဟောင်း ပုံပြင်(myth)ကို ဖော်ချမ်းမား၏ ရခိုင် လက်ရေးမူ ကျမ်းစာ (manuscript) - သဗ္ဗဒါနာပကာရဏ (Sapadanapakarana) - ဘာသာပြန်ဆိုချက်က (၂၀)ရာစု အ၀င်တွင် အင်္ဂလိပ် စကားပြောသည့် လူတို့အား ပထမအကြိမ်အဖြစ် မိတ်ဆက်ပေးခဲ့သည်။ ဤကျမ်းသည် (၁၆)ရာစုကဟု သတ်မှတ်နိုင်စရာရှိသော်လည်း ရုပ်ပွားတော်မှာမူ - နောက်အကျဆုံးအားဖြင့် - အစောပိုင်း (၁၅)ရာစု လောက်တွင် ကိုးကွယ်ခံနေပြီဟု ဆိုနိုင်သည် (ချာနေ။ လေဒါ)။ မဟာမုနိ ဗုဒ္ဓကို - ဗုဒ္ဓအား သူ၏ ဘုရင့်နိုင်ငံတော်တွင် ကြိုဆိုဧည့်ခံခဲ့သည့် - စန္ဒြသူရိယ(Chandrasurya) ဟု အမည်ရှိသော ဒဏ္ဍာရီလာ (legandary) ဘုရင်က သွန်းလုပ်ခဲ့သည်ဟု ယုံကြည်ကြသည်။ အိန္ဒိယတိုက်ငယ်သို့ ဆရာသခင် ပြန်ကြွသွားပြီးနောက် ကိုးကွယ်ရန် အလို့ငှာ ရုပ်သွင်ပုံတူတစ်ခု ပြုလုပ်ခွင့်ပေးရန် ဗုဒ္ဓအား ဘုရင်က မေတ္တာရပ်ခံခဲ့သည်။ သို့ဖြင့် ဗုဒ္ဓ၏ အသွင်အတိုင်း ရုပ်ပွားတော်တစ်ခုကို သွန်းလုပ်ခဲ့သည်။ ပုံတူ ပြုလုပ်ခြင်း အကြောင်းနှင့် ဗုဒ္ဓက ဆောင်ရွက်ပေးသော နှစ်လိုဖွယ်ရာ ကျော်ကြားလှသည့် အံ့ဖွယ် တန်ခိုးတော်တစ်ခုက ၎င်းပုံတူကို ချည်နှောင်မှုများအကြောင်း ဤရှေးဟောင်းပုံပြင် (myth)ကို ဂျူလီယန် ရှခိုဘာ (Juliane Schober)က ရှင်းလင်းသိမြင်လွယ်သော စာတစ်ပုဒ်တွင် မကြာမီက တင်ပြခဲ့ပြီးဖြစ်သည်။

(၁၇)ရာစုလောက်တွင် မဟာမုနိဗုဒ္ဓသည် ဘုန်းတော်ကြီး မန်နရစ် (Father Manrique) ၏ ရခိုင်ပြည် အကြောင်း မှတ်တမ်း၌ ပါဝင်လာခဲ့သည်ကို မော်ရစ်ကောလစ် (Maurice Collis) က - နှစ်ဆယ်ရာစု၌ - လူသိများကျော်ကြားစေခဲ့ (immortalized) လေသည်။

သို့ရာတွင် မဟာမုနိဗုဒ္ဓ၏ ကိန်းဝပ်ရာနေရာသစ်၌ အထားခံရပြီးနောက်ပိုင်း ကံကြမ္မာအပေါ် အလေးပေး ပြောဆိုမှုကား နည်းလှပေသည်။ ကျွန်ုပ်တို့ အမြဲ သတိရရမည်မှာ မဟာမုနိ ရုပ်ပွားတော်သည် ရွှေ့ပြောင်းခံ ပြင်ပပစ္စည်း (transplant) ဖြစ်သည်ဟူသော အချက်ဖြစ်၏။ ရှင်သန်နေသော ကျောက်ကပ်တစ်ခုကို ခန္ဓာကိုယ်တစ်ခုမှ အခြားတစ်ခုသို့ ရွှေ့ပြောင်းယူဘိသကဲ့သို့ ထို ကိုယ်တွင်းအင်္ဂါသည် အသစ်ဖြစ်သော၊ အစိမ်းသက်သက်ဖြစ်သော (foreign) ပတ်ဝန်းကျင်၌ ဆက်လက်ရှင်သန် (survive) နိုင်စေရမည်သာ ဖြစ်သည်။ ထို့ကြောင့် ဘိုးတော်ဘုရား (နန်းစံနှစ် ၁၇၉၂ - ၁၈၁၉)က ရုပ်ပွားတော်ကို မူလ ကိန်းဝပ်ရာ ဇာတိနယ်မြေ (home) မှ ရွှေ့ယူလိုက်သောအခါ ရုပ်ပွားတော်၏ တန်ခိုးတော် (sprit) သည် အသစ်ဖြစ်သော ဘာသာရေး အခင်းအကျင်း (ambiance) နှင့် လိုက်လျောညီထွေ ဖြစ်ရတော့သည်။ ဤသည်မှာ ကျွန်ုပ်တို့နှင့် ယခုအချိန်တွင် သက်ဆိုင်သော (concern) - အထက်ဗမာပြည်၌ မဟာမုနိကို ဧည့်ခံထားရှိခြင်း (reception) - ကိစ္စ ဖြစ်သည်။

၂။ မန္တလေး နန်းတော် အနောက်မျက်နှာမှ အမြောက်

ရခိုင်ပြည်စစ်ဆင်ရေးမှ လူသိနည်းသည့် ခိုးရာပါပစ္စည်းများ (spoils)မှာ အမြောက် (cannon) နှစ်လက် ဖြစ်သည်။ ပိုကြီးသော တစ်ခုသည် အရှည် ပေ (၃၀)နီးပါး ရှိပြီး ယခုအခါ မန္တလေး နန်းတော် အပြင်ဘက်တွင် ရှိ၏။ အမရပူရတွင် ထို သေနတ်ကြီး(gun)များအား မူလထားရှိရာနေရာကို မသိရဘဲ၊ ရခိုင်ပြည်တွင် ၎င်းတို့ကို တွေ့ရှိခဲ့သော နေရာကိုကား ကျွန်ုပ်တို့သိသည်။ အင်္ဂလိပ်တို့က (၂၀)ရာစု အစောပိုင်း တစ်ချိန်တွင် ဤနေရာ၌ ဤသေနတ်ကြီးကို ထားရှိခဲ့သည်။ သေနတ်ကြီးများကို (၁၈၅၅)ခုနှစ်တွင် ဟန်နရီ ယူးလ် (Henry Yules) က သတိပြုခဲ့ပြီး သူ၏ ကျော်ကြားသော “အ၀နန်းတော်သို့ သံတမန်ခရီးစဉ်” (ယူးလ်၊ စာမျက်နှာ ၁၃၆)ပါ ပုံဆွဲဖော်ပြချက် တစ်ခု၌ ဤပစ္စည်းကြီးကို မြင်ရသည်။ သေနတ်ကြီးများအတွက် ကျည်များကို (၁၈၁၅)ခုနှစ်တွင် လုပ်ရသည်ဟု တော်ဝင်အမိန့် တစ်ခု၌ မှတ်တမ်းတင်ထားသည် (ဗမာပြည် တော်ဝင် အမိန့်ပြန်တမ်းများ (ROB)၊ ၄၊ ဇန်န၀ါရီ၊ ၁၈၁၅)။ နောက် နှစ်ပေါင်း တစ်ရာ မပြည့်မီတွင် ပိုကြီးသော အမြောက်အား အမရပူရတွင် - ခြုံပုတ်များ အကြား မြေပြင်ပေါ်၌ ရှိနေသည်ကို - ဓာတ်ပုံရိုက်ယူခဲ့သည် (အို ကွန်နာ၊ စာမျက်နှာ ၁၄၃)။

၃။ ခမာ ကြေးရုပ်များ

ပိုမို လူသိများသော ခိုးရာပါပစ္စည်းများ (spoils) တွင် အဖိုးမဖြတ်နိုင်သော ခမာ ကြေးရုပ် အစု တစ်စု ပါဝင်ရာ ၎င်းတို့၏ ခမ်းနားသော သမိုင်းကြောင်းကို အကြိမ်များစွာ မှတ်တမ်းတင်ကြပြီး ဖြစ်သည်။ ထို အရုပ်များသည် ယနေ့အခါတွင် မဟာမုနိ ကျောင်းတော်ရှိ မူမှန်မဟုတ်သော (informal) အဆောင်အယောင်အခမ်းအနား (ritual) တို့တွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လျှက်ရှိသော်လည်း သူတို့၏ ထင်ပေါ်မှုမှာ များစွာ မကြာလှသေးဟု ဆိုနိုင်သည်။ (၁၇၉၅)ခုနှစ်တွင် မိုက်ကယ်လ်ဆိုင်းမ်စ် (Michael Symes)သည် အဆောတလျင် သွားနေရင်း (in a cusory way) ထိုအရုပ်များကို သတိထားမိခဲ့သော်လည်း (၁၈၀၂)ခုနှစ်၌ ဒုတိယအကြိမ် လည်ပတ်မှုတွင် ၎င်းတို့အကြောင်း လုံးဝ ဖော်ပြခြင်း မရှိပေ (ဆိုင်းမ်စ်၊ စာမျက်နှာ ၃၉၁။ ဟောလ် စာမျက်နှာ ၂၁၂ နှင့် နောက်ပိုင်း)။ နောင် နှစ်ပေါင်း ခြောက်ဆယ်အကြာတွင် ထို ကြေးရုပ်များမှာ လျစ်လျူရှုခံတုန်းပင်ဖြစ်ပြီး (၁၈၅၅)ခုနှစ်၌ ယူးလ် (Yule) က အစီရင်ခံသည်မှာ - ထို “ရခိုင်ပြည်မှ သယ်ဆောင်လာခဲ့သော စစ်သည်များ (warriers) ၊ ဘီလူးများ (bilus) နှင့် ကြောက်စရာအကောင်ကြီး (monster)များမှာ (မူရင်းစာ၌ ဤသို့ ဆိုထားသည် sic)……………… များစွာ ဂရုစိုက်ခံရပုံမပေါ်ဘဲ တစ်စိတ်တစ်ပိုင်း ပျက်စီးလျှက် ရှိသည်” (ယူးလ်၊ စာမျက်နှာ ၁၆၇)။ ယင်းကြေးရုပ်များသည် (၁၈၈၆)ခုနှစ်၌ အင်္ဂလိပ်တို့၏ သိမ်းပိုက်သွပ်သွင်းခြင်းကို ခံရပြီးနောက်မှသာ အလေးထားမှု ခံရဟန်ရှိသည်။ ရခိုင်ပြည်သားတို့အတွက်မူ - ထိုအရုပ်များသည် (၁၇၉၄)ခုနှစ်၌ အရေးပါထင်ရှားမှု တစုံတရာ ရှိခဲ့သည်မှာ သေချာသည်။ အကယ်၍ ရခိုင်ပြည်နန်းတော် အသိုင်းအ၀ိုင်းက (၁၇၉၄)ခုနှစ်တွင် ၎င်းတို့အား တန်ဖိုးမထားခဲ့သော် ၎င်းတို့သည် ဘိုးတော်ဘုရား၏ တပ်များ အာရုံစိုက်မှုကို ရကောင်းမှ ရလိမ့်မည်ဖြစ်သည်။ ထိုအရုပ်များသည် ရခိုင်ပြည်တွင် ၎င်းတို့အပေါ် ပေးထားခဲ့သော ကြီးမားသည့် တန်ဖိုးထားမှုကို မည်သည့်အခါမျှ မရရှိခဲ့ခြင်း အကြောင်းမှာ စိတ်ဝင်စားဖွယ် နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေသည်။

၎။ အပြင်ဘက်ပိုင်းနှင့် အဆောင်တွင်းလမ်းများ

ဤသည်မှာ ယနေ့တွေ့မြင်ရသော ဘုရားကျောင်းတော်၏ အပြင်ဘက်ပိုင်း ဖြစ်ပြီး မျှော်စင်အား နောက်ထပ် ပြုပြင်မွမ်းမံမှု ပြုလျှက်ရှိနေပါသည်။ ယနေ့အခါ ကျွန်ုပ်တို့ တွေ့မြင်ရသမျှသည် - အထက်ဗမာပြည်ကို သိမ်းယူသွပ်သွင်းခြင်းမပြုမီ နှစ်နှစ်အလိုဖြစ်သော (၁၈၈၄)ခုနှစ်တွင် မီးဘေးသင့်ပြီးနောက် တစ်ချိန်ချိန်၌ ပြုပြင်တည်ဆောက်ခဲ့ရာ - ခေတ်ဆန်သည်ဟု ဆိုရမည်ဖြစ်သည်။ မူရင်း ရုပ်ပွားတော်ကို အများအပြား မီးသင့်ခဲ့ရာ ရွှေ ပေါင် (၂၀၀)နီးပါး ထွက်လာသည်ဟု ဆိုသည်။ (ဗမာပြည် တော်ဝင် အမိန့်ပြန်တမ်းများ (ROB) ၉၊ စာမျက်နှာ ၃၄)

၎။ နံရံဆေးသွင်းပန်းချီ (Frescoes)

အဆောင်တွင်းလမ်းများ အတွင်းဘက်တွင် အထက်ဗမာပြည်ကို သိမ်းယူသွပ်သွင်းလိုက်သည့် အချိန်လောက်ကဟု သတ်မှတ်နိုင်သော ရောင်စုံ နံရံဆေးသွင်း ပန်းချီများ ရှိသည်။

၅။ အဆောင်တွင်းလမ်းမှ နက္ခတ်ဗေဒင်ဆရာများ၊ မြင့်မြတ်သော ကြိုး ဆင်မြန်းထားသူ တစ်ဦး

ကျွန်ုပ်တို့ဆွေးနွေးနေသော အကြောင်းအရာအတွက် ဗဟိုချက်ပိုကျသည်မှာ တောင်ဘက် အဆောင်တွင်းလမ်းကို အနားသတ်ထားသော ဆိုင်များမှ အိန္ဒိယသား နက္ခတ်ဗေဒင်ဆရာများ ဖြစ်သည်။ ထို နက္ခတ်ဗေဒင်ဆရာ အားလုံးသည် အိန္ဒိယ အနွယ်အဆက်များဖြစ်ပြီး မန္တလေးတွင် မျိုးဆက်များစွာကပင် အခြေချခဲ့ကြသည်ဟု ဆို၏။ ပုဂ္ဂိုလ်တစ်ဦးက ကျွန်ုပ်အား သူ၏ - ဇာတ်မြင့် အဆင့်အတန်းကို ဖော်ညွှန်းသော - မြင့်မြတ်သောကြိုး (sacred-thread)ကို ပြသခဲ့သည်။ အများစုမှာ မူလအားဖြင့် ဘင်္ဂေါဒေသမှဖြစ်ပြီး ဟိန္ဒီဘာသာနှင့် ဘင်္ဂါလီ ဘာသာတို့ဖြင့် ပြောဆိုနှီးနှော (converse)နိုင်ကြ၏။ မဟာမုနိ ကျောင်းတော်ရာ၌ ၎င်းတို့ကို တွေ့ရခြင်းမှာ သမိုင်းကြောင်းဆိုင်ရာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ဟိန္ဒူ ဓလေ့ အခမ်းအနား ဆောင်ရွက်သူများ၏ အခန်းကဏ္ဍကို - ပုဂံခေတ်လောက် စောစွာကပင် - ကောင်းစွာ မှတ်တမ်း ပြုစုထားပြီးဖြစ်သည်။ အမှန်လည်း - ဗမာလူ့အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်သည့် ဟိန္ဒူဘုန်းကြီးများ၏ အခန်းကဏ္ဍကို ပိုမိုတွက်ဆခြင်း ဖြစ်သည်ဟုဆိုရန် ခဲယဉ်းသည်။ ဗြဟ္မဏများမှာ ထိုင်းနိုင်ငံတွင်လည်း အရေးပါခဲ့ပြီး ယနေ့တိုင်အောင် ဘိသက်ခံပွဲများနှင့် နိုင်ငံတော်၏ အရေးကြီးသော ကိစ္စရပ်များတွင် တရားဝင် ဆောင်ရွက်လျှက် ရှိသည်။ ဘန်ကောက်မြို့ရှိ ၀ပ် ဆူသတ် (Wat Suthat)တွင် အဆောက်အအုံ တစ်ခုလုံးကိုပင် ထိုဗြဟ္မဏတို့အား ပေးထားသည်။ ယင်းအတွက်ကြောင့် - ဆိုင်ယမ်း (Siam ထိုင်း)၏ နိုင်ငံတော် တံဆိပ်မှာ ဂရုဒ(Garuda ဂဠုန်) ဖြစ်နေခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပေ။ သို့ရာတွင် - မြန်မာနိုင်ငံ၌ ဟိန္ဒူ ဓလေ့ အခမ်းအနား ဆောင်ရွက်သူများ၏ ကြီးမှူးခွင့်သည် (၁၈၈၆)ခုနှစ်၌ တော်ဝင် နန်းတော် ကျဆုံးခြင်းနှင့် အတူ ရုတ်ခြည်း ပြတ်တောက်သွားခဲ့သည်။ တစ်ဘက်တွင်မူ - တော်ဝင်စနစ်နှင့် ဟိန္ဒူ ဓလေ့ထုံးတမ်းတို့ အကြား ချည်နှောင်မှု မည်သည့်အခါကမျှ မပြတ်တောက်ခဲ့သော - အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ဗြဟ္မဏ လွှမ်းမိုးမှုသည် အားကောင်းဆဲ ဖြစ်၏။ အကယ်၍ ဗမာပြည်သည် ကိုလိုနီကျွန်ပြု မခံခဲ့ရဟုဆိုလျှင် - ထိုင်းနိုင်ငံမှာကဲ့သို့ပင် - ဗမာဘုရင်များ၏ ဘိသိက်ခံပွဲများ၌ ဗြဟ္မဏများကို ယနေ့အချိန်တိုင် ကျွန်ုပ်တို့ မြင်တွေ့နေရမည်ဖြစ်ကြောင်း -လက်ခံအောင်အထိ - ငြင်းခုန်တင်ပြပြောဆိုနိုင်ပါသည်။ မဟာမုနိ ကျောင်းတော်ရာရှိ ထို ဟိန္ဒူ နက္ခတ်ဗေဒင်ဆရာများသည် - မြန်မာနိုင်ငံ၌ ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခြင်း၏ နောက်ဆုံး အရိပ်အယောင်(vestige) အဖြစ် ယူဆနိုင်သောကြောင့် - ကျွန်ုပ်တို့၏ ဇာတ်လမ်းတွင် အရေးအရာရောက်နေပေသည်။

၆။ မင်းကွန်းနှင့် ဆင်ဖြူတော်

မဟာမုနိရုပ်ပွားတော်နှင့်၎င်းကို လူထုအား ခင်းကျင်းပြသထားမှုမှာ - တော်ဝင်စနစ်၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဆင်ဖြူတော်များနှင့် အလားတူစွာ - ဘုရင်၏ ဘုန်းကံအစွမ်းသတ္တိ (prowess) ကို သိမြင်စေသော (tangible) သင်္ကေတ တစ်ခု ဖြစ်စေ၏။ ဤသို့သော သင်္ကေတ သဘောတရားသည် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၌ ဆွဲဆောင်မှု အားကောင်းနေဆဲဖြစ်သည်ကို ရန်ကုန်မြို့တွင် ဆင်ဖြူတော် အများအပြား ပြသထားခြင်းနှင့် တရုတ်ပြည်မှ ဗုဒ္ဓ၏ သွားတော် အပွားများက သက်သေခံလျှက်ရှိ၏။ (၁၇၈၄)ခုနှစ်တွင် ရခိုင်ပြည်ကို သိမ်းယူ သွပ်သွင်းခြင်းသည် - အမရပူရကို တည်ထောင်ဆောက်လုပ်ခြင်းနှင့် နောက်ပိုင်း မင်းကွန်းရှိ ပုထိုးတော်ကြီး တည်ဆောက်ခြင်းနှင့် အတူ - ဘိုးတော်ဘုရား၏ လက်ထက်၏ [အာဏာတည်မြဲမှုကို] အဆုံးအဖြတ် ပေးနိုင်သော (defining) အခိုက်အတန့် အချိန် ကာလဖြစ်သည်။

၇။ ကျောင်းတော် အပြင်ဘက်ပိုင်း

ဘိုးတော်ဘုရားသည် သူ၏ ထူးမြတ်လှသော အောင်ပွဲခံဆုလာဘ် (trophy)အတွက် ကိန်းဝပ်ရာနေရာကို ပြင်ဆင်ရာ၌ - မိုက်ကယ်လ်ဆိုင်း (Michael Symes) က ကျောင်းတော်သည် ရုပ်ပွားတော်ကို ရခိုင်ပြည်မှ ရယူခဲ့သော နှစ်တွင် ပြီးစီးလုနီးပါး ရှိနေပြီဖြစ်ကြောင်း မှတ်စုရေးသားခြင်းကို ထောက်၍ - အချိန် အနည်းငယ်သာ ယူခဲ့သည်ဟု ဆိုနိုင်သည်။

ကျောင်းတော်ကို ပြိုင်လျက်ဖောက်လုပ်ထားသော လမ်းရှည်နှစ်ခု၏ အဆုံး - အမရပူရမှ အလှမ်းကွာသော -မြောက်ဘက်နှစ်မိုင်အကွာ နေရာ၌ တည်ထားသည်။ (၁၈၅၅ ခုနှစ်က - ယူးလ် (Yule)၏ မြေပုံတွင် ကျောင်းတော်ဆီသို့ ဦးတည်သွားသော ပြိုင်လျှက် လမ်းမ နှစ်ခုကို ပြထား၏။ ယူးလ်၊ စာမျက်နှာ ၁၆၆ ၏ မျက်နှာချင်းဆိုင်။) ကျောင်းတော်ကို အမရပူရရမှ အလွန်ဝေးသောနေရာတွင် အဘယ်ကြောင့် တည်ထားကြောင်း မသိရသော်လည်း၊ ဘုန်းတော်ကြီးကျောင်း အကြီးစားများ ထိုဝန်းကျင်တွင် ရှိနေနိုင်သည်ဟု မှန်းဆရသည်။ ယနေ့အခါတွင် - ကျောင်းတော်သည် အမရပူရနှင့် ယခုအခါ ထိစပ်နေလေပြီ ဖြစ်သော မန္တလေး တောင်ဘက်ပိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေလေပြီ ။ ယူးလ် (Yule)၏ အဆိုအရ - ဘုရင်သည် ခြောက်လတစ်ကြိမ် မဟာမုနိ ကျောင်းတော်သို့ လာရောက်ဖူးမျှော်သည်ဟု သိရသည်။

၈။ မဟာမုနိ ရုပ်ပွားတော်

ယူးလ် (Yule) က “ရုပ်ထုတော်သည် ၀င်ပေါက် တစ်ပေါက်ထဲရှိသည့် အလင်းရောင်အားနည်းသော ခုံးမိုးပါ (arched) အုတ်တိုက်ခန်းငယ်တစ်ခုထဲတွင် ရှိသည်။ အုတ်တိုက်အပေါ်တွင် ခန့်ညားသော - ရုပ်လုံးရုပ်ကြွများ ဖောဖောသီသီ ထွင်းထုကာ ရွှေပိန်းချထားသည့် - သစ်သား ပြဿာဒ် (Prasath) (မူရင်းစာ၌ ဤသို့ ဆိုထားသည် sic) ……………… သို့မဟုတ် ကျဉ်းကျဉ်းချွန်ချွန်ပုံသဏ္ဍာန် တစ်ခုကို ဆောက်လုပ်ထားသည်” (ယူးလ်၊ စာမျက်နှာ ၁၆၆)။ “ဒုက္ခိတများ၊ မျက်မမြင်များနှင့် ရောဂါသည်ပုဂ္ဂိုလ်များ” နှင့် - ပွဲတော်ကာလအတွင်း - ဆိုင်ငယ်များ ပြည့်နှက်နေသော - ဘုရားကျောင်းဆီသို့ - ဦးတည်သည့် ဆောင်တွင်းလမ်းနှစ်ခုကိုလည်း သူ သတိပြုမိခဲ့သည်။ ထို အမိုးပါ ဆောင်တွင်းလမ်းများကို သူ့အလည်အပတ်ခရီးမတိုင်မီ “ခုနစ်နှစ် ရှစ်နှစ်ထက် မကျော်သောအချိန်”က တည်ဆောက်ခဲ့သဖြင့် - ၎င်းတို့သည် ဘိုးတော်ဘုရားခေတ်က ကျန်ရစ်သော ပစ္စည်းများ မဟုတ်ပေ။ သို့ရာတွင်၊ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနိုင်သော လူသားများ ကျန်ရစ်နေသေးသည်။ ယူးလ်က ဆက်ရေးထားသည်မှာ - “(မဟာမုနိ ကျောင်းတော်ရှိ) ဘုရားကျွန်များမှာ ရခိုင်ပြည် (Aracan ဟု မူရင်းစာ၌ ဆိုထားသည် sic)မှ ……………………….. ခေါ်ဆောင်လာသော သုံ့ပန်းများ (captives) မှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ရာပေါင်းများစွာ ………………………….. အထိ ပမာဏရှိသည်” (ယူးလ်၊ စာမျက်နှာ ၁၆၇)။ အမရပူရတွင် ယူးလ်သည် ဗာရာဏသီမှ ဗြဟ္မဏ နက္ခတ်ဗေဒင်ဆရာများနှင့် “အချို့မှာ - မူလက ရခိုင်ပြည် (Aracan ဟု မူရင်းစာ၌ ဆိုထားသည် sic)သို့ ဘင်္ဂေါနယ်မှ ခေါ်ဆောင်လာခဲ့ပြီး ……………… ရခိုင်ပြည် (Aracan ဟု မူရင်းစာ၌ ဆိုထားသည် sic)မှ တစ်ဖန် [အမရပူရသို့] ခေါ်ယူလာခြင်း ခံရသူတို့၏ အဆက်အနွယ်များ ……………” နှင့်လည်း တွေ့ဆုံခဲ့သည်။ “…………………. ကျွန်ုပ်တွေ့ခဲ့သူများသည် ဟိန္ဒူစတန်နီ (Hindostanee) စကားပြောပြီး ……………………. ဗမာစကားနှင့် ရင်းနှီးကျွမ်းဝင်ကြသည် (familiar) (ယူးလ်၊ စာမျက်နှာ ၈၇)

၉။ ဗြဟ္မဏများ

ရခိုင်ပြည်ကို သိမ်းယူသွပ်သွင်းခြင်းသည် ဒေသအား ကုန်းဘောင် နိုင်ငံတော် အစိုးရယန္တယား၏ အဆောင်အယောင် အခင်းအကျင်း (panoply) အပြည့်အစုံကို တင်သွင်း မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ ရခိုင် လူမျိုးတို့သည် အမရပူရသို့ အခွန်ငွေများ ပေးပို့နေရခြင်း (remitting taxes) ကို ကြုံလာရလေတော့သည် ([အခွန်အကောက်ကိစ္စအတွက် ပြင်ဆင်မှု အဖြစ်] ရခိုင်ပြည်၏ သန်းခေါင်စာရင်းကို ကောက်ယူရန် အမိန့်ပေးသော ဗမာပြည် တော်ဝင် အမိန့်ပြန်ထမ်းများ (ROB)၊ ၁၈၁၀ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက် စသည်ဖြင့်)။ တစ်ချိန်က ဂုဏ်တင့်တယ်သော မြောက်ဦးအပေါ် တောင်းခံစည်းကြပ်သည့် အခွန်တို့သည် အမရပူရရှိ ဘုရင့် ဆင်ဖြူတော်အား ထောက်ပံ့ရန် တမင်တကာ (delibrately) အသုံးပြုခြင်း ခံရ၏။ ရမ်းဗြဲကျွန်းပေါ်ရှိ ငွေသတ္တုတွင်းများ အစရှိသည့် - ရခိုင်ပြည်၏ သယံဇာတများကိုလည်း အမြတ်ထုတ်လေသည် (ဗမာပြည် တော်ဝင် အမိန့်ပြန်ထမ်းများ (ROB)၊ ၁၈၀၁ ခုနှစ်၊ ဇွန်လ၊ ၂၇ စသည်ဖြင့်)။ အခြားတစ်ဘက်တွင် ရခိုင်ပြည်၌ ကျူးလွန်သော အပိုတောင်းခံခြင်းများ (excessess) အတွက် အစိုးရ အရာရှိများအား ပြစ်တင်အရေးယူခြင်းများ (reprimand) အခါအားလျော်စွာ ရှိသည် (ဗမာပြည် တော်ဝင် အမိန့်ပြန်ထမ်းများ (ROB)၊ ၁၈၁၀၊ ဧပြီ၊ ၂၇)။

ရခိုင်လူမျိုး ထောင်ပေါင်းများစွာမှာ သုံပန်းအဖြစ်ခေါ်ဆောင်ခံရဟန်ရှိပြီး၊ ကျွန်များအဖြစ် အသုံးပြုခံရကာ အချို့မှာ ဆိုင်ယမ်း (Siam ထိုင်း) နှင့် ဖြစ်ပွားသော စစ်များတွင်ပင် အသုံးပြုခံရသည် (ဗမာပြည် တော်ဝင် အမိန့်ပြန်ထမ်းများ (ROB)၊ ၁၈၁၀၊ ဒီဇင်ဘာ၊ ၂၃ စသည်ဖြင့်။ ဤအမိန့်ဖြင့် ယောက်ျား ၁၀၁၆ ယောက်အား ထားဝယ်သို့ ပို့လွှတ်ရန် ရခိုင်ပြည်မှ ဆင့်ခေါ်သည်။) ကုန်းဘောင် လူ့အဖွဲ့အစည်းသည် - တော်ဝင် လက်သည်းခြေသည်းအလှပြင်သမားများ (manicurists) ကစ၍ ကျောက်နှင့်အုတ် ပန်းရံသမားနှင့် သာမန် လှေထိုးသားများအထိ - ကျွန်အရေအတွက် အလွန် အများကြီး လိုအပ်လေသည် (ဗမာပြည် တော်ဝင် အမိန့် ပြန်ထမ်းများ (ROB)၊ ၁၇၈၅၊ ဇူလိုင်၊ ၁၃။ ဗမာပြည် တော်ဝင် အမိန့်ပြန်ထမ်းများ (ROB)၁၈၀၇၊ သြဂုတ်၊ ၂၈။ ဗမာပြည် တော်ဝင် အမိန့်ပြန်ထမ်းများ (ROB) ၁၈၀၆၊ မတ်၊ ၃၁ စသည်ဖြင့်)။ ကျွမ်းကျင် လုပ်သားစာရင်းမှာ အမှန်တကယ်ပင် မဆုံးနိုင်အောင် ဖြစ်၏။

သို့ရာတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံး ရခိုင်ပြည်မှ သုံပန်းများမှာ သန်မာသော ကြွက်သားများအတွက် ရွေးချယ်ခံရခြင်း မဟုတ်ဘဲ - ဆေးပညာကျွမ်းကျင်သူများကဲ့သို့သော - သူတို့၏ ဦးနှောဏ်စွမ်းအားအတွက် ရွေးချယ်ခံရသူများဖြစ်သည် (၀က်သက် ကာကွယ်ဆေးကို ရခိုင်လူမျိုးတို့ မိတ်ဆက်ပေးခြင်း ဖြစ်သည်)။ အခြားသူများမှာ ဗုဒ္ဓဘာသာ ပရိတ် (paritta) ရွတ်ဆိုရာ၌ပင် အထူးကျွမ်းကျင်ကြပြီး အချို့က အင်းကွက်ရေးသားခြင်း (writing magic squares) နှင့် တူရိယာများ တီးမှုတ်ခြင်းတို့ကို လေ့ကျင့်သင်ကြားထားကြသည် (ဗမာပြည် တော်ဝင် အမိန့်ပြန်ထမ်းများ (ROB)၊ ၁၇၈၉၊ ဇွန်၊ ၅)။

ရခိုင်ပြည်မှ အထက်တန်းလွှာအကျဆုံး (most elite) ဗြဟ္မဏများမှာ ဟိန္ဒူ ဓလေ့ အခမ်းအနား ဆောင်ရွက်တတ်သူများနှင့် နက္ခတ်ဗေဒင်ဆရာများ ဖြစ်ဟန်တူသည်။ ၎င်းတို့ကို အခြားသူများနှင့် အတူ “ပုဏ္ဏား” (Ponna) ဟူသော အစုအောက်၌ သွင်းထားသည် (ဤအသုံးအနှုန်း၏ မူရင်းကို ငြင်းခုန်ပြောဆို နေကြသော်လည်း ၎င်းသည် ပုဏ်ည (punya) (သက္ကတ) သို့မဟုတ် “ဘာသာတရားနှင့်သက်ဆိုင်သော၊ သန့်စင်သော၊ ကြီးမြတ်သော ကောင်းကျိုး” (sacred, pure, or great merit) မှ ဆင်းသက်ရွေ့လျားလာခြင်း ဖြစ်နိုင်သည်။) ဗြဟ္မဏတို့သည် - ရခိုင်ပြည်ကို သိမ်းယူသွပ်သွင်းခြင်း မတိုင်မီ ကာလကြာရှည်ကတည်းက -အမရပူရ၌ မြင်နေကျမဟုတ်သူများ (strangers) မဟုတ်ပေ။ တကယ်တမ်းတွင် - ဘိုးတော်ဘုရား နန်းတက်သော အခါ အမွေခံယူရရှိခဲ့သော ဗြဟ္မဏများ ကုန်းဘောင်နန်းတော်၌ - ရာပေါင်းများစွာ မဟုတ်သည့်တိုင် - အပြုံလိုက်ရှိသည်။ (၁၇၈၅)ခုနှစ်လောက် စောသောကာလ၌ပင် ပုဏ္ဏား အသိုက်အ၀န်း၏ အကြီးအမှူးပုဂ္ဂိုလ်နေရာ (Primate) အတွက် ရာထူးတစ်ခုကို တီထွင်ခဲ့ရာ - သင်္ဃာ (Sangha) အကြီးအကဲ ခေါင်းဆောင် ရာထူးကို အတုယူထားသည်။ (မြင့်ဦး၊ စာမျက်နှာ ၉၅။ အသုံးအနှုန်းမှာ ပုဏ္ဏား သာသနာပိုင် (Ponna Thathanabaing)။) (ထိုအချိန်က အထက်ဗမာပြည်တွင် ပုဏ္ဏားတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်သော အကျဉ်းတင်ပြချက်သည် [သန်း]မြင့်ဦး၏ ခေတ်သစ်မြန်မာနိုင်ငံကို တည်ဆောက်ခြင်း၊ အခန်း ၄တွင် ပါရှိ၏။)

ဗြဟ္မဏအများအပြားမှာ (ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်သော နေရာ အပါအ၀င်) ဘင်္ဂေါနယ်၊ မဏိပူရနယ်နှင့် အာသံနယ်တို့မှ လာကြဟန်တူသည်။ အမြင့်ဆုံး အဆင့်ရှိသူများမှာ - အနည်းဆုံးအားဖြင့် ဘိုးတော်ဘုရား လက်ထက်ထက် နောက်မကျဘဲ - ဗာရာဏသီမှ လာကြသည်။ ထိုခေတ်က မြန်မာကျမ်းတစ်စောင်က ကုန်းဘောင်နိုင်ငံကြီး (realm) ရှိ ဗြဟ္မဏ အစားစားတို့အား အဆင့်အတန်း ခွဲခြားသတ်မှတ်ခြင်းကို သီးသန့် တင်ပြထားသည်။ (ထိုကျမ်းစာ - မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း - ကို [သန်း] မြင့်ဦး၊ စာမျက်နှာ ၉၆ မှ နောက်ပိုင်း တွင် ဆွေးနွေးထားသည်။) ခွဲခြားပုံတစ်မျိုးမှာ မူလ (ဗမာမှ၊ ရခိုင်မှ၊ မဏိပူရမှ သို့မဟုတ် ဗာရာဏသီမှ ဆိုသည့်) အပေါ် မူတည်သည်။ အစောဆုံးမှာ သူတို့၏ ဆင်းသက်ပုံကို ပြူခေတ်အထိ ခြေရာကောက်နိုင်သော မြန်မာ ပုဏ္ဏား ဖြစ်သည်။ ထို အမျိုးမျိုးသော ဗြဟ္မဏများအား - အလွန်အမင်း ဇာတ်ခွဲခြား (stratified)ပြီး လူမှုရေးအုပ်စု တစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းမှုမရှိသလောက်ဖြစ်သည့် (with little mobility) လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်သည့်အလျောက် - အနည်းဆုံးအားဖြင့် အပေါ်ယံမျှပင်ဖြစ်စေ - အုပ်စုခွဲရေး ပြဿနာများအား ဖြေရှင်းနိုင်ရန် ဤကျမ်းကို ပြုစုခြင်းဖြစ်နိုင်သည်။

ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း သုံးဆယ် တလျောက်လုံး ရခိုင်ပြည်မှ ဗြဟ္မဏ တစ်ပြုံကြီးကို အမရပူရသို့ တင်ပို့နေခဲ့သည်။ ထို့အပြင် အထက်ဗမာပြည်၌ (၁၇၈၄)ခုနှစ် ကျူးကျော်မှု မတိုင်မီ ကြာမြင့်စွာကပင် ရခိုင်မှ ဗြဟ္မဏများ ရှိနေခြင်းလည်း ဖြစ်နိုင်သည်။ [The paper is saying that “And there were probably some Arakan bramins in Upper Burma long before the invasion in 1794.” In that sentence, 1794 should be 1784.] (၁၈၀၃)ခုနှစ်လောက် နောက်ကျသော အချိန်၌ပင် ရခိုင်မှ ဗြဟ္မဏများသည် - တစ်ချိန်က ရခိုင်ပြည်တွင် မူရင်း မဟာမုနိ ကျောင်းတော်နှင့် နီးကပ်စွာ နေထိုင်ဖူးခဲ့သဖြင့် မဟာမုနိ ကျောင်းတော်တွင် နေရာချထားပေးသောကြောင့် - ထိုနေရာတွင် အခြေပြုလျှက်ရှိကြသည်။ ရုပ်ပွားကြီးအား အမှုထမ်းဟောင်းများက “အလုပ်အကျွေးပြု” (serviced) လျှင် ဗုဒ္ဓ၏ အာနုဘော် ထက်မြက်မှုကို ပိုမိုအားကောင်းစေသည်ဟု ဤသည်က ညွှန်းဆိုနေပုံရ၏။

ရခိုင်မှ ထိပ်တန်း(top) ဗြဟ္မဏ အများအပြားကို အထူးဂရုတစိုက် ဆက်ဆံပြီး ဗြဟ္မဏ အဆောက်အအုံ (brahmanical establishment) တွင် ရောနှောပေါင်းစပ်စေသည်။ ရခိုင်မှ အခြား ဗြဟ္မဏများအား ပိုမို နည်းပါးသော ငွေကြေးကိုသာ ရရှိခံစားစေပြီး ဘုရားကျွန်များ ဖြစ်စေရာ ဖြစ်နိုင်သည်မှာ ရခိုင်ပြည်၏ ဗြဟ္မဏဖွဲ့စည်းပုံ၌ ၎င်းတို့၏ အဆင့်အတန်း နိမ့်ခြင်းကြောင့် ဖြစ်ဟန်ရှိသည်။ ရခိုင်ပြည်မှ အဆင့်မြင့် ဗြဟ္မဏတို့သည် မဟာမုနိကျောင်းတော်၌ လေးစားလောက်ဖွယ် (respctiable) အဆင့်အတန်းများ (position) ကို အပ်နှင်းခြင်း ခံဟန်ရှိပြီး အခြား ရခိုင်မှ ဗြဟ္မဏများကို ဘုရားကျွန်များအဖြစ် ကျောင်းတော်တွင် ချထားပုံရသည်။ (ဤ ကိစ္စနှင့် ပတ်သက်၍ အရင်းအမြစ်များကို ပိုမို တူးဖွကြည့်ရန် လိုအပ်ပါသည်။)

ရခိုင်ပြည်ကို အောင်နိုင်ပြီးနောက် လေးနှစ်အကြာတွင် ဖြစ်ပွားသော ဇာတ်လမ်းဇာတ်ကွက်တစ်ခုက ထိုအချိန်၏ စိတ်ဝင်စားဖွယ် မြင်ကွင်းတစ်ခုကို မြင်ရစေသည်။ ဗြဟ္မဏ ရာဇဂုရုတစ်ဦးကို အမျိုးသမီး ဆံပင်အလှပြင်သမား (hairdresser) တစ်ဦးနှင့် အချစ်ဇာတ်လမ်းရှိနေသည်ဟု ဓည၀တီမှပါလာသည့် ရခိုင်(မှ) ဗြဟ္မဏ အရေအတွက် အများအပြားက စွပ်စွဲကြ၏ (ဘွဲ့တံဆိပ်အပြည့်အစုံ မဟာရာဂျင်ဒါဓမ္မရာဂျာဂုရု (Maharajindadhammarajaguru)။) စွပ်စွဲသူများကို မဟာမုနိကျောင်းတော်သို့ ဘုရားကျွန်များအဖြစ် ပို့လိုက်သည်အထိ ဘိုးတော်ဘုရားအား ဒေါသဖြစ်စေသဖြင့် ၎င်းသည် မှားယွင်း စွပ်စွဲမှုတစ်ခုဟု ယူဆရရန်ရှိသည်။ (ဗမာပြည် တော်ဝင် အမိန့် ပြန်ထမ်းများ (ROB)၊ ၂၁၊ ဇွန်၊ ၁၇၈၉)။ [“It was deemed a false accusation, provoking Bodawpaya to send the accusers to the Mahamuni as pagoda slaves. (ROB, 21 June, 1799)” In that reference, 1799 should be 1789.] ၎င်းတို့အား ရင်ဘတ်တွင် ဆင်မြန်းသော အထူးပြုလုပ်ထားသည့် ကြိုးပြား (စလွယ် (salwe))များ၊ ခေါင်းပေါင်းများနှင့် ခရုသင်းများကို စွန့်လွှတ်စေသည်။ သူတို့ကို ရခိုင်ပြည်တွင် လုပ်ခဲ့သကဲ့သို့ မဟာမုနိရုပ်ပွားတော်အား - တန်ခိုးကြီး ရုပ်ပွားတော်၏ အာနုဘော် (efficacy) သက်ရောက်မှုကို သေချာစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆနိုင်သော - ပန်းကပ်လှူခြင်းကို ဆောင်ရွက်ရန်လည်း ညွှန်ကြားခဲ့သည်။ အဖွဲ့ခေါင်းဆောင်များအနက်မှ တစ်ဦးကို ယုတ်နိမ့်သည့် အလုပ်ဖြစ်သော ဆင်ချေးကျုံးရန် တာဝန်ပေးခဲ့သည်။

ရခိုင် ဘုရားကျွန်များသည် ပို၍ ဆိုးရွားလာသော အရေးကိစ္စဖြစ်လာပြီး (၁၈၂၂)လောက်အထိ နောက်ကျသော အချိန်မှာပင် ရခိုင်မင်းသားတစ်ပါးက ဗြဟ္မဏတို့သည် ရခိုင်ပြည်၌ မည်သည့်အခါကမျှ ဘုရားကျွန် အဆင့်အတန်းသို့ နှိမ့်ချ ဆက်ဆံခြင်း မခံခဲ့ရဟု ကန့်ကွက်ခဲ့သည်။ (ဗမာပြည် တော်ဝင် အမိန့် ပြန်ထမ်းများ (ROB)၊ ၃၊ ဇန်န၀ါရီ၊ ၁၈၂၂)။ ဤအချက်က အမရပူရအရပ်တွင် ဗြဟ္မဏ ဘုရားကျွန် အရေအတွက် အများအစားရှိကြောင်း ပြဆိုနေသည်။

၁၀။ မဟာမုနိ ရုပ်ပွားတော်

မြန်မာနိုင်ငံတွင် တန်ခိုးအကြီးဆုံး (scared) ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ၎င်း၏ နယ်နိမိတ်အပြင်ဘက်မှ ရောက်လာကြခြင်း ဖြစ်သည်မှာ ထူးဆန်းအံ့သြဖွယ်ဖြစ်ပြီး - “တိုက်ရာပါပစ္စည်း” (booty)အဖြစ် ယူခဲ့ခြင်းလည်းဖြစ်သည်။ ကျောင်းတော်ကို ရခိုင်ဘုရားကြီး (Arakan Temple)ဟု ခေါ်နေဆဲဖြစ်သည့် အချက်က ရုပ်ပွားတော်ကို ဆု (prize) တစ်ခုအဖြစ် ယူဆပြီး လက်နက်အင်အားသုံး၍ ယူခဲ့ခြင်း ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ ယနေ့မြန်မာနိုင်ငံရှိ တန်ခိုးအကြီးဆုံးသော အခြားနေရာများသည်လည်း စိတ်ဝင်စားစရာ ကောင်းသော ထင်ရှားသိသာသည့်ကွဲပြားခြားနားမှု (contrast) ကို ပြလျှက်ရှိသည်။ ပုဂံရှိ ရွှေစည်းခုံသည် ၎င်း၏ဓာတ်တော်မွေတော်များ၊ ၎င်း၏ တော်ဝင်ဆက်နွယ်မှုများနှင့် ပုဂံတွင် တည်ရှိမှု တို့ကြောင့် အရေးပါသည်။ ရန်ကုန်ရှိ ရွှေတိဂုံသည် - (၁၅)ရာစုနှင့် (၁၆)ရာစု အတွင်းက မွန်ကျောင်းတော် တစ်ခုဖြစ်ပြီး၊ ကုန်းဘောင်ခေတ်ကျမှသာ ဗမာတို့က ကြီးမှူး (patronize) လာသည့် အတွက်ကြောင့် - ပို၍ စိတ်ဝင်စားဖွယ် ဖြစ်သည်။ သို့တိုင်အောင် - ဤ မွန်ဘုရားသည် ယခုအခါ တန်ခိုးအကြီးဆုံး အမျိုးသား အထိမ်းအမှတ် (monument) ဖြစ်လာသည်။ ရွှေတိဂုံနှင့် ရခိုင်ဘုရားကြီးတို့သည် - ထို့ကြောင့်ပင် - ဗမာတို့၏ အလယ်ပိုင်း အမိမြေ (Burmese central homeland) အနားတစ်ဘက်စီတွင် မကြာမီမြင့်ကအထိ တည်ရှိကြသည့် - ခြားနားကျယ်ပြန့်သော (diverse) လူမျိုးရေး ဓလေ့ထုံးစံများ (ethnic traditions)အား စုပ်မျိုခြင်း(absorption)ကို ကိုယ်စားပြုဖော်ပြလျှက်ရှိသည်။

ဆန့်ကျင်ဘက်သက်ရောက်မှုအဖြစ် (paradoxically) - ရခိုင်ပြည်ကို သိမ်းယူသွပ်သွင်းခြင်းသည် - အိမ်နီးချင်း ဗြိတိသျှပိုင် အိန္ဒိယက စစ်ရေးအရ တုန့်ပြန်မှုကို နှိုးဆွပေးရာ ရောက်စေမည့် - နယ်စပ် ပဋိပက္ခကို သေချာပေါက် ဖြစ်ပေါ်စေခြင်းကြောင့် - ဗမာတို့၏ လွတ်လပ်ရေးကို အဆုံးသတ်စေသော အင်္ဂလိပ်တပ်များ၏ အောင်ပွဲဆီသို့ တားမနိုင်ဆီးမရ ဦးတည်သွားစေသည်။ (၀န်ခံစရာရှိသည်မှာ - ဤအချက်သည် ငြင်းခုန်ရစရာ အကြောင်းရှိသော (debatable) အချက်ဖြစ်သည်။) ရခိုင်ပြည်အပေါ် ဗမာတို့၏ လွှမ်းမိုးအာဏာတည်မှုသည် တိုတောင်းလှ၏။ ကုန်းဘောင်ခေတ်အခါက နှစ်ပေါင်း လေးဆယ် (၁၇၈၄-၁၈၂၄)ကို လွတ်လပ်ရေးကာလမှ စသော နောက်ထပ် (၅၇)နှစ် (၁၉၄၈-၂၀၀၅) ပေါင်းထည့်လျှင် စုစုပေါင်း (၉၇)နှစ်မျှသာ ရှိ၏။ [The paper is saying “Burmese hegemony over the Atakan was brife, thirty years during Konbaung times, (1794 - 1824), added to another 57 years since independence, (1948 – 2005), totally a mere 87 years.” But, factually, ‘Thirty years during Konbaung times, (1794-1824)’ should be ‘Fourty years during Konbaung times, (1784-1824) and ‘totally a mere 87 years’ should be ‘totally a mere 97 years’.] ရခိုင်ပြည်အပေါ် ဗမာပြည်၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအရ လွှမ်းမိုးမှုသည် (၁၈၂၄)ခုနှစ်တွင် ဗမာချုပ်ကိုင်မှု အဆုံးသတ်သွားသော အချိန်ကာလ၌ နှိုင်းယှဉ်ချက်အားဖြင့် မများလှဘဲ ရှိနေပေသည် (လီဘာမင်၊ ၂၀၆-၂၀၇)။ အချုပ်ဆိုရသော် - ရခိုင်ပြည်သို့ ကုန်းဘောင်ကျူးကျော်မှုသည် - ဆိုးရွားသော ရလာဒ်ထွက်ပေါ်စေသည့် နာဇီတို့၏ ရုရှားသို့ကျူးကျော်မှုနှင့် တူလှစွာ - ထိုမင်းဆက်၏ မိမိကိုယ်ကို ပျက်စီးစေမှုအတွက် မျိုးစေ့ချသကဲ့သို့ ဖြစ်စေသည်ဟု ဆိုနိုင်သည်။ အကယ်၍ ရခိုင်ပြည်နှင့် ဖြစ်ပွားသောစစ်သည် မင်းဆက်၏ ပျက်စီးခြင်းအတွက် မျိုးစေ့များကို အစစ်အမှန်ပင် စိုက်ပျိုးခဲ့သည်ဟု ဆိုလျှင် - ၎င်းသည် “အခုပြုသော အကျိုး နောင်အခါ ပြန်လည် သက်ရောက်မှာ” (‘What comes around, goes around’ shuld be ‘what goes around comes around’.)ဟူသော ဆိုရိုးဟောင်းက ပေးသည့် အသိပညာကို အလေးအနက်ပြသရာ ရောက်ပေသည်။

အရင်းအမြစ် အချို့အ၀က် စာရင်း

(၁) ချာနေ၊ မိုက်ကယ်၊ “ကုန်းမကြီးပေါ်ရှိ ကုန်သွယ်ရေး နိုင်ငံတော်တစ်ခု ထွန်းကားလာခြင်း - အစောပိုင်း မြောက်ဦးဘုရင်များ လက်အောက် ရခိုင်ပြည်၊ ခန့်မှန်း ၁၄၃၀-၁၆၀၃”၊ မြန်မာပြည်လေ့လာရေး ဂျာနယ်၊ အတွဲ - ၃၊ (၁၉၈၈)။

Charney, Michael, “Rise of a Mainland Trading State: Rakhing Under the Early Mrauk-U Kings, c. 1430-1603,” Journal of Burma Studies, Vol. 3 (1998)

(၂) ကောလစ်၊ အမ်၊ ရုပ်ပွားတော်ကြီး ကိန်းဝပ်ရာ မြေ။

Collis, M. The Land of the Great Image

(၃) ဟော၊ ဒီ၊ ဂျီး၊ အီး၊ မိုက်ကယ်ဆိုင်းမ်စ်၊ ၁၈၀၇ ခုနှစ်တွင် အ၀ နန်းတော်သို့ သူ၏ ဒုတိယ သံတမန်ခရီး အကြောင်း မှတ်တမ်း။

Hall, D.G.E., Michael Symes; Journal of his Second Embassy to the Count of Ave in 1807 [Ave should be Ava.]

(၄) လေဒါ၊ ဂျေ၊ “မြောက်ဦးခေတ် အတွင်း ရခိုင်ပြည်တိုးတက်လာခြင်း” ဒေသအလိုက်၊ အတိတ်ကာလများကို ပြန်ပြောင်းတူးဆွခြင်း၊ အရှေ့တောင်အာရှဒေသမှ ပြုစုသူမသိရသော သမိုင်း၊ အက်စ်၊ ချူတင်တာရာနော့ဒ် နှင့် စီ၊ ဘေကာ (တည်းဖြတ်)။

Leider, J. “Arakan’s Ascent During the Mrauk U Period” in Recalling Local Pasts: Autonomous History in Southeast Asia, eds. S. Chutintaranond and C. Baker

(၅) အိုကော်နာ၊ ဗွီ၊ စီ၊ စကော့၊ မြန်မာနိုင်ငံ အတိတ်ကာလ မန္တလေးနှင့် အခြားမြို့တော်များ။

O’Connor, V.C. Scott, Mandalay and Other Cities of the Past in Burma

(၆) ရှကိုဘာ၊ ဂျေ၊ “ဗုဒ္ဓ၏ ရှေ့တော်မှောက်၌ - ဗမာ မဟာမုနိ ရုပ်ပွားတော်အား ဓလေ့ထုံးတမ်းနှင့်အညီ ရွတ်ဖတ် ဂုဏ်တင် ပူဇော်ခြင်း [အနေကဇာတင်ခြင်း ?]”။ တောင်နှင့် တောင်အာရှဒေသမှ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံများ၏ ယုံကြည်သက်ဝင်မှု ဆိုင်ရာ အထုပ္ပတ္တိ၊ ရှကိုဘာ (တည်းဖြတ်) မှ။

Schober, J, “In the Presence of the Buddha; Ritual Veneration of the Burmese Mahamuni Image” in Schober, J., ed. Sacred Biography in the Buddhist Tranditions of South and Southeast Asia

(၇) စတက်ဒ်နာ၊ ဒီ၊ “မောင်းထောင်ဆရာတော်၏ အမေးအဖြေများ နှင့် အာနန္ဒာ ပုထိုး၊ ပုဂံနှင့် မင်းကွန်းစေတီတို့၏ ဆုံချက်” ၊ အရှေ့တောင်အာရှဒေသ စာတွေ့နှင့် ပတ်ဝန်းကျင်လေ့လာချက်၊ အပိုင်း (၃)၊ (၂၀၀၁)။

Stadtner, D. “The Questions and answers of Maungdaung Sayada and the Confluence of the Ananda Temple, Bagan, and the Mingun Pagoda,” in Text and Contexts in Southeast Asia, Pt. III (2001) [‘Maungdaung Sayada’ should be ‘Maungdaung Sayadaw’]

(၈) ဆိုင်းမ်စ်၊ အမ်၊ ၁၇၉၅ ခုနှစ်တွင် အိန္ဒိယ ဘုရင်ခံချုပ်က စေလွှတ်သည့် အ၀ နန်းတော်သို့ သံတမန်ခရီး အကြောင်း မှတ်တမ်း။

Symes, M. An Account of an Embassy to the Kingdom of Ave, Sent by the Governor-General of India in the year 1795

(၉) သန်းထွန်း (တည်းဖြတ်)၊ ဗမာပြည် တော်ဝင် အမိန့်ပြန်တမ်းများ၊ ၁၅၉၈ - ၁၈၈၅။

Than Tun, ed. Royal Orders of Burma 1598-1885

(၁၀) သန်း၊ မြင့်ဦး၊ ခေတ်သစ်မြန်မာနိုင်ငံကို တည်ဆောက်ခြင်း။

Than, Myint U, The Making of Modern Burma

(၁၁) ယူးလ်၊ အိပ်ခ်ျ၊ (၁၈၅

Comments