Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အ​ယောင်​​ဆောင်​ ဗမာ ဗုဒ္ဓဘာသာ

အယောင်ဆောင် ဗမာ.ဗုဒ္ဓဘာသာ

ရခိုင်​ မရမာ များသိစေရန်

ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ
ကျားကြီးကျော်ခိုင်အောင်
အမှာစာ
ရေးသားရခြင်းအကြောင်း
လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက အပြစ်တင် ဝေဖန်ရေးသားခြင်း မလုပ်အပ်ပေ။ ထိုထက် အတူတကွ
နေထိုင်ကြသောအခါ တဦးကိုတဦး အပြစ်အနာရှာ၍ အားနဲချက်ကို ဝေဖန်ခြင်းမှာ သာ၍မလုပ်အပ်ပေ။
ဒေါသသင့်သော ဤစာကို အဘယ်ကြေင့် ရေးရသနည်း ဟူမူ ဗမာတို့က တိုင်းရင်းသား ညီအကိုတွေပါဟု
သတ်မှတ်ခံရသော လူမျိုးတို့မှာ ဗမာနှင့် ပူးပေါင်းခြင်း အားဖြင့် အမြတ်မရ သည်သာမက အရင်းပါ ပြုတ်ရမည့်
အခြေသို့ ဆိုက်သည့် လူမျိုးက ဆိုက်နေကြ လေပြီ။ လက်နက်ကိုင် လမ်းစဉ် ဖြင့်လည်း နယ်မြေကို
ထိမ်းမထားနိုင် နိုင်ငံရေး အရလည်း စစ်မှန်သော စေ့စပ် ဆွေးနွေးရေးကို မလုပ်နိုင် ပတ်ဝန်းကျင် နိုင်ငံများက
လည်း အာဏာရ လူတန်းစားနှင့် အလိုတူ အလိုပါ ကိုယ်ကျိုးရှာ စီးပွားရေး စစ်ရေး နိုင်ငံရေး ပေါ်လစီ များကိုချမှတ် ကျင့်သုံး လာကြသော အခါ အရေခွံထူ နိုင်ငံရေး သမား များမှအပ အမျိုးသား သစ္စာဖေါက် အောက်ကျု့ခံနိုင်ငံရေး အုပ်စုမှာ ဗမာအာဏာရှင် တို့နှင့်ပေါင်းပြီး ကိုယ့်လူမျိုးကို ကိုယ် နှိပ်စက်ကလူ ပြုကြပြန်လေသည်။ထိုထက်မက ကိုယ့် အမျိုးသား၏ ဘာသာရေး လူမှုရေး နိုင်ငံရေး ယဉ်ကျေးမှု အနုပညာ တို့ကို နည်းပေးလမ်းပြပြုကာ အကြံပေး ဖျက်ဆီး၍ အာဏာရှင် တို့အလိုကျ နည်းပေးလမ်းပြ ပြုလုပ်ကြလေသည်။ ထို့ကြောင့်
အမှန်တရားတို့ ကွယ်ပျောက်၍ ဗမာ အာဏာရှင်တို့၏ လိမ်ညာမှု အောက်တွင် နစ်မွန်း ရောထွေး ယှက်တင်
ဖြစ်မည်ကို စိုး၍၄င်း ဗမာတို့၏ လိမ်ညာလွန်းသော ၀ါဒသည် တနေ့အမှန် ဖြစ်သွား မည်ကို စိုးရိမ်၍၄င်း
ရှမ်းသည်ရှမ်း ရခိုင်သည်ရခိုင် ဗမာသည် ဗမာသာ ဖြစ်သင့်ပြီး သူ့ ယဉ်ကျေးမှုနှင့်သူ ရန်မဖြစ် ခိုက်မဖြစ်
တဦးကိုတဦး စိတ်မနာ ကြရလေရန် အတတ်နိုင်ဆုံး အဖြစ်မှန်များကို ပြည်သူအများ သိစေလို၍
ရေးသားရခြင်းဖြစ်သည်။ဗမာ၏နိုင်ငံရေးပရိယာယ်
၁၉၄၈ ခု လွပ်လပ် ရေးမရမှီက ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးမှု အောက်တွင် တိုင်းရင်းသားခေါင်းဆောင်များစုစည်း ညီညွတ်လျက် ဗမာ တကျပ် ရှမ်း တကျပ် မူဖြင့် အေးအတူ ပူအမျှ တစုတ၀န်းတည်း နေထိုင်ကြရန်သဘောတူညီ ခဲ့ကြသည်။ ဗိုလ်ချုပ် ကျဆုံးပြီးနောက် ဦးနု ၀န်ကြီးချုပ်ဖြစ်လာ သောအခါ ဗိုလ်ချုပ်နှင့်
တိုင်းရင်းသား ခေါင်းဆောင် များ ချုပ်ဆိုထားသော ပင်လုံ သဘောတူညီချက် စာချုပ်ကို စက္ကူစုတ်သဖွယ်
သဘောထား ကါ ဗမာတယောက်နှင့် တိုင်းရင်းသားတို့၏ ချုပ်ဆို ရရှိခဲ့သော သဘောတူ ညီချက်သည်
နောက်တယောက် ဗမာအာဏာ ရလာသောအခါ အလိုအလျှောက် ပျက်ပျယ် သွားခဲ့လေ သည်။ ထို့ကြောင့်
ဦးနုသည် တိုင်းရင်းသား ခေါင်းဆောင်တို့ကို အစိုးရ၏ အရေးပါသော နေရာများမှ စနစ်တကျ
ဖယ်ရှားပစ်ခဲ့လေသည်။ တိုင်းရင်းသား ခေါင်းဆောင်တို့က ဖက်ဒရယ် စနစ်ကို ကျင့်သုံးရန် ပြောလာသော အခါဦးနုသည် ပြည်ထောင်စု အာဏာကို ပါးနပ်စွာ ဦးနေ၀င်း အားအပ်၍ ပြည်ပကို ထွက်ခွာပြီး နောက်မှလည်းတိုင်းရင်းသားတို့ အပေါ် သပ်ချို သွေးခွဲ အကျပ်ကိုင် မက်လုံးပေး စသည့် နည်းမျိုးစုံနှင့် ဖျက်ဆီးခဲ့လေသည်။အိန္ဒိယ နိုင်ငံရောက် ဦးနုသည် ဦးသုမနခေါ် သီရိ(ခေါင်းချုပ်ဘုန်းကြီး)ကို ရူပီးငွေ သုံးသိန်းပေး၍ ဘင်္ဂလားဒေသတောင်တန်းနယ်တွင် ရခိုင်တော်လှန်ရေး သမားများ မခိုကပ် နိုင်အောင် မရမာ နှင့် ရခိုင် သည်လူမျိုး နှစ်မျိုးဖြစ်သည်။ မရမာသည် မြန်မာဖြစ်၍ ပဲခူးမှလာသည်။ မြန်မာသည် ဗမာဖြစ်သည်။ ရခိုင်သည် ရခိုင်သာဖြစ်၍မရမာသည် မြန်မာ ဗမာဖြစ်ပြီး ဘုရင့်နောင် မျိုးနွယ်မှ ဆင်းသက်လာသည်ဟူ၍ သွေးခွဲသည့် အစီအစဉ်ကိုစနစ်တကျ လုပ်ဆောင် ခဲ့လေသည်။ ထို့ကြောင့် ရခိုင်နှင့်မရမာ လူမျိုးနှစ်မျိုး ကွဲကါ ရခိုင် လူ့အဖွဲ့ အစည်း၏စည်းလုံးမှုကို မတည်ဆောက်နိုင်ဘဲ အငြင်းပွားမှု အမျိုးမျိုး ဖြစ်နေကြ ရသည်မှာ သာဓက တခုပင် ဖြစ်ပါသည်။ဗမာပြည်လွပ်လပ်ရေးဇာတာ ၁၉၄၈ ခု ဇန္န၀ါရီလ ၄ ရက် တနင်္ဂနွေနေ့ အာရုဏ်တက် ၄ နာရီ ၂၀ မိနစ် အချိန် တွင်ယူထားသော ဗမာပြည်လွပ်လပ်ရေးဇာတာ
၁။ တနင်္ဂနွေဂြိုလ် ဓနုရာသီ ၁၉ အံသာ ၂၆ လိတ္တာ
၂။ တနင်္လာဂြိုလ် (စန်း) ကန်ရာသီ ၂၄ အံသာ ၅၀ လိတ္တာ
၃။ အင်္ဂါဂြိုလ် သိန်ရာသီ ၁၄ အံသာ ၂၇ လိတ္တာ
၎။ ဗုဒ္ဓဟူးဂြိုလ် ဓနုရာသီ ၁၉ အံသာ ၃၈ လိတ္တာ
၅။ ကြာသပတေးဂြိုလ် ဗြိစ္ဆာရာသီ ၂၂ အံသာ ၄၅ လိတ္တာ
၆။ သောံကြာဂြိုလ် မဂါရရာသီ ၁၉ အံသာ ၃၀ လိတ္တာ
၇။ စနေဂြိုလ် ကြဌ်ရာသီ ၂၈ အံသာ ၄၇ လိတ္တာ
၈။ ရာဟုဂြိုလ် မိသရာသီ ၂၇ အံသာ ၃၇ လိတ္တာ
၉။ ကိတ်ဂြိုလ် တူရာသီ ၂၇ အံသာ ၃၇ လိတ္တာ
၁၀။ လင်္ဂ ဗြိစ္ဆာရာသီ ၁၇ အံသာ ၄၁ လိတ္တာ
ဤဇာတာအရ ဦးနုသည် ဗမာတို့ အမြဲတမ်း အာဏာရရှိရန် ဖန်တီးထားခဲ့သော ဗြိစ္ဆာလင်္ဂ ကန်စန်း
ရာဟုထီးဆောင်း မင်းလောင်းဇာတာဖြင့် တိုင်းရင်းသားတို့ အပေါ် လှည့်စား၍ ဗမာနိုင် လွပ်လပ်ရေးကို
ယူပေးခဲ့သည်။ ထို့ပြင် ဤဇာတာသည် တိုင်းရင်းသား အားလုံး တိုးတက်မှုကို ရှေးမရှုဘဲ ဗမာသည် ဘုရင်လုပ်၍
တိုင်းရင်းသား တို့ကို မယားလုပ်ကာ ဗမာ အောက်မှ တခြားလူမျိုးများ နေရရန် ကြံရွယ်ချက်ဖြင့် ဦးနုနှင့်
အပေါင်းပါတစုတို့ ယူထားသော လွပ်လပ်ရေး ဇာတာဖြစ်သည်။ (ဗိုလ်ချုပ်အောင်ဆန်း၏ လွပ်လပ်ရေး ဇာတာ၊
လွတ်တော် မှ ကြေငြာမည့် လွပ်လပ်ရေးဇာတာ၊ ဦးနု၏ လွပ်လပ်ရေး ဇာတာ ဟူ၍ ဗမာပြည် လွပ်လပ်ရေး ဇာတာ
သုံးခုရှိသည်။)
ရေးရအုံးမည်
ဤစာအုပ်တွင်ပါသော တချို့အကြောင်းအရာ တို့မှာ ကိုးကားထားသော ကျမ်းစာတို့ မှ ထုတ်နုတ်ထားခြင်း
ဖြစ်ပါသည် ထို့ပြင် မိဘ ရိုးရာ အစဉ်အဆက် ပြောခဲ့ကြသော အကြောင်းအရာ တို့ကိုလည်း တွေ့ ကြရပါမည်။
ဥပမာ ရှင်မဟာဗုဒ္ဓဃောသ အကြောင်းမျိုးပင် ဖြစ်ပါသည် ဗမာစာရေးဆရာတို့က ရှင်မဟာဗုဒ္ဓဃေါသ ကို
အိန္ဒိယနိုင်ငံသား ပုဏ္ဏားမျိုး ဟု ရေးသားကြသည်။ အိန္ဒိယ နိုင်ငံသား တယောက်သည် ဗုဒ္ဓစာပေများကို
မရမာဘာသာသို့ ပြန်ရေးခဲ့သည်မှာ စဉ်းစားစရာ ပင်ဖြစ်သည်။ ဤသို့ဗမာတို့၏ ရှေ့နောက်မညီသော အရေး အသားတို့ကို ဖေါ်ပြရသည်မှာ လူအများသိစေလို၍ ဖြစ်ပါသည်။
ဗန္ဓုလအကြောင်းကို ရေးရာ၌လည်း ခုနှစ် သက္ကရာဇ် နှင့် နောက်ကြောင်းရာဇ၀င် တို့မှာ သမိုင်းစာအုပ်တွင်
အလွယ်တကူရှိနေရာ အပြည့်အစုံ ဖေါ်မပြဘဲ စာရေးသူ၏ သိစေချင်သည့် အချက်တို့ကိုသာ ဖေါ်ပြရေးသား
ပါသည်။ နုတ်ခမ်းမွေး ကျင်စွယ်နှင့် ဘုရားကိုလည်း ထို့အ တူပင် ဖြစ်ပါသည်။ ယခု မန္တလေး သားတို့ သိမည်
မဟုတ်သော်လည်း သက်ကြီးသူအိုတို့ သိကြ မည်ဖြစ်သည်။ တိုင်းရင်း အတူနေ လူမျိုးတို့အပေါ် အာဏာရ
ဗမာတို့၏ နိုင်ငံရေး ကလိမ် ကျမှုမှာ ဘုရင်ခေတ် အင်္ဂလိပ်ခေတ် ဂျပန်ခေတ် ဦးနု နေ၀င်း ခေတ်မှ စောမောင်
ခင်ညွန့် သန်းရွေ ခေတ်ဖြစ်သော ယနေ့တိုင်ပင်ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးတို့မှာ အာဏာရှင် ဗမာတို့၏လိမ်ညာမှု အောက်တွင် မလူးသာ မလွန့်သာ ရှိနေရကါး ခံစားရမှု နစ်နာရမှု ဆုံးရှုံးရမှု တို့ကို ရေးသားတင်ပြသည်မှာ လွန်အံ့မထင်။ မိမိလူမျိုး အကြောင်းကို ရေးရာ၌ အတူနေ လူမျိုးတို့ အကြောင်းကိုလည်းအနဲနှင့်အများ ကိုးကား ရလေသည်။ အထူးသဖြင့် ဗမာတို့ အကြောင်းကို ရေးသည်ကို အပြစ် မမြင်စေချင်ပါအဘယ်ကြောင့် ဆိုသော် တိုင်းရင်း လူမျိုးတို့မှာ ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်မှာ ဝေးစွ မိမိနေရင်း ဒေသတွင်ပင် မနေနိုင်သည့် အဖြစ်သို့ ရောက်နေ ကြရသော ကြောင့် ဖြစ်သည်။
အသိပညာ
ဤစာကို ရေးနေစဉ် တနေ့ မဆလခေတ် ကျောင်းဆရာတဦးက ဖတ်ကြည့်ရာ ခင်ဗျားက ဗမာလူမျိုးကို
အတင်းရေးထားဒါဘဲ ဟုဝေဖန်ပါသည်။ စာရေးသူက ထားပါတော့ ခင်ဗျားကို ကျနော်တခုမေးပါရစေ။ စည်သူ
မင်းခေါင် လှရွေ ကလျာဝင်း မာလာ အစ ရှိတဲ့ နာမည် တွေဟာ ဗမာနာမည်လား ရခိုင်နာမည်လား ဟုမေးရာ
ထိုဆရာက ဗမာနာမည် တွေပါဟု ပြန်ဖြေပါသည်။ ထိုအခါစာရေးသူက ထွန်းရွှေခိုင်ရေး ရခိုင်ထီးဆက် နန်းဆက်
သမိုင်း စာအုပ်မှ ဘီစီခေတ် ဘုရင်နှင့် မိဖုရားနာမည်တို့ကို ဖတ်ပြပါသည်။ ထို့နောက် စာရေး သူက
ဗမာလူမျိုးမပေါ်မှီ ပျူလူမျိုးမပေါ်မှီ ဘီစီ ၃၃၂၅ ခုမှဘီစီ ၁၅၁၅ ထိ ပထမ ဓည၀တီ ခေတ် ကတဲက စည်သူ
မင်းခေါင် လှရွှေ မင်းသီဟ စောမာလာ ကလျာဝင်း အစရှိတဲ့နာမည် တွေဟာ ရခိုင်သား စစ်စစ် နာမည်တွေပါ
ဗမာဆီကယူပြီး မှည့်ထားတာ မဟုတ်ဘူး ရခိုင်ဆီက ဗမာတွေ ယူပြီး နာမည်မှည့်တာသာ ဖြစ်ကြောင်း
ခင်ဗျားမယုံလျှင် အခု ဒီစာအုပ်ပါ အချက်အလက် တွေကို မယုံကြည်ဘူး ဆိုရင် ရှစ်သောင်း ဘုရားရှေ့က
အာနန္ဒစန္ဒြား ကျောက်စာမှာ သွာကြည့်ပါဟု ပြောပြမှ ထိုဆရာမှာ ဟင်းဟူ၍ သက်ပြင်း ချပါသည်။
အသိပညာ ဆိုသည်မှာ စာတတ်ရုံနှင့်မပြီး ဖတ်ဖို့ မှတ်ဖို့ ရှာဖွေ သိမ်းဆည်းဖို့ ထို့နောက် ဖလှယ်ဖို့ စသည့်
အချက်အလက် များကို ရနိုင်ရန်မှာ ဗမာပြည် အာဏာရှင် စနစ် အောက်၌ မဖြစ်နိုင်ပေ။ အသိပညာ အတတ်ပညာသည်လည်း ထိုအာဏာရှင် စနစ်မှ သင်ပေး လိုက်သော အတတ်ပညာ အသိပညာ ညာဏ်သည်သာလျှင် ရှိနေရာ
အမှန်တရားကို မြင်နိုင်စွမ်း မရှိကြသည်မှာ အဆန်းမဟုတ်ပေ။ ငွေနှင့်အချိန်ရှိက ဗဟုသုတကို လိုသလောက်
ရှာ၍ ရသောဤခေတ်တွင် ဗမာတို့တော်သည် တတ်သည်ကို အထင်ကြီးစရာ မရှိပေ။ အဘယ်ကြောင့်ဟူမူ
ဗမာသည် တကေါင်တည်း ပြိုင်မြင်းလုပ်၍ မြန်မာနိုင်ငံ၏ ဘာသာရေး လူမှုရေး နိုင်ငံရေး စီးပွားရေး စသည့် အစစအရာရာ မှန်သမျှကို တဦးတည်း မောင်ပိုင် စီးထား သောကြောင့် ဖြစ်သည်။ ထိုထက်ဆိုးသည်မှာ ရှမ်းလူမျိုး
အကြောင်း ကိုလည်း ဗမာရေး ရခိုင် အကြောင်းကိုလည်း ဗမာရေး မွန်အကြောင်းကိုလည်း ဗမာရေး စသည့်
သူ့လူမျိုးဆိုင်ရာ ဘာသာဗေဒ အကြောင်းကို မလိမ့်တပါတ်ဖြင့် ဗမာတို့ လက်ဝါးကြီး အုပ်ထားခြင်း ပင်ဖြစ် သည်။ကျေးဇူးတင်ပါသည်
ဤစာမူရေးရာ၌ အကြံပေး ညာဏ်ပေး ပြောခဲ့ကြသော မောင်ရှင်ကြီး ၀ိမလဗုဒ္ဓိ ဦးရွှေကျော်အောင် ဦးမောင်စိန်လှ
ဦးမြ၀ါ ကိုရန်နောင်စိုး ရေသာဆရာတော် နှင့် ဆရာတော် အသျင်သီလ၀ံသ ဆရာတော်အသျင်ပဏ္ဍိ
ဆရာတော်အသျင်ပဏ္ဍ၀ံသ ဆရာတ်ေအသျင် ဇေယျဝံသ တို့အား ကျေးဇူးတင်ပါသည်။
အဘို့ပါက
ဤစာအုပ် ရေးရသော အကျိုး အဖို့ပါက ကို ကျွှေးဖခင် အဖိုးဦးမောင်ဘနှင့် အဘောင်မ ဒေါ်ဖြူခိုင်မ တို့နှင့်
ဖခင်ဦးကျော်သာ မိခင်ဒေါ်ဖြူယိုင်ဦး နှင့်တကွ ခပ်သိမ်းသော တော်လှန်ရေး ဒုက္ခခံ အနှိမ်ခံ ပုဂ္ဂိုလ်
အပေါင်းတို့အားလည်း အမျှ မေတ္တာပေးဝေပါ၏။
စေတနာ
ချင်း ကချင် ကရင် ကယား မွန် ဗမာ ရခိုင် ရှမ်း ဟူသော ဤလူမျိုးကြီး အုပ်စုတို့မှာ ကျီးကိုဘုတ်ရိုသေ
ဘုတ်ကိုကျီးရိုသေ ဆိုလျှင် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ယခင်က အေးအတူ ပူအမျ ဗမာတကျပ်
ရှမ်းတကျပ်သာ ရပါမူ စုစုစည်းစည်းနှင့် သာယာ ၀ပျောသော အမျိုးသားပေါင်းစု နိုင်ငံတခု ဖြစ်ခဲ့မည်မှာ မုချအမှန်
ဖြစ်ပေသည်။ ယခု အခါမူ စိတ်ပျက်စရာ ကြေကွဲစရာ ၀မ်းနဲစရာ အားငယ်စရာ တို့နှင့် ကြုံတွေ့နေကြရသော
တိုင်းရင်း သားလူမျိုးတို့မှာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ကြ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း
ဘာသာရေး၏ ချမ်းသာခြင်း စသော ပီတိ သောမနသ ရကြပြီးလျှင် လောကနိဗ္ဗာန်သို့ အလွယ် တကူ
ရောက်နိုင်ကြပါစေ သတည်း။
သဗ္ဗေသတ္တာအဝေရာဟောန္တု
ဆရာကျားကြီးကျော်ခိုင်အောင်
ရခိုင်ဆျန်းနှင့်နက္ခတ္တဗေဒင်ပညာရှင်
ကန်းညင်ပင်ဇောက် လမား ၃.၁၀.၂၀၀၀ ခုနှစ် နံက် ၁၀ နာရီ ၃ မိနစ်
ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ
အခန်း(၁)
နမောတဿ ဘဂ၀တော အာရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဒါန သီလ ဘာဝနာ
ဒါနတော ဘောဂ၀ါ သီလတော သုခိတာ ဘာဝနာတော နိဗ္ဗုတာ။
ဒါန အလျူပေးခြင်းကြောင့် ဘောဂ ဥစ္စာပစ္စည်း ပြည့်စုံ၍ သူဌေး သူကြွယ်ဖြစ်၏။ သီလ ဆောက်တည်ခြင်းကြောင့်
သုခ ချမ်းသာခြင်းကို ရ၏။ ဘာဝနာ တရားကျင့်ကြံ အားထုတ် ခြင်း ကြောင့် နိဗ္ဗာန်ကို ရောက်ရာ၏။ ဤသည်ကား
မြတ်စွာဘုရား၏ ဒေသနာတခုပင် ဖြစ်ပါသည်။ ဗမာနိုင်ငံတွင် ဘုရားတည် ကျောင်းဆောက် သံင်္ဂါယနာတင်
စသော ကုသိုလ် ကောင်းမှု ကြီးများနှင့် ရဟန်းခံ ရှင်ပြု မှအစ ဒါနကုသိုလ်များကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေ
ကြသည်မှာ မရေမတွက် နိုင်အောင်ပင် များပြားလှပေသည်။ ဤသို့ကုသိုလ် ကောင်းမှု ပြုလျက် သားနှင့် ဗမာတို့
အဘယ်ကြောင့် ဆင်းရဲရသနည်း။ ကမ္ဘာ့အလယ်တွင် အဘယ်ကြောင့် မျက်နှာ ငယ်နေရ သနည်း အောက်ကျ
နောက်ကျ ဖြစ်နေရသနည်း။ ဒါနကုသိုလ် လုပ်လျက် ဒါနရှိလျှက် သားနှင့် ဗမာတို့ အဘယ်ကြောင့်
ဆင်းရဲရသနည်း။ ဤသို့ဆင်းရဲရသည့် အကြောင်းရင်း ကို လေ့လာရမည်။ သတ္တုချရမည်။ သံဝေဂယူရမည်။
ပြုပြင်ရမည်ဖြစ်သည်။
ဗမာအစတကောင်းက ဆိုသည့်အတိုင်း တကောင်းပြည်ကို အဘိရာဇာမင်းကြီး ထီးနန်းအုပ်ချုပ်
မင်းလုပ်လေသည်။ ထိုမင်းတွင် ကံရာဇာကြီးနှင့် ကံရာဇာငယ် ဟူ၍ သားနှစ် ယောက် ထွန်းကားလေည်။
အဘိရာဇာမင်း နတ်ရွာစံလေသဖြင့် မင်းမျိုးတို့ အစဉ်အလာ အရ သားကြီးသြရသ ကံရာဇာကြီးသည်
မင်းဖြစ်ရမည်ဖြစ်သည်။ သို့သော် ကံရာဇာငယ်သည် ငါလည်း မင်းပြုထိုက်သည်ဟု ထီနန်းကို လုလေသည်။
ထို့ကြောင့် ညီနောင် နှစ်ပါးတို့ နန်းလု စစ်ပွဲ ဆင်နွဲရမည့် အခြေသို့ ဆိုက်ရောက် လာလေသည်။ ညီနှင့် အကိုမင်းနှစ်ပါး စစ်ထိုး ကြလျင် တိုင်းပြည်ပျက်စီးမည်ကို မြင်၍ ပညာရှိ အမတ်တို့က ကုသိုလ် စစ်ထိုးကြရန် တင်ပြသည်ကို နှစ်ဦးနှစ်ဘက် လက်ခံကြလေသည်။ ရှေးမင်းကောင်း မင်းမြတ် တို့ အစဉ်အလာ အတိုင်း ဒါနပါရမီရင့်သန်သောသူ မင်းဖြစ်စေခြင်းငှါ ထိုက်သည်ဖြစ်၍ တညည့်တည်းနှင့် စေတီ မဏ္ဍပ် ဇရပ် တို့ကို အပြီး
တည်ဆောက် နိုင်သောသူ မင်းပြုစေ ဟု အမတ်တို့ အကြံပြု ကြလေသည်။
ကံရာဇာကြီးနှင့် နောက်လိုက်တို့က အုတ် ကျောက် အင်္ဂတေ တို့ဖြင့် ခိုင်ခန့်စွာ ဆောက် လုပ်ကြလေသည်။
ကံရာဇာငယ်နှင့် နောက်လိုက်တို့မှာမူ အပေါ့စား ၀ါး သစ် ဖျင် တို့ဖြင့် ဆောက်လုပ်ကြလေသည်။ နောက်တနေ့
မင်းနှစ်ပါး ဆောက်လုပ်ထားသော အဆောက် အဦးတို့ကို ကြည့်၍ မူးမတ် ပညာရှိတို့ ဆုံးဖြတ်ကြလေသည်။
ကံရာဇာကြီးနှင့် နောက်လိုက်တို့ ဆောက်လုပ်သော အဆောက် အဦးမှာ အလေးအပင်နှင့် ဆောက်လုပ်သဖြင့်
မပြီးစီးဘဲ အပေါ့စား ၀ါး သစ် ဖျင် တို့ဖြင့် ကံရာဇာငယ် နှင့် နောက်လိုက်တို့ ဆောက်လုပ်သော
အဆောက်အဦးသည် သာလျင် ပြီးစီးသဖြင့် ကံရာဇာငယ်သည် တကောင်းပြည်၏ ထီးနန်းကို ရရှိသွားလေသည်။
ကံရာဇာကြီးနှင့် နောက်လိုက်တို့မှာ တောင်ဘက်သို့ စုန်ဆင်း၍ ရခိုင်ပြည် ဒုတိယ ဓည၀တီ ခေတ်ကို
တည်ထောင်ကြလေသည်။
ဗမာတို့၏ မျိုးစေ့အစ ကံရာဇာငယ်သည် ကုသိုလ်စစ်ထိုးရာ၌ နန်းရလျင်ပြီး၏ဟု သဘောထားကာ ဒါနထက်
အာဏါရရှိရေးသည်သာ အရေးကြီးကြောင်း ကို လုပ်ဆောင်ပြ ခဲ့သည်။ မင်းကေါင်း မင်းမြတ်တို့၏ လက္ခဏာနှင့်
မညီပေ။ အာဏရလျှင် ပြီး၏ ဟူ၍ ဒါနကို တလွဲအသုံးချ သောကြောင့် သဘာဝဘေး အန္တရာယ် နှင့် အမြဲမပြတ်
ကြုံတွေ့နေကြရသည်။ ဒါနတောဘောဂ၀ါ ဆိုသော်လည်း ဒါနမျိုးစေ့ မကောင်းခဲ့ကြသဖြင့် လူမျိုး၏ စာရိတ္တ မျိုးစေ့
အကျင့် သီလ မကောင်း ခြင်းဖြစ်လေသည်။ အချုပ်ဆိုရသော် ဗမာအစ တကောင်းက ဆိုသည့် အတိုင်း
အစမကောင်း ခဲ့ကြသဖြင့် ချမ်းသာခြင်းကို ရှာမတွေ့ဘဲ နောက်ဆုံးတွင် တကောင်းပြည် ပျက်စီး၍ သာဂီဝင်
မင်းဆက်လည်း ပြတ်သွားခြင်းဖြင့် အဆုံး သတ်ခဲ့ ရလေသည်။
အခန်း(၂)
ဓည၀တီ
ဓည၀တီ ရခိုင်ပြည်ကို ဘီစီ ၃၃၂၅ ခုနှစ်တွင် မာရယုမင်းကြီး တည်ထောင်အုပ်စိုး လေသည်။ ဆန်ရေစပါး
ပေါကြွယ်ဝခြင်း ဟူသောဂုဏ်ပုဒ်တို့နှင့် ပြည့်စုံသောကြောင့် ဓည၀တီ ရခိုင်ပြည်ဟု ခေါ်သမုတ်၏။
ပထမဓည၀တီတည် မာရယုမင်းမှ မင်းငယ်ပျော်လှစည်သူထိ မင်း ဆက် ၅၄ဆက် နန်းသက် ၁၈၁၈ နှစ်တိုင်သာဂီဝင် မင်းမျိုးတို့ ထီးနန်းစိုးစံ ခဲ့ကြသည်။ တကောင်းပြည်မှ ကံရာဇာကြီးမင်းသည် ကုသိုစစ်ထိုး၍ ရှုံးရာနောက်လိုက် တို့ကို ဆောင်ယူ လျှက် ဘီစီ ၁၅၀၇ မှ ၁၄၇၀ ခုထိ ဒုတိယ ဓည၀တီ ရခိုင်ပြည်ကို တည်ထောင်
အုပ်ချုပ် လေသည်။ ဒုတိယဓည၀တီခေတ်ကို ကံရာဇာကြီးမင်းမှ သီရိရာဇာမင်း တိုင်အောင် မင်းဆက် ၂၈ ဆက်
နန်းစံ ၉၂၇ နှစ် စိုးစံခဲ့ကြသည်။
တတိယ ဓည၀တီခေတ်ကို စန္ဒာသူရိယမင်းမှ သူရိယကေတု မင်းတိုင်အောင် ဘီစီ ၅၈၀ မှ အေဒီ ၂၇၂ ထိ
မင်းဆက် ၂၅ ဆက် နန်းစံ ၉၀၇ နှစ် ထိအုပ်စိုးခဲ့ကြသည်။
ဝေသာလီခေတ်ကို သူရိယကေတု ၏သား မဟာစန္ဒြား အေဒီ ၃၂၇ မှ ၃၈၄ ထိ ငတုံမင်း အေဒီ ၇၄၉ မှ ၈၁၈
တိုင်အောင် မင်းဆက်၁၂ ဆက် နန်းစံ ၄၁၉ နှစ် အုပ်စိုးခဲ့ ကြသည်။
ဝေသာလီခေတ် ဗမာ ရှမ်း နှင့် မွန်တလိုင်း
ရခိုင်ပြည်ကို ဝေသာလီခေတ်တွင် ၀င်ရောက် တိုက်ခိုက်သူများမှာ မြိုမင်းကြီး အမြတူ လက်ထက် ပုပ္ပါးပုဂံပြည်ရှင်
ရွှေမောက်တော် အမည်ရှိ ပျူမင်း ဖြစ်သည်။ ပဲဖြူမင်း သား၏ တန်ပြန် တိုက်ခိုက်မှု ကြောင့် တပ်လန်၍
ပြန်ခဲ့ရလေသည်။ ဒုတိယအကြိမ် ပဲဖြူမင်း လက်ထက်တွင် ရှမ်းတို့၏ တိုက်ခိုက်ခြင်းကို ခံရပြန်လေသည်။
ရှမ်းတို့သည် ရခိုင်ပြည်မှ လူများစွာကို ဖမ်းဆီးခေါ်ဆောင်၍ စစ်ကိုင်း အရပ်တွင် ရွာတည်ထားခဲ့လေသည်။
ဒွါရာဝတီ သံတွဲမြို့ကိုလည်း မွန်တလိုင်းတို့ သိမ်းယူလေသည်။ ပုပ္ပါးပုဂံပြည်ရှင် စောခင်နှစ် မင်းသည် ရခိုင်ပြည်သို့
ချီလာ၍ ငတုံမင်းကို သတ်ပြီးလျှင် စမ္ပာဝက်မြို့ကို သိမ်းယူလေသည်။
အခန်း(၃)
ပုပ္ပါး ပုဂံပြည်
ပုပ္ပါး ပုဂံပြည်သည် ဝေသာလီခေတ် နှင့် အပြိုင် ထွန်းကားသော မြို့ပြနိုင်ငံ ဖြစ်သည်။ သမုဒရစ် ရွှေမောက်တော်
စောရဟန်း စောခင်နှစ် စသောပျူမင်းများ ပုပ္ပါးပုဂံပြည်ကို အုပ်ချူပ် ခြဲ့ကသည်။ ပုဂံခေတ် မတိုင်မှီ သရေခေတ္တရာပျူခေတ်တွင် သုပညာနဂရဆိန္ဒမင်းသည် ဒွါရာဝတီ သံတွဲမြို့ကို တိုက်ခိုက် ဖျက်ဆီးဖူးလေသည်။ သရေခေတ္တရာ
ခေတ်ထက် ပုဂံခေတ် တွင် ပျူလူမျိုးတို့သည် ရခိုင်ပြည်ကို ၀င်ရောက်တိုက်ခိုက်မှု အကြိမ် ပို၍များလာသည်ကို
တွေ့ရလေသည်။ ပုဂံခေတ်တွင် ပျူ မှ ဗျူမာ မှ ဗမာ ဖြစ်လာစေသော ယဉ်ကျေးမှုကို ထူထောင် ခဲ့ကြသည်။
ဗမာလူမျိုးတို့၏ တိုးတက်မှုမှာ အနော်ရထာမင်း လက်ထက် (အေဒီ ၁၀၄၄-၁၀၇၇) တွင်ဖြစ်သည်။
အနော်ရထာမင်း အစပိုင်းထိ ဗမာတို့သည် အရည်းကြီးရဟန်း တို့ကို ကိုးကွယ်ခဲ့ကြသည်။ သုဝဏ္ဏဘုမ္မိ
သထုံပြည်မှ အရှင်အာရဟံ လာရောက် ပြီးမှ သာလျှင် ဗမာလူမျိုးများ ဗုဒ္ဓဘာသာ ၀င်များ ဖြစ်လာကြသည်။
ထို့ကြောင့် ပုဂံတွင် စေတီ ပုထိုး ဇရပ် ကျောင်း ကန် ဘုရား စသော ပိသုကာ လက်ရာတို့ ပေါ်ထွန်းခဲ့လေသည်။
ရာဇကုမာရာဇ် ကျောက်စာသည် ပုဂံခေတ် ဗမာလူမျိုး တို့၏ စာပေ ယဉ်ကျေးမှု မှတ်တိုင် တခုပင်ဖြစ်ဟု
ထောက်ပြကြလေသည်။ ရာဇကုမာရာဇ် ကျောက်စာ (မြစေတီကျောက်စာ) ကို ပါဠိ ပျူ မွန် မြမ္မာ လေးမျိုးသော
ဘာသာဖြင့် ရေးထိုးခဲ့သည်။ ထူးခြားချက်မှာ ပါဠိ အသံထွက် ကို မြမ္မာ ဘာသာဖြင့် ရေးထိုးထားခြင်း ဖြစ်သည်။
ထို့ပြင် တူရွင်းတောင် ကဗျာ ဖြစ်သော ရေအေးကြည်သာ ကန်ပိုင်မာလျှက် တာဝတိံ က နန္ဒာလော တူစွဟုတ္တာ၊စသော လေးလုံးစပ် ကဗျာတို့ ထွန်းကားရာခေတ် ဖြစ်လေသည်။
ပျူယဉ်ကျေးမှုပုဂံခေတ် မတိုင်မှီ ပျူ ယဉ်ကျေးမှု ထွန်းကားခဲ့လေသည်။ ဟန်လင်း ဗိသနိုး သရေခေတ္တရာ ဟူ၍ ပျူ လူမျိုးတို့မြို့ပြ နိုင်ငံ ထူထောင်၍ နေထိုင်ခဲ့ကြသည်။ ပျူ စာပေ အရေးအသားသည် မြောက်ပိုင်း ဗြာဟ္မီ အက္ခရာ
မှဆင်းသက်လာသည်။ နတ်နှင့် ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ ဗမာပြည် အလယ်ပိုင်းဒေသတွင်
ပျူယဉ်ကျေးမှုသည် အဆင့်အတန်း အတော်အတန် ရှိခဲ့ပေသည်။ ပျူလူမျိုး နည်းတူ ကမ်းယံ နှင့်
သက်လူမျိုးတို့မှာလည်း ကို့ယဉ်ကျေးမှုနှင့်ကို ရှိနေ နှင့်ပြီးဖြစ်သည်။ ပျူ သက် ကမ်းယံ စသောဤလူမျိုး သုံးမျိုးမှာ
အနော်ရထာမင်းနှင့် ကျန်စစ်သားမင်း လက်ထက်တွင် ဗမာဟူသော လူမျိုးသစ် အမည်ဖြင့် သွတ်သွင်း ခံရကာ
မူလ မျိုးနွယ် ပျေက်ဆုံးသွားလေသည်။ ဤသို့ဖြင့် ဗမာမဖြစ်မှီ ပျူလူမျိုး ဘ၀မှ စ၍ ဓါးမိုးကါ
နယ်မြေချဲ့ထွင်ယင်းဖြင့် စစ်ဝါဒကို ထူထောင်လာခဲ့ ကြလေသည်။
မွန်ယဉ်ကျေးမှု
မနူဟာမင်းကြီး လက်ထက် သုဝဏ္ဏဘုမ္မိ သထုံပြည်သည် စည်ပင်ဝပြောမှု အရှိဆုံး နိုင်ငံ တခု ဖြစ်ခဲ့သည်။
အာသောက မင်း၏ ကိုးတိုင်း ကိုးဌာနကို သာသနာ ပြုမှုကြောင့် ဗုဒ္ဓ ဘာသာသည် သထုံသို့ ရောက်ရှိလာရာ
ရိုးရာ နတ်ကိုးကွယ်မှု နှင့်အတူ ဗုဒ္ဓဘာသာကိုပါ ကိုးကွယ်လာကြသည်။ ဗုဒ္ဓ၀ါဒနှင့်အတူ ပိဌကဌ်ပေမူ ၃၀
ပါရှိလာ၍ စာပေနှင့် ယဉ်ကျေးမှုပါ တိုးတက်လာခဲ့သည်။ မွန်စာပေ၏ အခြေခံ ရေသောက်မြစ်မှာ မြောက်ပိုင်းဗြာဟ္မီ အက္ခရာပင် ဖြစ်သည်။
ပုဂံခေတ်ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာ
တကေါင်းနှင့် သရေခေတ္တရာ ပျက်စီးပြီးနောက် ဗမာအမည်ခံ ပျူလူမျိုးတို့မှာ ပုဂံခေတ် အနော်ရထာမင်း
လက်ထက်တွင် သာသနာထွန်းကား၍ လူမျိုးပါ စုစုစည်းစည်း ရှိလာခဲ့ကြသည်။ ပုဂံခေတ်တွင် သာဂီဝင်မင်းမျိုးတို့
မဟုတ်မူ၍ ပျူ သက် ကမ်းယံ တို့ရောကာ ပထမ ဗမာနိုင်ငံကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်း၏
စည်းရုံးရေးမှာ ဗုဒ္ဓဘာသာကို ရှေ့တန်းတင်၍ နောက်မှ စစ်ဝါဒကို ဖန်တီးလေသည်။ ထို့ကြောင့်ပင်လျှင် အိမ်နီး
နားခြင်း နိုင်ငံတို့ကို တိုက်ခိုက်ခြင်း ဖြစ်လေသည်။ ဗုဒ္ဓဘာသာဝင် မင်းတပါးသည် နိုင်ငံတခုကို မတရား ကျူးကျော်ရန်စ တိုက်ခိုက်ခြင်း မပြုလုပ်ရန် ဗုဒ္ဓ၏ အနိမ့်ဆုံး ပဉ္စသီ ငါးပါးဖြင့် တားမြစ် ထိမ်းချုပ် ထားလေသည်။
အနော်ရထာမင်းသည် ဗုဒ္ဓဘာသာကို အရေချုံ၍ သုဝဏ္ဏဘုမ္မိ သထုံ ပြည်ကို တိုက်ခိုက် သိမ်းယူပြီးလျှင်
မနူဟာမင်းနှင့် တကွ သားမယားပါမကျန် ယူဆောင်လျှက် မနူဟာမင်းကို ဘုရားကျွှန် ပြုကါ သထုံမြို့ကိုလည်းမြေလှန် ဖျက်ဆီးပစ်ခဲ့ လေသည်။ အနော်ရထာမင်း လက်ထက် ပုဂံခေတ် လူစွမ်းကေါင်း နှစ်ဦးဖြစ်သော
ဗျတ်ဝိနှင့် ဗျတ္တ ညီအကို သည် တရုပ်ပြည်မှ ဘုရားစွယ်တော်ကို ခိုးယူခဲ့သဖြင့် တရုပ်တို့၏ လက်စားခြေ
တိုက်ခိုက်ခြင်း ကိုခံရ၍ နောက်ဆုံး၌ ပုဂံပြည် ပျက်စီးရလေသည်။ ထိုမတိုင်မှီ အနော်ရထာ မင်းသည် စစ်သည်
တသိန်းကျော်နှင့် ရခိုင်ပြည်ကို ချီလာ၍ မဟာမြတ်မုနိဘုရားကို တောင်းဖူး လေသည်။ ရခိုင်၏
စစ်အင်အားကြောင့် စစ်မပြိုင်ဝံ့ဘဲ သင်းကြစ်တော်ပွား တဆူကိုယူ၍ ရခိုင် သက္ကရာဇ် ၃၇၆ ခုနှစ်တွင်
ပြန်သွားလေသည်။ ဗမာရာဇ၀င်၌မူ သင်းကြစ်တော်ကို သီဟိုမှ ရခဲ့သည်ဟု ဆိုသည်။ ဗမာလူမျိုးတို့၏
ကိုပိုင်စာသည် ပျုစာသာဖြစ်၍ ယနေ့ အသုံးပြု ရေးသားနေ ကြသော မရမာ (မြန်မာ) စာကို မွန်တို့ထံမှ တဆင့်
ဆင်းသက်လာ ကြောင်းကို ဗမာ ပညာရှင်များ အထောက်အထား အမျိုးမျိုး ပြကြဆဲ ဖြစ်သည်။
အရိန္ဒမာလှံ
ပုဂံခေတ်တွင် အရိန္ဒမာလှံကို ကိုင်သောမင်းမှာ အနော်ရထာမင်းဖြစ်သည်။ ပဲခူးကို ဂျွှမ်းစစ်သည်(ယိုးဒယား)တို့
ဝင်ရောက် တိုက်ခိုက်သဖြင့် ဥသာပဲခူးမင်းသည် အနော်ရထာမင်း ထံ စစ်ကူတောင်း၍ တိုက်လေရာ ဂျွှမ်းတို့ကို
အောင်နိုင်လေသည်။ ပဲခူးမင်းသည် သမီးတော် မဏိရတနာခင်ဦးကို အနော်ရထာမင်းထံ ဆက်သလေသည်။
ပဲခူးမှပုဂံသို့ အသွားလမ်းတွင် မင်းဘဏ္ဍာ ခင်ဦးနှင့် ကျန်စစ်သားသည် ချစ်ကြိုက်မှောက်မှားသဖြင့်
အနော်ရထာမင်းသည် ကျန်စစ်သားကို ကြိုးနှင့် ချီနှောင်ကာ အရိန္ဒမာလှံဖြင့် ထိုးသတ်လေသည်။ ချည်ထားသော ကြိုးကိုထိ၍ ကြိုးပြတ်ခါ ကျန်စစ်သား ထွက်ပြေးလေသည်။ ထိုအချိန်မှစ၍ အရိန္ဒမာလှံကို ဗမာမင်း
အဆက်ဆက်တို့ အသုံးပြုသည်ကို မတွေ့ရတော့ပေ။
အရိန္ဒမာလှံစင်္ကြာ
ပထမ ဓည၀တီမြို့တည် မာရယုမင်း(ဘီစီ ၃၃၂၅-၃၂၆၃)သည် သိကြားမင်း ပေးဆက်သော အရိန္ဒမာ လှံစင်္ကြာကို ရလေသည်။ အရိန္ဒမာလှံစင်္ကြာ၏ အရိုးကါးရွှေ အရှည် သုံးတောင် အသွားစိန် အရှည်သုံးမိုက် မိုးကြိုး
လက်ကေါက် ငါးခြေ ၀တ်လျှက်ပါ၏။ အခွေး လည်းမိုးကြိုး အောက်မေ့ပွင့်ကါး အနီ အောက်ခံကတော့ကါး
ပတ္တမြား ဖြစ်လေသည်။ စုစု ပေါင်း အရှည် သုံးတောင် သုံးမိုက် ရှိ၏။ ထိုလှံ၏ အစွမ်းမှာ အလိုရှိ၍ စေလျှင် နန်းရင်ပြင်တွင် ကျ၏။ ရှင်ဘုရင် ကိုတိုင် ကောက်ယူမှရ၏။ အမျက်ရှိ၍ လွှတ်လျှင် ရှင်ဘုရင် ဦးခေါင်းကို စူးလေသည်။
မာရယုမင်းမှစ၍ ရခိုင်ပြည်ကို အစိုးရသော မင်းကေါင်းမင်းမြတ် တို့မှာ အရိန္ဒမာ လှံစင်္ကြာ ကိုရကြသည်ချည်း
ဖြစ်လေသည်။
ပုဂံခေတ်ပညာရှိ
တနေ့တ၌ ပုဂံပြည်သို့ တရုပ်ဘုရင် ဥတဉ်ဘွားသည် သံစေလှာ၏။ ပုဂံသည် ဗုဒ္ဓဘာသာပြည် ဖြစ်သည် နှင့်အညီ
ပညာရှိ သုခမိန်များ ရှိကြလိမ္မည်။ ငါ၏ ပညာရှိ အမေးကို ဖြေနိုင်က လက်ဆောင် ပဏ္ဍာဆက်၍ ပြန်လာစေ
အမေးပုစ္ဆာကို မဖြေနိုင်က သိမ်းယူစေ ဟု စာသ၀ဏ် စေလှာ၏။ ပုဂံသားတို့မှာ တရုပ်စစ်တပ်ကို
ကြောက်ရသည်က တကြောင်း ပညာရှိ သုခမိန် မရှိသည်က တကြောင်းတို့ကြောင့် ပူပင်သောက
ရောက်ကြရသည်။ တရုပ်ပညာရှိနှင့် စကားအမေး အဖြေ ပြုနိုင်သောသူကို မောင်းခတ်၍ ရှာလေရာ
ထန်းတက်သမား တယောက် ကိုရ လေသည်။ ထိုထန်းတက်သမား ထန်းရည်မူးကို သံတမန်အ၀တ် တုရင်ကို
ဝတ်စေလျှက် တရုပ် ပညာရှိနှင့် တွေ့လေသည်။ တရုပ်ပညာရှိက ပထမ လက်ငါးချောင်း ထောင်ပြ၏။ ပုဂံသားကလက်ဆယ်ချောင်းထောင်ပြ၏။ ဒုတိယ တရုပ်ပညာရှိက လက်ဝါးထောင်ပြ၏။ ပုဂံသားက လက်ဝါးရော ခြေဖ၀ါးပါ ထောင်ပြ၏။ တတိယ တရုပ် ပညာရှိက ရင်ဘတ်ကို လက်ဝါးနှင့် ပုတ်ပြ၏။ ပုဂံသားက ရင်ဘတ်ရော
ကြောကုန်းပါ ပုတ်ပြ၏။ သုံးခုသော အကြောင်းအရာကို အမေးအဖြေ ပြုပြီးနောက် တရုပ်ပညာရှိက ပုဂံသားအား
တော်ပါပေသည် ပုဂံသည် ငယ်ပင်ငယ်ငြားသော်လည်း သာသနာစဉ်ပင်၍ ပညာရှိသုခမိန် သူကောင်းသူမွန်
တို့ရှိပါပေသည် ငါတို့ စစ်ပြုရန် မသင့်ဟုဆို၍ လက်ဆောင်ပဏ္ဍာဆက်ကါ ပြန်သွားလေသည်။ တရုပ်ပြည်သို့
ရောက်၍ အစီရင်ခံသည်မှာ ကျွန်ုပ်လက်ငါးချောင်း ထောင်ပြသည့် အလိုမှာ ပုဂံသားတို့ ငါးပါးသီလ ရှိပါ၏လော
ဟုမေးပါသည်။ ပုဂံသား ပညာရှိက လက်ဆယ်ချောင်း ထောင်ပြသည့် အလိုမှာ ငါးပါးမက ဆယ်ပါး
သီလပင်ရှိပါသည် ဟု ဖြေပါသည်။ ဒုတိယ လက်ဝါး ထောင်ပြသည့် အလိုမှာ သင်တို့ကို အုပ်ချုပ်သော မင်းသည်
သင်တို့ အပေါ် လက်ဝါး ကဲ့သို့ မှောက်ချည် လှန်ချည်လုပ်၍ သင်တို့ကို အုပ်ချုပ်သလော ဟုမေးပါသည်။ ပုဂံသားပညာရှိက လက်ဝါးရော ခြေဖ၀ါးပါ ထောင်ပြသည့် အလိုမှာ ငါတို့ ရှင်ဘုရင်သည် တိုင်းသူ ပြည်သား တို့ အပေါ်၌ လက်ဝါးကဲ့သို့ မှောက်ချည် လှန်ချည် မကျင့် ခြေဖ၀ါးကဲ့သို့ မမှောက် မလှန် တသမတ်တည်း ကျင့်ကြံအုပ်ချုပ်၏
ဟုဖြေပါသည်။ တတိယ ရင်ဘတ်ကို လက်ဝါးနှင့် ပုတ်ပြသည့် အလိုမှာ သင်တို့ ရှင်ဘုသည် ရင်သားဖြစ်သော
ကိုယ့်အမျိုးအနွယ် ကိုသာလျှင် ချစ်ခင်စုံမက် ဘက်လိုက်၍ အုပ်ချုပ်သလော ဟုမေးပါသည် ပုဂံသား ပညာရှိက
ရင်ဘတ်ရော ကြောကုန်းပါ ပုတ်ပြသည့် အလိုမှာ ငါတို့ရှင်ဘုရင်သည် တိုင်းသူ ပြည်သား လူအများတို့ အပေါ်၌
ကြောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်သည် ဟုဖြေပါသည်။ ပုဂံကို စစ်ပြုရန် မသင့် သေးပါဟု
ဘုရင်ဥတဉ်ဘွားထံ အစီရင်ခံလေသည်။
ပုဂံသားတို့မှာ လက်ဆောင် ပဏ္ဍာလည်းရ တရုပ်စစ်တပ်ကြီးလည်း ပြန်သွား သဖြင့် ၀မ်းမြောက် ၀မ်းသာ
ရှိကြလေသည်။ ဘုရင်သည် ထန်းရည်သ္မား အားခေါ်၍ ဆုလပ်ပေးပြီး လျှင် အမေးအဖြေ အသို့နည်း
ဟုမေးလေသည်။ ထိုထန်းရည်သမားက တနေ့ မြူငါးအိုး သောက်နိုင် သလားလို့ တရုပ်ကြီးက လက်ငါးချောင်းထောင်ပြတယ်၊ ကျုပ်က တနေ့ ငါးအိုးမက မြူဆယ်အိုး သောက်နိုင်တယ်လို့ လက်ဆယ်ချောင်း ထောင်ပြတယ်
တခါ လက်ဝါး ထောင်ပြဒါက ထန်းပင်ပေါ်ကို လက်ချည်း တက်တာလားလို့ တရုပ်ကြီးကမေးတယ် ကျုပ်က
ထန်းပင်ပေါ် ကို လက်ဝါးရော ခြေဖ၀ါးပါ အသုံးပြုပြီး တက်မှရတယ် လို့လက်ဝါးရော ခြေဖ၀ါး
ပါထောင်ပြတယ်၊တတိယ တရုပ်ကြီးက ရင်ဘတ်ကိုပုတ်ပြဒါက ထန်းရည်လဲသောက် ထန်းပင် ပေါ်လဲတက်ဆိုရင်
ရင်ဘတ်မပူဘူးလားလို့ ရင်ဘတ်ကို ပုတ်ပြတယ်၊ ကျုပ်ကလဲ ရင်ဘတ်ရော ကြောကုန်းပါ ပူတယ်လို့ကြောပါရင်ပါ
ပုတ်ပြတယ် သူလဲကျနော့လို ထန်းရည်သမား ဖြစ်ပါ လိမ္မည် ဟုဆိုလေသည်။ နောက်ဆုံး၌ ပုဂံသား အားလုံး
သက်ပြင်း ချကြလေတော့သည်။
ပညာရှိ
ပညာ။ ။ပညာဆိုသည်မှာ ၀ိဇ္ဇာ သိပ္ပံ အတတ်ကို ဆိုသည်။
ပညာတတ်(စာတတ်)။ ။အတတ်ပညာကို မိမိ ကိုယ်ကျိုး အတွက် အသုံးပြုသူကို ခေါ်သည်။
ပညာရှင်။ ။မိမိတတ်သော ပညာကို လူတစု တဂိုဏ်း တဖွဲ့ တဘာသာ လူမျိုးတမျိုး အတွက် အသုံးချ သူကို
ပညာရှင်ဟု ခေါ်သည်။
ပညာရှိ။ ။အတတ်မျိုးစုံ တတ်၍ ဘာသာ လူမျိုးမရွေး လူအားလုံးအတွက် အတတ်ပညာကို ညီမျှစွာ ငြိမ်းချမ်းစွာ အသုံးချသူကို ပညာရှိ ဟုခေါ်သည်။ ပညာသည် ရေနှင့်တူ၏။ ပညာတတ်သည် ရေခွက်နှင့်တူ၏။ ပညာရှင်သည်
ရေအိုးနှင့်တူ၏။ ပညာရှိ သုခမိန်သည် စိမ့်စမ်း ရေတွင်းနှင့် တူ၏။
ဝိသေသ ။ ။ပညာတတ်(စာတတ်) သည် မိမိဘ၀ကို ပြုပြင်တတ် ဖျက်ဆီးတတ်၏။ ပညာရှင်သည် လူများစွာကို
ကယ်တင်တတ် ဖျက်ဆီးတတ်၏။ ပညာရှိ သုခမိန်သည် လူအား လုံးကို အေးချမ်း စေတတ်၏။
ဗမာပညာရှိနှင့်နယ်ချဲ့မှု
တကေါင်းခေတ်မှ သက္ကရာဇ် ၂၀၀၀ အထိ ဗမာပြည်၌ ပညာရှိ ရှိမရှိ ဆိုသည်ကို လေ့လာ ကြည့်သင့်လေသည်။
ငါပညာရှိ ဆိုရုံနှင့် မပြီး ဗုဒ္ဓဘာသာ နိုင်ငံသည် ဗုဒ္ဓ တရား၏ ကျင့်ဝတ်မှ ဆုံးဖြတ်သော ထိုက်တန်သည့် ပညာရှိ
ဖြစ်ရန် လိုအပ်လေသည်။ ပညာရှိ ရှိသော တိုင်းပြည်သည် အထူး တည်ငြိမ် အေးချမ်း၏။ ဗမာလူမျိုး တို့သည်
ဗုဒ္ဓဘာသာ ၀င်များ ဖြစ်ကြသည့် အတိုင်း ငါးပါးသီလကို စောင့်ထိမ်းပါက သူတပါးနိုင်ငံ သူတပါးလူမျိုးတို့ကို ရန်စ
ကျူးကျော် တိုက်ခိုက် သိမ်းပိုက် ကျွှန်ပြုရန် မသင့်ပေ။
ဗုဒ္ဓဘုရားရှင် လက်ထက် ၀ိဌဌူပမင်းသတ်၍ သာဂီဝင်မင်းမျိုးတို့ မျိုးပြုန်းရ သည်ကို စာနာ ထောက်ထား၍
နောက်နောင် ဤသို့ အဖြစ်အပျက်များ မပေါ်ပေါက်စေရန် အတုယူသင့်သည်။ အပြစ်လုပ်သော်လည်း ဒါနရှိကလွတ်သည်။ ကုသိုလ်တပဲ ငရဲ တပိသာ။ ဟူ၍ ဗမာပညာရှိ သုခမိန်တို့သည် ဗမာအာဏါရှင်တို့ကို အတုယူကြရန်ညွှန်ပြသော သာသ နာပြု မင်းတပါးရှိ၏။ ထိုမင်းကား မောရိယ အင်ပါယာအရှင် အာသောကမင်း တည်း။
အာသောကမင်းသည် ဗုဒ္ဓဘာသာဝင် မဖြစ်မှီ ဘုရားပွင့်ရာ ဗောဓိညာင်ပင်ကို စစ်တပ်နှင့် သွား၍ ခုတ်ဖြတ် မီးရှို့
ယစ်ပူဇော် ပစ်လေသည်။ ပြန်၍ ပေါက်သည်ကို မိဖုရား မငယ်သည် အာသောမင်း ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးနောက်
ထိုဗောဓိညောင်ပင်ကို ဘုရင်သွား၍ ပူဇော် သည်ကို မနာလို၍ တဖန် ခုတ်လှဲ ဖျက်ဆီးပြန်၏။ ထို့ပြင်
အာသောကမင်း လက်ထက် ရဟန္တာ အပါး သုံးဆယ်ကို အမတ်တို့ သတ်ရာတွင် မသိသလို မမြင်သလို နေခဲ့၏။
အာသောကမင်း သည် ဤကဲ့သို့ အပြစ်ကြီးများကြောင့် ငရဲကျမည်ကို စိုးရိမ်ကြောက်လန့်၍ ဗုဒ္ဓဘာသာဝင်
ဖြစ်လာသော သူ ဖြစ်၏။ အမျိုးအနွယ် တခုလုံး ဗုဒ္ဓဘာသာကို ယုံကြဉ်ခြင်း မရှိသည်ကို အာသောကမင်း နတ်ရွှာ
လွန်ပြီးနောက် ဗုဒ္ဓဘာသာ ကွယ်ပျောက်ခြင်းကို ထောက်ရှု၍ သိနိုင်ကြပါသည်။
ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်၍ ငါးပါးသီလကို အမြဲ လက်ကိုင်ထားသော လူ လူမျိုး နိုင်ငံ တို့မှာ တခြားနိုင်ငံ
တခုခုကို ကျူးကျော် ရန်စခြင်းမရှိ၊ သိမ်းပိုက်ခြင်းမရှိ၊ ခုခံ တိုက်ခိုက် ခြင်းသာရှိ၏။ အဘယ်ကြောင့်ဆိုသော်
ဗုဒ္ဓ၏တရားတော်အရ အနိမ့်ဆုံး ငါးပါး သီလနှင့် တားမြစ်ထား၍ ဖြစ်လေသည်။
ကံရာဇာငယ်အစ သီပေါမင်း အဆုံး အာဏါရ ဗမာမင်း အဆက်ဆက်သည်၎င်း အင်္ဂလိပ်ထံမှ လွပ်လပ်ရေးရ
အပြီး ၀န်ကြီးချုပ်ဦးနု ဗိုလ်ချုပ်နေ၀င်း ဗိုလ်ချုပ်ကြီးစောမောင် ဗိုလ်ချုပ်ခင်ညွန့် ဗိုလ်ချုပ်ကြီးသန်းရွှေ တို့၏
ခေတ်အဆက်ဆက်တွင်လည်း ဗုဒ္ဓဘာသာကို ကိုယ်ကျိုးအတွက် အသုံးချကြလေသည်။ ထို့ကြောင့်
ဗမာတို့ရပ်တည်ရာ ပင်မ ဒေသ တကေါင်း ပုဂံ မှ ယနေ့နယ်နိမိတ်ထိ နယ်မြေချဲ့ထွင် ရပ်တည် လာနိုင်ကြခြင်း
ဖြစ်သည်။ အချုပ်ဆိုရသော် ဗမာဟူသော လူမျိုးသည် မိုးခေါင်ရေရှား ရပ်ဝှမ်း ဒေသဖြစ်သော စတုရန်းမိုင် ၂၀၀
ရာကျော်မှ စတုရန်းမိုင် ၂၆၀၀၀၀ ကျော်ထိ နယ်ချဲ့ယူခဲ့ကြသော လူမျိုးဖြစ်ကြောင်း သမိုင်းတွင် တွေ့ကြရမည်
ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် မဟုတ်သော နိုင်ငံတခုသည် တပါးနိုင်ငံ တခုခုကို ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခြင်းမှာ
ထိုလူမျိုး၏ နိုင်ငံရေး ဘာသာရေး လူမှုရေး စီးပွားရေး စသည် တို့နှင့်သာ သက်ဆိုင်လေသည်။ ဗုဒ္ဓဘာသာနိုင်ငံ
တခုက အိမ်နီးနားချင်း ဗုဒ္ဓဘာသာ နိုင်ငံ တခုခုကို ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်၍ စေတီယင်္ဂဏ ပစ္စည်းများကို
မတရား လုယူ ဖျက်ဆီး ယူဆောင်သည်မှာ ဗုဒ္ဓဘာသာဝင် ဟုတ်မဟုတ် ဗုဒ္ဓဘာသာကို ဘန်းပြ၍ ကိုကျိုး
အတွက် အသုံးချ မချ ဆိုသည်ကို ဗမာ့သမိုင်း၌ အထင်အရှား တွေ့မြင်ရမည် ဖြစ်သည်။
ပုဂံခေတ်မှစ၍ ဗမာတို့သည် တရုပ်ပြည် ယိုးဒယားပြည် ရှမ်းပြည် မွန်ပြည် ရခိုင်ပြည် အိန္ဒိယပြည် တို့ကို အဖန်ဖန်
ရန်စ ကျူးကျော်ကြောင်း တွေ့ရသည်။ အဘယ် ကြောင့်နည်း ပညာရှိ မရှိ၍ ဖြစ်ပါသည်။ ပညာရှိ မရှိသော
တိုင်းပြည်သည် မျက်စိ တဖက်သာ ရှိသောသူနှင့် တူသည် ဟူသော ဥပမာအတိုင်း ရဟန်း ပုဏ္ဏား မူး မတ် တို့မှာ
မင်းလိုလိုက် မင်းကြိုက်သာ ဖြစ်၍ ပညာရှိတို့ မထွန်းကားခြင်း ဖြစ်လေသည်။ ပညာရှိကို မမြှောက်စားသော
ပညာရှိကို လက်မခံသော ဗမာအာဏာရှင် တို့၏ စစ်ဝါဒကြောင့် မှားသည်မှန်သည်ကို ခွဲခြား မသိနိုင်ဘဲ လူမျိုး၏
အတ္တမာနကြောင့် လောဘဇောတက်၍ နယ်ချဲ့ခြင်း ဖြစ်လေသည်။
အခန်း(၄)
ရခိုင်ယဉ်ကျေးမှု
ပထမ ဓည၀တီမြို့တည် မာရယုမင်းမှ အစပြု၍ ရခိုင်ယဉ်ကျေးမှု ထွန်းကား လာသည် ဟုဆိုကြသည်။
နတ်ကိုးကွယ်မှုကို အခြေခံသော ဟိန္ဒု ယဉ်ကျေးမှုသည် ရခိုင် ပြည်၌ ထွန်းကားခ့သဲ ည်။ ဟိန္ဒုယဉ်ကျေးမှုနှင့်
အတူ မြောက်ပိုင်း ဗြာဟ္မီအက္ခရာ စာပေ အရေး အသား လည်း ထွန်းကားလာသည်။ ထို့ပြင် ဗြာဟ္မီအက္ခရာမှ
မရမာစာ (မရမာဘာသာ) သို့မဟုတ် ရခိုင်စာ အရေးအသားကို ထီထွင် နိုင်ခဲ့ကြသည်။ က အစ အံ အဆုံး ၃၃
လုံးသော အက္ခရာ ဗျဉ်းနှင့် သရ တို့ကို စနစ်တကျ ထီထွင်နိုင်၍ ဆျန်းပညာဖြင့် အက္ခရာတို့ကို စနစ်တကျ ခွဲခြားနိုင်ခြင်းကြောင့် အင်း အိုင် ခလုတ် မန္တံ ဂါထါ စသော ဂန္တရီ အတတ်ပညာ များ ထွန်းကားလာသည်။ မန္တံ(သွားစေခြင်း) ဂါထါ (လုံချုံခြင်း) တို့ကို ဒီဃ ရဿ နှင့်ထန် ကရိုင်း ကျစွာ ဖွဲ့တတ်လာသောအခါ၊ ထိုထက်ကျော်လွန်၍ ကပျာ(ကဗျာ) လင်္ကါ အဲ အံ သာခြင်း ရတု ရကန် လုံးတီး လုံးတား စသည်တို့ကို ရေးသား သီဆိုလာနိုင်ခဲ့ကြသည်။ ထို့ပြင် အသံကို ဌာန်ကရိုင်းကျစွာ သီဆိုနိုင်ရန် အတွက် စည်း ၀ါး စောင်း ညှင်း ပတ်သာ
စသော တူရိယာ တို့ကို ဖန်တီး ခဲ့ကြသည်။ အချုပ်ဆိုရသော် ရခိုင်တို့၏ မရမာ ယဉ်ကျေးမှုသည် ဟိန္ဒု
ယဉ်ကျေးမှုကို ထီထွင် ဆန်းသစ်ခြင်းပင် ဖြစ်လေသည်။ပြီး))))
ရခိုင်စာပေဆင်းသက်ရာလမ်း
ရခိုင်စာပေ ဆင်းသက်ရာ လမ်းအစသည် ကမ္ဘာကြီးတွင် လူ့ယဉ်ကျေးမှု ဖြစ်ပေါ်ရာ တခုအဖြစ်
သတ်မှတ်ခဲ့ကြသော အိန္ဒိယ နိုင်ငံ အိန္ဒုမြစ်ဝှမ်း ပန်ဂျပ်နယ်မှ အစပြုသည်။ အိန္ဒုမြစ်ဝှမ်း ပန်ဂျပ်ယဉ်ကျေးမှုကို
ဆန်းသစ်ကါ ခတ္တိယအနွယ်တို့၏ မဇ္ဇျိမဒေသသည် ယဉ်ကျေးမှု အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည်။
ဗြာဟ္မဏ အယူဝါဒ၏ ကိုးကွယ်မှုဆိုင်ရာ၌ လူတို့ကို မကေါင်းသော ဂြိုလ်နှင့် မိစ္ဆာ အမျိုးမျိုး တို့၏ အန္တရာယ်မှ အကါအကွယ် ပေးပါဟူသော နတ်များကို ပူဇော်ပသရန် ဂါထါ (လုံချုံခြင်း) များကို ဖန်တီးခဲ့ကြသည်။ ထို့ပြင်
သာမ ယဇု ဣရှု ဗေဒင်ကျမ်း သုံးကျမ်းကို ဖန်တီးခဲ့ကြသည်။ ထို့နောက် အာယဗ္ဗာန် မည်သော မန္တရား
(သွားစေခြင်း) နှင့် ဂါထါ တို့ကိုစုပေါင်း၍ အာတဗ္ဗဏ ဗေဒင်ကျမ်း ထွက်ပေါ်လာသည်။ ဥပနိသျှခေတ်
ဟုဆိုကြသော ဗြာဟ္မဏတို့၏ အတ္တနှင့် ဗြာဟ္မဏ၀ါဒ လွန်ပြီးမှသာလျှင် မဟာဘာရတလင်္ကါနှင့် ရာမာယနလင်္ကါ
တို့ကို အကြောင်းပြု၍ အိန္ဒိယနိုင်ငံတွင် စာပေ ယဉ်ကျေးမှုခေတ် ထွန်း တောက် လာသည်။
အိန္ဒိယနိုင်ငံ မဇ္ဇျိမ ယဉ်ကျေးမှု၏ သက္ကတ စာပေမှတဆင့် ရခိုင်စာပေသို့ ဖန်တီးယူခဲ့ ကြသည်။ ယနေ့ မြန်မာနိုင်ငံ
ဟုခေါ်သော ဗမာပိုင် နယ်မြေတွင် လူမျိုးတိုင်းဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုတွင် ရခိုင် လူမျိုးတို့သည် ရှေ့တန်းမှ
ရှိနေပေသည်။ အချုပ်ဆိုသော် မြန်မာနိုင်ငံ၌ ယနေ့ ထွန်းကားနေသော ယဉ်ကျေးမှုသည် ရခိုင်ယဉ်ကျေးမှု
ပင်ဖြစ်သည်။ ပြီး)))
ရခိုင်စာပေ ဓည၀တီ ရခိုင်ပြည်၏ စာပေ တိုးတက်မှု အစပိုင်းတွင် မြာက်ပိုင်း ဗြာဟ္မီ အက္ခရာဖြင့် ရေးထိုးထားသော သံတွဲ ငလွမ်းမော် ကျောက်စာ တောင်ပေါက်ကြီး ကျောက်စာ အုတ်ခွက်စာ မြေလျှူစာ ခေါင်းလောင်းစာ ဒင်္ဂါးစာ တို့မှာ
အထင်ရှားဆုံး ဖြစ်လေသည်။ တတိယ ဓည၀တီခေတ်တွင်မူ ကိုယ်ပိုင် စာပေကို တီထွင် သုံးစွဲ ရေးသား
လာနိုင်ခဲ့ကြသည်။ ဝေသာလီ ကျောက်လှေကါးခေတ်တွင် ဗျည်းနှင့် သရတို့ကို စနစ်ကျစွာ ဆျန်းမှန်စွာ
သုံးစွဲရေးသား လာနိုင်ခဲ့ကြသည်။ ထိုခေတ်တွင်ရေးသော ရကန် သုံးပုဒ်ကို ကြည့်က စာပေ အဆင့်အတန်း မည်မျှ
ရှိသည်ကို သိနိုင်လောက်ပါသည်။ ဝေသာလီခေတ်တွင် ရခိုင်သားတို့ ရေးသားသော က အစ အံ အဆုံး ၃၃
လုံးသော အက္ခရာတို့သည် ယနေ့ ရေးသား နေကြသော မြန်မာစာပင် ဖြစ်ပါသည်။ ပြီး)))
စာပေဆက်နွယ်မှု
ယခု မြန်မာစာ ဟုခေါ်သော က အစ အ အဆုံး ၃၃ လုံး အက္ခရာ များကို အသုံးပြု ရေးသားသော လူမျိုးများမှာဗမာ ရခိုင် ရှမ်း မွန် ကရင် မြုံ သက် နှင့် ထိုသူတို့နှင့် ဆက်နွယ်မှု ရှိသော သူများဖြစ်သည်။ အထူးသဖြင့်ဗမာသည် ပျူမှဆင်းသက် လာသည့်အတွက် ပျူစာသည် ဗမာတို့၏ မူရင်းမိခင် စာသာဖြစ်သည်။ မြမ္မာစာသည်
ပျူစာနှင့် အက္ခရာ တူသော် လည်း အသံထွက် စာလုံးပေါင်း ကွဲလေသည်။ မြစေတီ ကျောက်စာကို ဗမာတို့က ငါတို့စာ ဟုဆိုသော်လည်း မူလအသံနေ အသံထားအတိုင်း မဖတ်နိုင်ပါ မဖတ်တတ်ပါ။ ဤစာကို မူလအသံနေ အသံထားအတိုင်း ဖတ်တတ်သော လူမျိုးမှာ ရခိုင်ကိုလည်းမသိ ဗမာကိုလည်း မသိ ရခိုင်စကားပြော၍
မိမိကိုယ်ကို လူဟုသာ အမည်ခံသော မိဘရိုးရာ တောင်စာကို တတ်သော မြောက်ဦးခေတ် စာဖတ်နည်းစနစ်
ကိုတတ်သော ဘင်္ဂလာဒက်ချဲ့ နိုင်ငံ ဗိုလ်မင်းထောင် နှင့် ဖလံထောင် ဒေသနေ ရှေးဟောင်းရခိုင်များနှင့်
အိန္ဒိယနိုင်ငံ မြုံပြည်နေ ရခိုင်သားများသာ ဖြစ်လေသည်။ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်း နှစ်ဆက် အတွင်းပုဂံခေတ် မြန်မာစာ အရေးအသားကို အထူး သတိ ချပ်သင့်သည်မှာ နှစ်ပေါင်း ၂၀ မရှိမှီ ပါဠိ ပါဒ် အနက် ပါမကျန်ရေးတတ်သည်မှာ အံ့ချီး ဖွယ်ရာ ကောင်းလှပါတော့သည်။ပြီး)))ပြီး၀၀)
အက္ခရာရေးနည်းနှင့်အသံထွက်
ရခိုင်အက္ခရာ ရေးပုံရေးနည်းမှာ သင်္သကရိုက် ဘာသာမှ ဆင်းသက် လာသည်။ သင်္သကရိုက် ဘာသာကို ပွားယူ၍
ရခိုင်အက္ခရာကို ဖန်တီး ယူခဲ့ကြသည်။ ဥပမာ သင်္သကရိုက် ဘာသာ၏ (+)အက္ခရာကို ရခိုင်အက္ခရာ (က) အဖြစ်၊
အထက်နှင့် အောက်ကို ဖျက်ကါ အလယ်သား တိတိကို ယူ၍ ရခိုင်အက္ခရာ အဖြစ် အသွင်ပြောင်းလွဲ
ယူနိုင်ခဲ့ကြသည်။ အ အက္ခရာကို မူတည်၍ အသတ်များခွဲကါ အသံထွက်ခြင်း သရ များကို စနစ်တကျ
သုံးစွဲလာနိုင် ခဲ့ကြသည်။ ၁ (တစ်) အစ ၀ (သုည) အဆုံး ဆယ်လုံးသော ဂဏန်း အက္ခရာ ပညာကို သင်္သကရိုက်ဘာသာမှ ဆင့်ပွား ယူနိုင်ခဲ့ကြသည်။ သင်္သကရိုက် (ချင်းချခီးတီး) ဘာသာသည် အသံရှည်၏။ ပါဠိဘာသာနှင့်ရခိုင်ဘာသာမှာ အသံလတ်ဖြစ်၏။ သို့သော် ပါဠိ အက္ခရာ အသံထွက် ထက် ရခိုင် အက္ခရာ အသံမှာ အနည်းငယ်ရှည်လေသည်။ ပါဠိဘာသာ အသံ ထွက်သည် ရခိုင်အက္ခရာ အသံထွက်ထက် ပြတ်သား၏။ သင်္သကရိုက် ပါဠိ နှင့်ရခိုင်အက္ခရာ အသံထွက် သုံးမျိုးတွင် ပါဠိမှာ အကေါင်းဆုံး ဖြစ်လေသည်။ ပါဠိစာ ရေးပုံ ရေးနည်းကို ဟိန္ဒု တို့ဖျောက်ဖျက် ခဲ့ကြသဖြင့် ပါဠိစာ အရေးအသား ကို၎င်း ပါဠိစာ ရေးတတ်သူကို၎င်း မတွေ့မြင် ကြရတော့ပေ။
ပြီး))ဝ
အက္ခရာနှင့်စာပေရေးသားသုံးစွဲ၍ မကုန်နိုင်သောကြောင့် အက္ခရာဟု ခေါ်သည်။ အက္ခရာတွင် ဗျည်းနှင့် သရဟူ၍ နှစ်မျိုးရှိသည်။
ဗျည်း တလုံးသည် မတြာခွဲ (အသံတ၀က်) အသံရှိ၍ သရမှာ တစ်မတြာ အသံရှိလေသည်။ လက်ဖျစ် တတီးကိုတစ်မတြာဟု ခေါ်၍ အသံထွက်သည်။ ဗျည်းမှာ မတြာခွဲ တ၀က်အသံသာ ရှိသဖြင့် အသံ အပြည့်အစုံ မထွက်ပေ။
အက္ခရာ တလုံးချင်းစီ ဖြစ်သော ဗျည်းကို အသံအပြည့် ပါရှိသော သရ အက္ခရာနှင့် ပေါင်းစပ် လိုက်သောအခါ
စာပေ၏ အဆင်း တန်ဆာလည်း ပြည့်စုံ သွားလေတော့သည်။ အသံလည်း ရှိလာတော့သည်။
ရခိုင်တို့၏ က အစ အံ အဆုံး ၃၃ လုံးသော အက္ခရာတို့တွင် ဒီဃ ရဿ ဒြပ် လိင် နတ်စောင့် နက္ခတ်စောင့်
စသည်ဖြင့် အက္ခရာ တလုံးစီ တလုံးစီကို ခွဲခြမ်း စိတ်ဖျာ၍ ပညာရှိတို့က ဆျန်းဝင်အောင် တီထွင်ဖန်တီး
ပေးခဲ့ကြသည်။ ထို့ပြင် ၁(တစ်)အစ ၀(သုည) အဆုံး ဆယ်လုံးသော ဂဏန်း အက္ခရာ သည်လည်း
သင်္သကရိုက်နှင့် တန်းတူ အဆင့်တွင် ရှိလေသည်။ ၁(တစ်) အစ ၀(သုည) အဆုံး ဆယ်လုံးသော ဂဏန်း သင်္ချာအက္ခရာကို အိန္ဒိယ နိုင်ငံပြီးလျှင် ယခင် ရခိုင် နိုင်ငံ တို့တွင်သာ ပထမ သုံးစွဲ ရေးသား ခဲ့ကြလေသည်။ပြီး)))
ပုဂံရောက်ရခိုင် ပုဂံပြည်တွင် အနော်ရထာမင်းသည် ခရစ်သက္ကရစ် ၁၀၄၄-၁၀၇၇ ခုနှစ်ထိ ထီးနန်း စိုးစံခဲ့သည်။ ရခိုင်ပြည်
ပဉ္စာမြို့ခေတ် မင်းဘီလူး ၁၀၆၂-၁၀၆၈ ကို လုပ်ကြံ၍ ကြားမင်း (သာဂီနွယ်မဟုတ်သူ) ၀ရောင်းငှက် သင်္ခယာ ထီးနန်း ရရှိလာသည်။ သာဂီနွယ်ရိုး မင်းဘီလူး ၏သား မင်းရဲဘယ သည် သားတော် လင်္ကျာမင်းနန် ကိုခေါ်၍ နောက်လိုက် တစ်ထောင် ခန့်နှင့် (လူပေါင်း ၇၅၀ ဟုဆိုသည်) ပုဂံပြည် အနော်ရထာမင်းထံ ခိုလှုံလေသည်။
ကျန်စစ်သားမင်း လက်ထက်တွင် လင်္ကျာ မင်းနန်ကို နန်းတင်ရန် ရခိုင်ပြည် ကို တိုက်ခိုက် ခဲ့လေသည်။ ထိုသို့ တိုက်ခိုက်ခဲ့ သော်လည်း ရခိုင် ထီးနန်းမရရှိခဲ့ပေ။ တောင်စဉ် ၇ ခရိုင်ကို သာလျှင် သိမ်းယူ သွားလေသည်။ အလောင်း စည်သူမင်း လက်ထက်မှ လင်္ကျာမင်းနန်မှာ ရခိုင် ထီးနန်းကို ပြန်လည် ရရှိလေသည်။ အနော်ရထာ စောလူး ငရမန် ကျန်စစ်သား အလောင်းစည်သူ မင်းငါးဆက် ၃၅ နှစ်ကြာမျှ ပုဂံပြည်တွင် ရခိုင်သားတို့
နေထိုင်ခဲ့ကြ လေသည်။ပြီး))))
ပုဂံရောက်ရခိုင်စာအရေးအသား ပုဂံပြည်ရောက် လင်္ကျာမင်းနန်နှင့် နောက်လိုက်တို့မှာ ဗုဒ္ဓ၀ါဒနှင့် စာပေကို မပြတ် လေ့လာ ဆည်းပူး ကြမည်မှာ
မလွဲပေ။ ရခိုင်တို့၏ စာပေ ယဉ်ကျေးမှု အလေ့အထ ဗုဒ္ဓဘာသာ ကိုးကွယ်မှု တို့ကို ပုဂံသားတို့ မုချတွေ့မြင်
ကြရမည် ဖြစ်သည်။ အနော်ရထာမင်းသည် သထုံမှ ရှင်အာရဟံ ပုဂံသို့ မရောက်မှီ ကတကဲိုက ရခိုင်သို့
စစ်ချီဖူးလေရာ ရခိုင်သားတို့ ကိုးကွယ်သော ဗုဒ္ဓဘာသာနှင့် မိမိတို့ ကိုးကွယ်သော ကါမကို အလျှူခံသော
အရည်းကြီး ဗုဒ္ဓသာသနာ တို့၏ ကွဲပြား ခြားနားမှုကို တွေ့ခဲ့ရမည်ဖြစ်သည်။ ပုဂံခေတ်တွင် ပုဂံနှင့် မဇ္ဈိမဒေသသည် ကူးလူး ဆက်ဆံမှု မရှိသည့် အတွက် စာပေရေးသားရာ၌ မြောက်ပိုင်း ဗြဟ္မီ အက္ခရာအစား ပျူစာကိုသာလျှင် အဓိက ရေးသားသုံးစွဲ ကြလေသည်။ ထို့ပြင် ပျူခေတ်နှင့် ပုဂံခေတ်တွင် ရေးထိုးထားသော ကျောက်စာများမှာ ရခိုင်ပြည်ရှိ ကျောက်စာများထက် နောက်ကျကြောင်း ပညာရှင်များ လက်ခံထားကြသည်။ ဤနေရာတွင်
တခုသတိ ထားသင့် သည်မှာ မွန်ထက် ဗမာသည် ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုမှာ စောနေခြင်းပင်
ဖြစ်ပါသည်။
ပုဂံသားတို့သည် ယဉ်ကျေးမှု မြင့်မားသော ရခိုင်တို့၏ စာပေ ယဉ်ကျေးမှု အတတ် ပညာကို အတုယူ၍
စာပေရေးသားမှု တိုးတက်လာသည်။ ထို့ကြောင့် လေးလုံးစပ် ဖြစ်သော တူရွင်းတောင် ကဗျာနှင့် အနန္တသူရိယ
အမတ်၏ မျက်ဖြေ လင်္ကါ အဆုံး စာပေရေးသား ဖွဲ့နွဲ့ပုံမှာ ရခိုင်၏ ဖ့နွဲ့ွဲပုံနှင့် အတူတူပင် ဖြစ်ပါသည်။ ပျူခေတ်
ပုဂံခေတ် မင်းနှင့် ပြည်သူ တို့၏ နာမည် ပေးပုံစနစ်မှာ ရခိုင်နှင့် အနီးစပ်ဆုံး တူလေသည်။ ဤပုဂံခေတ်တွင်
အစပြု၍ ပျူ နာမည်ပေး နည်းစနစ်မှ ရခိုင်တို့၏ နာမည်ပေး နည်းစနစ်ကို အတုယူကါ ဗမာတို့ နာမည်ပေး
လာကြသည်ကို တွေ့ရလေသည်။ ပင်းယ အင်းဝ ခေတ်တွင်မူ ရခိုင် နာမည်ပေးပုံ စနစ်နှင့် ဗမာနာမည်
ပေးပုံစနစ်မှာ အတူတူလောက် နီးပါးဖြစ်လာလေသည်။ အင်းဝခေတ် နာမည်ကြီး ပုဂ္ဂိုလ်များဖြစ်သော
ရှင်မဟာရဌသာရနှင့် ဘုရင်မင်းခေါင် တို့မှာ မြောက်ဦး မြို့တွင် ပရိယတ္တိ စာပေ သင်ကြားခဲ့ဖူးကြောင်း
အထောက်အထား ရှိနေသည်။ ဗမာမင်း အဆက်ဆက်သည် မွန်တို့ထံ၌ ပညာဆည်းပူးကြောင်း သမိုင်းတွင်
မတွေ့ရပေ။
ဗမာတို့သည် ပုဂံခေတ်မှစ၍ ရခိုင်နှင့် ပျို့ ကဗျာ လင်္ကါ ရကန် ရေးဟန်များမှာ အတူတူပင်ဖြစ်သည်။ သို့သော် ဝေါဟာရ မကြွယ်သော ဗမာတို့မှာ ကန်းပိုင်ကို ကန်ပိုင်ဟု ရေးသည်မှအပ အသံထွက်မှအစ ကွဲပြားမှု မရှိပေ။
ပုဂံခေတ် စာပေ ယဉ်ကျေးမှုထက် စောစီးစွာ ပျို့ ကပျာ(ကဗျာ) လင်္ကါ အဲ အံ သာခြင်း နှင့်တကွ အဘက်ဘက်မှ စာပေ အရေး အသား ပြည့်စုံပြီး ဖြစ်နေသော ရခိုင်စာပေကို ဗမာတို့ မသိကျိုးကျင်ပြု၍ မြန်မာစာကို မွန်တို့ထံမှ
ရသည်ဟု ဆိုကြလေသည်မှာ ပြောအားရှိ၍ ပြောခြင်းသည်သာ ဖြစ်ပါပေလိမ္မည်။ မင်းဘီလူး နန်းကျ အေဒီ ၁၀၆၈မှ လင်္ကျာမင်းနန် နန်းရသည့်နှစ် အေဒီ ၁၁၀၃ ထိ ကြားကါလ ၃၅ နှစ်အတွင်း ပုဂံတွင် ရခိုင်သားတို့
နေထိုင်ခဲ့ကြသည်။ ရခိုင်ပြည်မှ လူတထောင်ခန့် ပုဂံတွင် ၃၅ နှစ်တိုင် နေထိုင်ခဲ့ ကြသည့်အတွက် လူမှုရေး
နိုင်ငံရေး စီးပွားရေး ဘာသာရေး တို့မှာ တနည်းမဟုတ် တနည်းနှင့် ဆက်နွယ်မှု ရှိခဲ့ကြမည် ဖြစ်သည်။
ထိုအချိန်က ပုဂံတွင် စစ်မှန် သော ဗုဒ္ဓအယူဝါဒ ထွန်းကားစ ပြုနေရာ ဗုဒ္ဓ၏ စစ်မှန်သော အယူဝါဒ ရှိသော
ရခိုင်လူမျိုး တို့ကို ပုဂံသားတို့ အလိုရှိကြမည်မှာ မလွဲပေ။ ပျူစာမှ မြမ္မာစာသို့ အကူးနှစ်ပေါင်း ၂၀ ကျော်
အတွင်းတွင် မြစေတီ ကျောက်စာကို ရေးခဲ့သည်။ ဤသို့ ရေးနိုင်သည်မှာ ရခိုင်သားတို့ ကြောင့်ပင် ဖြစ်သည်။
မြစေတီကျောက်စာတွင် ပျူစာ မွန်စာ ပါဠိ (မြမ္မာ)စာ မြမ္မာစာ လေးခုနှင့် ရေးထိုးထားရာ မြမ္မာဘက်သည် ရခိုင်ကို ကိုယ်စားပြု၍ ရေးထိုးထားသော စာသာ ဖြစ်လေ သည်။ပြီးး))))
စာပေနှင့်ကိုယ်စားပြုမှု မည်သည့် စာပေမဆို လူမျိုးတမျိုးကို ကိုယ်စားပြုလေသည်။ ထို့ပြင် လူတန်းစား တရပ် ကိုကိုယ်စား
ပြုပြန်လေသည်။ ထို့ပြင် လူတစု တဖွဲ့ တဂိုဏ်း ကိုကိုယ်စား ပြုပြန်လေ သည်။ စာပေသည် လူမျိုးတမျိုး၏
အဆင်းတန်ဆာနှင့် တူသည်။ စာမျိုးစုံကို လူတဦးတည်း မရေးသားနိုင် ပညာရှင်သည် မိမိအားသန်ရာကို
ဦးစားပေး၍ ရေးသားကြလေသည်။ ပညာရှင် တို့သည် ပျို့ ကဗျာ အဲ အံ စသော အဖွဲ့ အနွဲ့မျိုးစုံဖြင့် ထိုလူမျိုး၏
စာပေ ယဉ်ကျေးမှု နှင့် လူ့ယဉ်ကျေးမှုကို ရှေ့ဆောင်မှု ပေးလေသည်။ စာပေကို လူတန်းစား တရပ်၏
ရှေ့ဆောင်မှု အောက်တွင် ထားရှိလာသော အခါ ထိုလူတန်းစားကို ကိုယ်စားပြုသော စာပေနှင့် ယဉ်ကျေးမှု သာ ထွန်းကားလာသည်။ စာပေကို လူတစု တဂိုဏ်း တဖွဲ့တို့က ချုပ်ကိုင်လာသော အခါ၌မူ ထိုလူတစု၏
ကောင်းကျိုးရေးကို ရှေးရှုသော ကိုယ်စားပြုသော စာပေနှင့် ယဉ်ကျေးမှု သာ ထွန်းကါး လာတော့သည်။ ပြီး))))
ဗမာတို့၏ ဘာသာပြန်ခြင်းနှင့် စာပေရေးသားခြင်းစနစ်
စာပေတခုကို စာပေတခုသို့ အနက် အဓိပ္ပါယ် ပြည့်စုံအောင် ဘာသာ ပြန်မှသာလျှင် လူအများ
နားလည်မည်ဖြစ်သည်။ မရမ္မ ရတ္ထေ ။ မရမ္မ မြန်မာတို့၏ ရတ္ထေ တိုင်းဌာနေ၌ ဟူ၍ ဘာသာပြန်ပါသည်။
ဤဘာသာ ပြန်ခြင်းသည် လူများ နားလည်မှု မရှိအောင် ဘာသာပြန် ထားခြင်းဖြစ်သည်။ မရမ္မ ရတ္ထေ။ မ ငါ၊ရမ္မမွေ့ခြင်း၊ ငါမွေ့ခြင်း၊ ငါဟူသော အတ္တဘော၌ သိမ်မွေ့သော နေရာသည် နှလုံးသာရှိသည်။ ထို့ကြောင့် မရမ္မ ပုဒ်ကို နှလုံးသိမ်မွေ့ ညူးညံ့သော လူမျိုးတို့ ရတ္ထေ နေထိုင်ရာတိုင်းပြည် ဒေသ၌။ ဟူ၍ဘာသာပြန်မှ သာလျှင် အမှန်နှင့် အနီး စပ်ဆုံး ရှိလိမ္မည်။ ထို့ပြင် ကျောင်းသုံးစာအုပ်၌ တရံရောအခါ ဘုရင်မင်းထီး သည်ဟု အစချီ၍
ရေးထားပါသည်။ လူမျိုးလည်းမပါ။ တိုင်းပြည်လည်းမရှိ။ အကြောင်းအရာလည်း မပြည့်မစုံ။ ဤသို့ရေးသည်မှာ
မူလကို ဖျောက်ဖျက်လို၍ဖြစ်သည်။
ခရစ်သက္ကရာဇ် ၁၂၈၃ ခုနှစ် ဓည၀တီ ရခိုင်ပြည်တွင် လောင်းကြတ်မြို့ကို အစိုးရသော ဘုရင် မင်းထီးသည် ဟုရေးလျှင် ရခိုင်သားဟု သိမည်ကိုစိုး၍ မရေးခြင်း ဖြစ်သည်။ ဤသို့ဘာသာပြန်ခြင်းနှင့် စာပေရေးသားမှု
စနစ်သည်သာလျှင် ဗမာပြည်၌ ရှိနေရာ ဗမာတို့၏ လျို့ဝှက်ထားသော လူမသိစေလိုသော အကြောင်းအရာပေါင်း များစွာရှိနေ သေးရာ ကြည့်တတ်သောသူ ရှာတတ်သောသူ သာလျှင် တွေ့ပါလိမ္မည် မြင်ပါလိမ္မည်။ပြီး)))
ဗမာတို့၏စာပေရေးသားမှုပုံစံစနစ် ဘိုးတော် သိကြားမင်း ကြီးသည် နတ်ပြည်သို့ နတ်သားအရောက် နဲသည်ကို အကြောင်း ပြု၍
အောက်ရပ်လူ့ပြည်ကို ကြည့်လေလျှင် ဒါန သီလ ဘာဝနာ ကို ကျင့်ကြံသူတို့ ကို မတွေ့ရှိလေရကါး
စိတ်ပျက်လျှက် နတ်သဘင်ပွဲတွင်သာ အမှုမဲ့ အမှတ်မဲ့ ပျော်ရွင်လျှက် ရှိနေလေသည်။
ထိုသို့သော အချိန်၌ သုံးယောက်သော လူသည် သေဆုံးလျှက် မည်သည့်နေရာဘုံသို့ သွားရမည့် လမ်းကိုမသိဘဲ
ရှိနေလေ၏။ ထိုအကြောင်းကို ငရဲ မင်းကြီးသည် မြင်လေသော် ထိုလူတို့ကို ခေါ်ယူ၍ ဤ သူသည်ကါး နတ်ပြည်
ဤသူသည်ကါး ငရဲပြည် စသည်ဖြင့် ထိုသူတို့ နှင့် တန်သော ဘုံကိုသိနိုင်ရန် မေးမြန်းစစ်ဆေး လေသည်။
ငရဲယမမင်းကြီးသည် တယောက်သောလူကို ခေါ်၍ အမောင် သင်သည် လူ့ရပ်ရွာ၌ အဘယ်သော
ကောင်းမှုကိုလုပ်၍ အသက်မွေးခဲ့သနည်း။ ဟုမေးလေ၏။ထိုယောင်္ကျားလည်း အရှင် ယမမင်း အကျွှန်သည်ကါး မကေါင်းသော အသက်မွေးမှု မရှိပါ။ နွားမွေး၍ ဖြူစင်သော နို့ရည်တို့ကို ရောင်းချ လှုတန်း၍ အသက်မွေးပါသည်ဟု ဆို၏။ ဤစကါးသည် အမှန်ပင်လော တရားလို သက်သေထွက်မည့်သူရှိသလော။ ဟုဆိုလေလျှင်
နွားမတကေါင်သည် လာလတ်၍ အရှင် ယမမင်း ဤသူသည် အကျွှန်ုပ်မ၏ နို့ကိုရောင်း၍ အသက်မွေးပါသည်။
ဤအကြောင်း ကြောင့် ပင်လျှင် နို့ကိုလုံလောက်စွာ မစားသုံးရသော အကျွှန်ုပ်မ၏သား သေဆုံး ရပါသည် အရှင်။
ဟုဆိုလေသောအခါ ယမမင်းလည်း သူတပါး မျက်ရည်စာနှင့် အလျှူ လုပ်သည်ဟု ဆိုကါ ငရဲအိုးသို့
ပစ်ချလေသည်။ ဒုတိယသော လူကို ခေါ်ယူ၍ မေးပြန်လေ၏။ အရှင် ယမမင်း အကျွှန်သည်ကါး ပျားရည် ရောင်း၍
အသက်မွေးပါသည် အရှင်။ လူကေါင်း ရှင်မွန် လူနာ ရောဂါသည် တို့ပါမကျန် ပျးရည်ကြောင့် အသက်ချမ်းသာရာ
ရပါသည် အရှင် ပျားရည်ကိုလျှူ၍ ဒါနလည်း လုပ်ပါသည် အရှင်။ ဟုဆိုလေလျှင် ယမမင်းလည်း တရာလို
သက်သေ ရှိ၏လော ဟုဆိုသော အခါ ပျားတို့သည် လာလတ်၍ အရှင်ယမမင်း ပျားအုံကို မီးတိုက်၍
ပျားရည်ကိုယူပါသည်။ လူ့လောက၌ ဆေးသတ် ပျားဖွတ် နွားသင်းသတ် လူသတ်အမျိုး မယားခိုး ဟူသော
အပြစ်ကြီး ငါးမျိုးထဲမှ တခုသော မကောင်းမှုနှင့် အသက်မွေးသူသာ ဖြစ်ပါသည် အရှင်ဟုဆိုလေလျှင် ယမမင်းကြီး
သည်လည်း သူတပါးအသက်ကို သတ်၍ ကေါင်းမှုလုပ်ခြင်းသည် ကုသိုလ်မဖြစ် အကျိုးမရှိ ဟုဆို၍ ပျားရည်
သမားကို ငရဲအိုးသို့ ပစ်ချလိုက်လေသည်။
ထို့နောက် တတိယ လူကိုခေါ်ယူ၍စစ် ဆေးပြန်၏။ အရှင်ယမမင်း အကျွှန်သည်ကါး သူရာ မည်သော အရက်ကို ရောင်း၍ စားလည်းစား ကုသိုလ်ဒါနလည်း လုပ်ပါသည် အရှင်။ ဟုဆိုလေ၏။ ထိုအခါ ယမမင်းကြီးက ငါတို့သုံးစွဲသော သူရာ အရည်လော ဟုမေးလျှင် မှန်ပါသည် အရှင် ဟုဆိုပြန်၏။ ထိုသောအခါ ယမမင်းကြီးလည်း ငါတို့သုံးသော သူရာအရည်၌ အပြစ်ရှိမရှိ သူရာအရည် ရောင်းသော ဤသူအပေါ်၌ အပြစ်ရှိမရှိ သိနိုင်ရန် တရားလို သက်သေကို ခေါ်လေသည်။ ယမမင်းကြီးထံသို့ သူရာအရက် မကောင်းကြောင်း သက်သေ ခံရန် တဦး
တလေမျှ ရောက်မလာ တရားခုံရုံးသည် ငြိမ်သက်နေ၏။ တကြိမ် နှစ်ကြိမ် သုံးကြိမ် တိုင်ခေါ် သော်လည်း
သက်သေ ထွက်ရန် တဆေး နှင့်ဆန်တို့ ရောက်မလာသည့် အတွက် ထိုသူကို ငရဲယမမင်းကြီးသည် နတ်ပြည်သို့
သွားသော ရထါးပေါ်၌ တင်ပို့ပေး လိုက်လေ သည်။ ဤအရေး အသား အကျင့် မူလ စာမျိုးကိုသာလျှင် ဗမာပြည်၌
အတွေ့ရများလေသည်။ ပြီး))))
စာပေနှင့်အရသာ အီတလီ လူမျိုးတို့သည် ဒန်တီကာပူတို ရေးသော ဒီဗိုင်းကူမီတီ ၏ အရသာကို ခံစား တတ်ကြမည် ဖြစ်သည်။
ထို့အတူ အသျှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းပျို့ကို ဗမာတို့ အရသာ ခံစားတတ် ကြမည်ဖြစ်သည်။ ဗမာသည်
ဒန်တီ၏စာပေကို အီတလီ တို့လောက် မခံစားနိုင်သလို အီတလီ တို့သည်လည်း နေမိဘုံခန်း ပျို့ကို
ဗမာတို့လောက် ရသမြောက် မခံစား နိုင်ပေ။
မိမိလူမျိုး၏ အယူအဆ အတွေးအမြင်နှင့် ပြည့်စုံသော စာပေ၏ အရသာ ကိုသာလျှင် မိမိတို့ ကိုတိုင် ရသမြောက်
ခံစားနိုင်လေသည်။ စာပေတခုကို ဘာသာ တခုမှ ဘာသာတခုသို့ ဘာသာပြန် ကူးပြောင်းရာ၌လည်း
ဆီလျှော်အောင် ဘာသာပြန်ခြင်းနှင့် ရသမြောက် ခံစား ဘာသာပြန် ခြင်းတို့မှာ လွန်စွာ ကွဲပြား ခြားနားလေသည်။
လူမျိုးတမျိုး၏ စာပေကို ဘာသာခြား စာပေတခုသို့ ရသမြောက် ခံစား ဘာသာ မပြန်နိုင်ပါက ထိုလူမျိုး အတွက်
မည်မျှပင် ကောင်းစေကာမူ တခြားလူမျိုးအတွက် ရသမြောက် ခံစားမှုကို မပေး နိုင်ပေ။ပြီး)))
စာပေနှင့်ကျမ်းကိုးမှု
အများနှင့် သက်ဆိုင်သော စာပေများကို ရေးသားရာ၌ ကျမ်းအကိုးအကါး လိုအပ် လေသည် သို့သော်
မိမိကိုးကါးသော ကျမ်းများ၏ မှား မှန် ကိုလည်း သိရန်လိုအပ်လေသည်။ စာပေရေးသား ပြုစုသူသည် အပျော်ဖတ်စာ မဟုတ်သော အများနှင့် သက်ဆိုင်သော စာပေ ရေးသားရာ၌ ရေးသားသော ပုဂ္ဂိုလ်သည် အဂတိတရား ၄ပါး ကင်းရှင်းရန် လိုအပ်လေသည်။ သို့မှသာလျှင် ကျမ်းပြုသူရော ကိုးကါးသူပါ အပြစ်ကင်းလျှက် စာဖတ်သူများ၏
အားကိုးခြင်း ယုံကြည်ခြင်းကို ခံရပေလိမ္မည်။ စာအုပ်တအုပ်၏ အမှားနှင့် အမှန်ကို တနေ့မဟုတ် တနေ့
စာဖတ်သူသည် သိရှိလာပေလိမ္မည်။ သာဓကအားဖြင့် ထွန်းရွှေခိုင် ရေး ရခိုင်ထီးဆက် နန်းဆက် သမိုင်း
စာအုပ်မှာ တင်ပြစရာ ဖြစ်ပါသည်။ ဤစာအုပ်ကို ရေးသူက အကြောင်းအရာ သက္ကရာဇ် တချို့ အနည်းငယ်
မှားသည်။ ထိုအမှားကို စာပေစီစစ်ရေးမှ ဆောင်းပါး ပထမဆု ပေးလိုက် ခြင်းသည် ဆုရွေးချယ်ရေးအဖွဲ့၏
အရည်အချင်းကို ပြသရာရောက် ပေသည်။ ထို့ပြင် ဒေါက်တာ စံသာအောင်၏ THE MOG OR THE MAGH OR
THE ARAKANESE OF BANGLADESH ဆောင်းပါးတွင် တြိပူရ ပြည်တွင် အခြေချသော ပင်မအုပ်စုမှာ
မရမာကြီးဟု သိထားကြသည်။ ထိုအုပ်စုမှ တချို့တို့မှာ တြိပူရသို့ မသွားဘဲ ဘင်္ဂလီပြည် အရှေ့ပိုင်းတွင်
နေထိုင်ပြီး မြို ဟူ၍ ထင်ရှားသည်။ (မရမာကြီး မှ မြို ဖြစ်သွားသည်)။ ကျွှန်ုပ်ဆိုလိုသည်မှာ ကမ္ဘောဇတို့မှာ
ရခိုင်ပြည်က ဒုက္ခသည်များ ဖြစ်သည် ဟူ၍ပင် သူတို့ကို ယ္ခုအခါ မရမာကြီး သို့မဟုတ် မရမာ လူမျိုးဟူ၍
လူသိများနေ ကြသည်။(မရမာကြီးနှင့် မရမာ သည် အတူတူဟု ဆိုလိုသည်။)
တိုင်းပြည်နှင့် စာပေကို ဖျက်ဆီးရာ၌ အခြေခံ လူတန်းစား ဆင်းရဲသား စာမတတ် သူများ ဖျက်၍မပျက်။
ပညာရှင်များဖျက်၍သာ တိုင်းပြည်နှင့် စာပေပျက်စီး လေသည်။ စာပေ ရေးသား ရာတွင် သိလျှက်နှင့်
အမှားရေးခြင်း မသိ၍အမှား ရေးခြင်း ငွေကြေး စားသောက်စရာ ပူပင်စရာ မလိုဘဲနှင့် အမှားရေးခြင်း ငါဟူသော အတ္တမာနတက်၍ အမှားရေးခြင်းတို့သည် မိမိ လူမျိုး တိုင်းပြည်နှင့် စာပေကို ဖျက်ဆီးခြင်းပင် ဖြစ်လေသည်။
ဥပမာ ရခိုင်ဝေါဟာရ အဘိဓါန် ကိုကြည့်ပါ။ မိမိလူမျိုး ၏ မိခင်ဘာသာစာ ဖြစ်သော မရမာဘာသာ ဟုခေါ်သော
မြမ္မာစာကို ဗမာကို အပိုင်ပေးလျှက် ရခိုင်စာကိုမူ ပါးနပ်စွာ အသစ်ထွင် ရေးထားသည်ကို တွေ့ရပါလိမ္မည်။
ထို့ကြောင့် အဂတိတရား ၄ ပါး မလွတ်သော စာတို့ကို ကျမ်းကိုးကါးရန်မသင့်ပေ။ပြီး))))
ရခိုင်စာပေအရသာ
အပိုဒ်(က)
ရကန်သုံးပုဒ်
၁။ သိန်ကန်မိန်တွင် ဆယ့်နှစ်ခွင်ကို လွမ်းပင်စည်မြင့် ကြာရှည်တာအကူး တပေါင်း မင်းလွင် ရွက်ဟောင်းကြဉ်
လေမြူးက ပြတ်ဖွယ်နူး စီးသွယ်ဖြာ မတတ်သာချေ ဤထွေထွေကို ကြည့်လေသမျှ သာတည်း၊ ပင်တိုင်းမှာ
ရွက်ဟောင်းကြွေ လေပြင်းခတ်လစ် ပုရစ်ဝေေ၀နှင့် ငှက်ရွှေ မောင်နှံစုံနွဲ လည်ခြင်းချက် ပန်းနှစ်ခက်ကို ယူလျှက် နုတ်ဝယ်ငုံ၍ စာခွန့်တုံ ရွှင်နှစ်လို့ တထူးထွေလာ ဘာသာလူလို မကိုနုတ်နှင့် တို့၍ ဤသို့ချစ်ဖွယ်ဆင် ရာသီခွင် ဆယ့်နှစ်လမ်း ငြမ်းလို့အညီ မိဂသီပင် ရှေ့ဆီမြင်သော် စက်ခွင်မှာ ယောင်ယမ်းခဲ့ ထောက်လှမ်း မစာနာ ပညာအထု မြတ်သူ့ကြည့်မှန် ကြားလေဟန်မှု သူရတန်မင်း ၏သွေး ဒံရမာဇလီ ဒူရဘီနှင့် ချစ်ညီ တူကြရေးကို
နောက်မေး မလျှောက်လို နေလည်းနှစ်ဆင့် နှစ်ပါးစုံညီ မဒ်္ဒီ ရှေးအဟိုတို့ တောင်ကျွှန်းညို လောကဓါတ်
တိုင်းမဇ္ဇျိမာ ယင်းကဖြာသည် ရာဇာမျိုးရိုး မြတ်၏ ဆက်မပြတ် သိမ်းယူစံ ဘေးကအဆက် နွယ်မပျက်သည်
ကနက်ဖြန့်ကါစံ၏ ရှစ်တန်ပလ္လင်ရိုး ဘိုးကဆက်ခံ ဘနန်းစံသည် နန်းရံတို့ အမျိုးတည်း ကတိုးအနံ့လို သင်းပြန့်
မွေးကြိုင် ရှစ်ရပ်လှိုင်သည် မဏ္ဍိုင် ချက်မြုတ်သို့ ထက်ပြည်နဂိုရ် ဝေသာလီ ဓညနှစ်ခန်း နှစ်ပြည်မှန်းသည် ထီးနန်း အလီလီတည်း မျိုးသာဂီ စဉ်မပျက် နှစ်ဟောင်းရှည်ကြာ မဟာနွယ်ရိုးတက်၏ မယှက်မနှောပြီ ရှစ်သောင်းအချာ ဆက်ကါစိုးစံ နန်းရံမေ့ဌာနီသို့ ရာသီမစွန်းခင် အောင်စည်ရွှမ်း၍ စက်ဝန်း ဖြန့်စေချင်သည် နောက်ခွင်ကြာလွန်းစွ တကါးလည်း။
၂။နောက်ခွင်ကြာလွန်း ရာသီစွန်းလျှင် ရစ်သန်းလှည့်ကါ ရှစ်ဖြာ အုံးလာကြိုး အာဏာတိမ်းညွတ် ပြိုးလတ်ဘိသွင်
မယ်လျှင်လက်စုံမိုး၍ ကြောက်စနိုး ညိုးမျက်နှာ လက်ရွှေဖြန့်ထား သိကြားကို လျှောက်မှာ၏ တောင်ညာ
မဟေသွေး နှစ်ပါးမောင်စုံ ဘုန်းရိပ် လှုံသည် ပဒုံ ကြာနံ့မွေး၏ ချစ်ကြွေးမတင်ခင် ဆယ့်သုံးနှစ်ဝယ် ငယ်ရွယ်တုန်းကပင်တည်း ဘနတ်ရှင် လောင်းဘုရား ခြားဝမ်းမကွာ ရင်းချာ မောင်နှစ်ပါးကို ပေးမြား စုံလျှားတင် လက်ထပ် ရေသွန်း ဆယ့်နှစ်ခန်းမူ ထူးဆန်း သဘင်ဆင်၍ ချစ်ကြိုးမျှင်ခွေရစ်ပတ် န၀ရတ်စီ သိင်္ဂီ အိမ်ရှေ့နတ်နှင့် စိန်ချယ်သတ် အလယ်တွင် မောင်းမများမြောင် တထောင်မက စံကြ တုန်းကပင်တည်း သုံးနှစ်ဝင် ရာသီမှာ
ကုလားနေပြန် သူရတန်က အားအန် ပြတုံလာ၍ ခွန်ဘဏ္ဏာ ဆက်မသွင်း ဥပရာဇ်ရှင် မယ့်ထိပ်တင်ကို
အလျှင်ချီစေလျှင်ဟု သောင်းတွင် ဇမ္ဗူပိုင် အာဏါ မိန့်မြတ် ဘခင်နတ်က အမတ်တထောင် များမြောင်
လက်နက်ကိုင်နှင့် တောင်မဏ္ဍိုင် ပြိုခမန်း ဆင်မြင်းစစ်ခြေ ပင့်တင်ဝေသည် ဤမြေ သိမ့်သိမ့်ကျန်းမျှ
အိမ်ရှေ့နန်းသခင် နန်းတော်ကမူ စတူရာပါဒ် နက္ခတ်အထွန်း ကျီကန်းတာရာ ဟသာင်္ အကွက် စစ်တက်
ချီသည်လျှင်တည်း နောက်ခွင်မောက်သူဇာ ခရိုင်တလွှား အပိုင်စားသည် စပ်ကြား သုံးနှစ်ကြာခဲ့ တောင်တာကို
ချင့်တွက်ပြန် မယ်တို့စံမြန်း ရွှေဘုံနန်းနှင့် ဂဏန်းသင်္ချာ ယူဇနာမူ န၀ါဒသမှန်၏ လျှင်မြန် စေကြောင်း
ဆုတောင်းဆုယူ သိမ့်သိမ့်ဆူသည် ချင်းလူအများ အပေါင်းတည်း နန်းလောင်း မယ့်သ္ခင် အောင်ပန်းစိုက်ထောင်
ဘုန်းခေါင်ပြန်စေချင် လျှောက် တင်ခါ ပန်းစွ တကါးလည်း။
၃။ လျှောက်တင်ခါပန်း ရာသီဆန်းလျှင် နန်းမြင့်အောင်မြေ ဆယ့်နှစ်ထွေ ရစ်သန်းမြူး မောက်သူဇာသည် ဒါကါ
ကမ်းထိပ်ဦးမှ ကျေးဇူး ဂုဏ်ရှစ်တန် အမတ်လိမ္မာ ထိုမြို့ရွာတွင် အာဏါ သုံးခြဲ့ပန်မှ ပြောင်ဆန္ဒန် မာတင်ရိုး
ထွက်လျှင်မပြန် မလှန် တို့မင်းမျိုးတည်း ကောင်းဆိုး နှစ်ပါးတွင် ရိပ်ခြေအပြင် သခင်သီရိပင်ဟု ပညာရှင်
ထိမ်းအုပ်မှ မြို့ပြကျေးရွာ သာယာစဉ်ပင် လှ၏ မင်းယောင်္ကျား ဓမ္မတာ ပညာမဲ့နက် ညံကစက်သော် ပြည်ထက်
မထား ရတည်း ရှေးကျမ်းလာ ထုံးစာဟောင်း ကျိုးကြောင်းသိပြန် ဘွဲ့မှန် အမတ်ကေါင်းကို နောက် တကြောင်း
ကုလားရွာ အပိုင်အပ်ပြီး စစ်သူကြီးဟု စောစီးထားခဲ့မှာ၏ ဘရာဇာမိန့်တော်မြတ် ဦးထိပ်ရွက်ပန်
နန်းရံအိမ်ရှေ့နတ်ကို ရိုညွတ် လျှောက်ထားတင် ရာသီပြောင်း၍ မိုးနှောင်း ကါလ ဆောင်းစ အကူးတွင် များဖျင်စစ်
ဗိုလ်ခြေ ထိုမြေတ၀က် လက်နက် ထားခဲ့စေဟု မြောက်လေ ဖြူးလာလျှင် ဘရာဇာ မိန့်တော်အင်
ဦးထိပ်ပန်ရွက်ဆင်၍ ရှေ့လာလျှင် နောက်လာကေါင်း လုံးပေါင်းရှုမျှော် ညာဏ်တော်သာ အကြောင်းတည်း
လောင်းဥပရာ ကြည်း ရေ တင်းကြမ်း မြစ်လမ်းနှစ်ဘက် မှာလည်း နေ့မခြားအထပ်ထပ် ရက်စပ်စေ့ကျွှမ်း
ရောက်လာ ပြန်သော် အမှန် မယုံလတ်ခဲ့ နောက်ရပ်ပိုက်သခင် ဟေမန်အကူး ရဲမှုး စစ်အောင်မြင်သည်
ရောက်တင်ကြာနန်း တကါး လည်း။
ရခိုင်ပြည် ဝေသာလီခေတ် သီရိစန္ဒရားမင်း လက်ထက် အေဒီ ၅၉၅-၆၆၇ ခုနှစ်တွင် သင်္ဂစန္ဒရား မင်းသားထံသို့
သုဝဏ္ဏဒေ၀ီ မင်းသ္မီး ရေးပို့ခဲ့သော ရကန်သုံးပုဒ် ဖြစ်သည်။ပြီး))))
အပိုဒ်(ခ)
သားဖွားကြံ (ပေမူအတိုင်း)
ဇယ်ယန္တု ဘဒ္ဒဂတ်မေ ဤသှည်ကမ္ဘာ ပေါ်ဥစွာက ဗြဟ္မမွေငြား လူအများတိုဝ့် မှတ်သားစေဘိုဝ် ဤသှည်ပျိုဝ်က
တပေါင်းတန်းခူး နွေဥကဆုံ သှ်သုံလတွင် မွေပါသားမှာ သွှိအကိုဝ် မြှုတ်ထား အချင်းတောင်ဘက်ရပ်မှာ
မြှုတ်ဗါသော်မူ သေအမ့်ဟူ၍ မြောက်သှိုဝ်မြှုတ်မု များစွာထိုမှ ချမ်းသာရ၍ အရိဘက်မှာ မြှုတ်သောခါမု ပညာဟိထ
ကေါင်းချိရာ၍ အနောက်ဘက်မှာ မြှုတ်သောခါကါး ညှစ်စွာလူညစ် သူမစ်ဖြစ်အမ့် ဏံယုံဝါဆိုဝ် ၀ါခေါင်ထိုဝ်မှ
ယင်လည်လတွင် မြင်သှော်သားများ သှိအာကိုဝ်မြှုတ်ထအချင်း အဏောက် ဘက်မူ မြှုတ်သည်သူကား သီစုံမချွှတ် မြောက်အရပ်သိုဝ် မချွှတ်မြှုတ်ငြား ပညာများအမ့် အရှိဘက်မုံ မြှုတ်သှ်သူကား စီးပွားချမ်းသာ ရတိုဝ်ရာ၍
တောင်ဘက်မြှုတ်မူ သစ်မစ်ဟူ၍ တော်သလင်းဝါကျွှတ် တန်ဆောင်ဗူ သှ်သုံလတွင် မွေသှ်သူအား
မြှုတ်သှည်အချင်း တောင်သိုဝ်မြှုတ်မူ သီအမ်ဟူ၍ မြောက်သိုဝ်မြှုတ်ထ ချမ်းသာရအမ် အနောက်မြှုတ်မူ
ပညာဟိခြင်း သု့ထက်တင်လှ အရှေိသို့မြှုတ်မူ မြှုတ်သှည်သူကား လူမုံသူညစ် မစ်သှည်ဖြစ်အမ် နတ်တော ပြာသိုဝ် ထိုသှည်မလွှ တပိုဝ်ထွေတွင် မြင်သှည်သားများ သှိအကိုဝ် တချိုဝ်ဆိုဗိမ့် မြှုတ်ထတလျှဲင် ထိုအချင်းကား
ရှေိဘက်မြှုတ်မုံ သီအမ့်ဟူ၍ တော်သှိုဝ်မြှုတ်မုံ သူမစ်ဟူ၍ အနောက်သှိုဝ်မြှုတ်မုံ ချမ်းသာများထား စီးပွားရအမ်
မြောက်သှိုဝ် မြှုတ်မုံ ပညာများဘိ ကေါင်းကျိုဝ်ဟိလှ မှတ်ဘိစိုင်လှာ သှည်ပျိုဝ်မှာကို မှတ်ကြလေဗါ ကုံသှတည်း။
သက္ကရာဇ် သျှစ်၀၄ ကဆုံလ တေလောက်တွင် ကျန်ထိုဝ်စာ ပြီးည္စီ၍ လ သခင်သုမြတ်မျှ တ် ဤစာရွိရသော
အကျိုဝ်က ပိတကတ် သုံပုံ ပိတင်လည်ပုံ ကြားက မချွှတ် မြင်ကမလွှတ် တတ်ရလိုဝ်သှေိုဝ်။ပြီး))))
အပိုဒ်(ဂ)
ဝေသန္တရာဖွားတော်မူခန်း(ပေမူ)
ထိုသို့လက်စုံ လျှောက်လေတုံသော် ရွှေဘုံစိုးနှင်း သိန်းစည်းမင်းလည်း လျှင်ပြင်း စောစွာ မကြာရစေ
များထွေမတ်ပေါင်း သောင်းသောင်းရံခါ သားဖွားရာဟု အိမ်သာဆော်လှော် ဆောက်ပြီးသော်လျှင် လူ့ဖေါ်ထင်ရှားမိဖုရားလည်း ရွယ်များရံခါ ထိုအိမ်သာသို့ သာယာလျှစ် လျူ တက်တော်မူ၍ ၀ှန်းသူတန်ခိုး ဟိုးဟိုးကျော်သောင်း ဘုရားလောင်းကို ရိပ်ကောင်းသန့်စင် ထို၌ပင်လျှင် မိခင်မယ်တော် မျှက်နှာမျှော်က ဖွါးခဏ၌ လက်လှသဒ္ဒါ ဆန့်တန်းကါလျှင် များစွာရွှေငွေ လျှူချေစရာ ရှိတုံပါက ခုသာမနှေး ငါ့ကိုပေးဟု သံထွေးသာယာ မိမာတာကို
ခြင်းရာနှီးနှော စကါးပြောက ချစ်ဘမယ်တော် ကြားသော်ခဏ ၀မ်းသာလှ၍ မွေဘရင်သွေး သက်ဝေသားလှ
မကြောင့်ကြနှင့် များလှဥစ္စာ ရတနာမူ တို့မှာမရှိ တိုင်းမသိတည်း မညီး စိတ်တွင် လျှူပေချင်က
မောင်လျှင်ကြည်ညို ယူတော့ဆိုမှ များလှဥစ္စာ အသပြာတထောင် ယူဆောင်တွဲ့တွဲ့ လက်၌ထဲ့က ပြစ်မဲ့ကင်းစွာပွင့်လျှာဘုန်းဟေ့ ဖွားသည်နေ့တွင် ချမ်းမြေ့လှစွာ ဟေ၀န္တာက နာဂမည်ရ ဆင်ဖြူမြလျှင် သားလှနုနယ် ဆင်ဖြူငါယ်ကို ၀မ်းဝယ်မရွယ် ဆောင်ခဲ့ ပေမှ လူ့ပြည်ခန်းဝါ ရောက်သောခါလျှင် များစွာအသရေ ရှိပေမင်္ဂလာ သာတွင် မွေးဖွားကျင်မှ တောခွင်ဟေမာ ပြန်လေပါ၏ များစွာ ဖေါ်ပေါင်း ရံခြောက် သောင်းလည်း မပြောင်းမရွေ့ ထိုသည်နေ့တွင် ဖွားမျှော်မြင်သည် မြေပြင်အုတ်အော် ကျော်သောင်းတည်း။
အထက်ပါ ဝေသန္တရာ ဇာတ်တော်ကို ပါဠိ အနက် ပျိုဝ် သုံးမျိုးဖြင့် ရေးထားသည့် အတွက် ပညာရှင်ရော
အရပ်သားများပါ အလွယ်တကူ နားလည်နိုင်ပါသည်။ ဆရာတော် မင်းဘူး ဦးသြဘာဿ၏ ဝေသန္တရာ
ဇာတ်ကိုသာ သိကြပြီး ရခိုင်တို့လက်ရာ ဝေသန္တရာ ဇာတ်ကို မဖတ်ဖူး သူတို့အတွက် ရခိုင်စာပေ၏ အရသာကို မသိနိုင်ကြပေ။ပြီး))))
နိဗ္ဗာန်နပစ္စယော ဟောတုနှင့် ရခိုင်စာပေ
၁၁၄၆ ခုနှစ် ရခိုင်ပြည်ကို ဗမာတို့ သိမ်းယူပြီးနောက် ယ္ခုဘင်္ဂါလာဒေချဲ့ ဟုဆိုသော နယ်မြေသို့ ရခိုင်ပညာရှင်များသည် ပေစာ ကြေးစာ များကို ထန်းလျက် ထွက်ပြေးရင်းဖြင့် သယ်ယူလာခဲ့ကြသည်။ ရခိုင်စာပေမူပေါင်းများစွာသည် ပြုပြင်ထိမ်းသိမ်းသူ မရှိ၍ မပျက်စီး သင့်ဘဲ ပျက်စီး ရလေသည်။ ပေမူများကို လေ့လာ ဖတ်ရှုကြည့်သော အခါ စာရေးသူ အမည်မပါ အောက်တွင် နိဗ္ဗာန်နပစ္စယော ဟောတု ဟုသာ ရေး၍ အဆုံးသတ်ထားသည်ကို တွေ့ရလေသည်။ ဤစာရေးရသော အကျိုးသည် နိဗ္ဗာန်ကို ရောက်နိုင်သောအထောက်အပန့်ဖြစ်ပါစေသတည်းဟု စိတ်ကိုဆုံးဖြတ်၍ လျှူသောစာမူ ဖြစ်သည့်အတွက် ရေးသူအမည် မပါခြင်းပင် ဖြစ်လေသည်။ ရေးသူအမည်ပါလျှင် ရေစက်ချ၍ လျှူထားသော အလျှူတွင် ဦးမည်သူ ဒေါ်မည်သူ တို့၏ကောင်းမှု နိဗ္ဗာန်န ပစ္စယော ဟောတု ဟူသော အတ္တစွဲ မကင်းသော အလျှူမျိုးသာ ဖြစ်ပေလိမ္မည်။ ထို့ကြောင့်ပင် ရခိုင်စာပေပညာရှင်များသည် စာရေး၍ လျှူသောအခါ လူမျိုးမပါ ရေးသူမပါ နေရပ်လိပ်စာ မပါ တချို့ သက္ကရာဇ် ပင်လျှင်မပါမိမိ သိစေလိုသည် ကိုသာလျှင် ရေး၍ အပြီး အဆုံး၌ နိဗ္ဗာန်န ပစ္စယော ဟောတု ဟုသာ ရေးထိုးလေ့ ရှိကြောင်းပေမူများ၌ တွေ့ရှိရလေသည်။ပြီး))))

Comments