Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အိန္ဒိယလူမျိုး ၆သိန်းကျော် ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းခဲ့သော ပုဂ္ဂိုလ်​ထူး

အိန္ဒိယလူမျိုး ၆သိန်းကျော် ဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းခဲ့သော ပုဂ္ဂိုလ်​ထူး

သမိုင်းဖျောက်ခံထားရသော ရခိုင့်သာနာ့အာဇာနည် ဆရာတော် ဦးစန္ဒြမဏိ
======================

ရခိုင်မှာသာသနာ့ အာဇာနည်ကြီး ၂ပါး  ရှိခဲ့တယ်။

တစ်ပါးမှာ အရှင်ဦးဥတ္တမ ဖြစ်ပြီး
နောက် တစ်ပါးမှာ အရှင် စန္ဒြမဏိပင် ဖြစ်ပါသည်။
ဆရာတော် ဦးဥတ္တမက နိုင်ငံရေး လောက၌ ထင်ရှားခဲ့သလိုအရှင်စန္ဒြမဏိမှာလည်း ကမ္ဘာ့ သာသနာ့ပြု လောက၌ အလွန် ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်မြတ်ပင် ဖြစ်ပါတယ်။

အိန္ဒိယ၌ ပျောက်ကွယ် သွားတဲ့ ဗုဒ္ဓ သာသနာကို ပြန့်လို့ အသက်သွင်းခဲ့သူ၊
တစ်နေ့တည်း၊ တချိန်တည်းမှာ ဘာသာခြား အိန္ဒိယ လူမျိုး ၆သိန်းကျော်ကို ဗုဒ္ဓ ဘာသာ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ
စသည်ဖြင့် ကမ္ဘာ့ ဗုဒ္ဓ ဘာသာလောက၌ မှတ်တမ်းတင် ခံခဲ့ရတဲ့ အရှင်မြတ်ပင် ဖြစ်ပါတယ်။
                             

             အရှင် စန္ဒြမဏိ တ္ထေရုပ္ပတ္တိအကျဉ်း
              ___________________

သာသနာ့အာဇာနီလောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊  မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်းယေ တို့မှ ၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနေ့မှာ ဖွားမြင်တော်မူခဲ့သည်။.....

မွေးချင်း သုံးဦးအနက် ဆရာတော်မှာ သားကြီး သြရသပင် ဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင် ဘကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါး၌ ရှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခဲ့သည်။

ထို့နောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မခန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင် ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခဲ့သည်။

သီရိလင်္ကာနိုင်ငံသား အနာဂါရိယဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ သျှင်သာမဏေဘဝဖြင့်ပင် ၁၈၉၀ ခုနှစ်၊ နိုဝင်ဘာလ (တန်ဆောင်မုန်းလ)တွင် အစိုးရအရာရှိ ဦးသာဒိုးဝေနှင့် ပြည်တွင်းအခွန်အရာရှိတဦး လိုက်ပါပို့ဆောင်၍ အိန္ဒယနိုင်ငံသို့ ရောက်ရှိလာခဲသည်။ ထိုနောက် ရည်မှန်းချက်ကြီးမားစွာဖြင့် ဟန္ဒီ၊ သက္ကစသော ဘာသန္တရစာပီများကို အားကြိုးမာန်တက် လေ့လာသင်ယူခဲပြီး ၁၂၆၉ ခုနှစ်၊ တပို့လဆန်း (၉)ရက်နေ့တွင် ကုန်သည်ကြီး ဦးရွှေစားဦး ဒေါ်မိချမ်းတို့၏ ပစ္စယာနုဂ္ဂဟတို့ဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပင်းဝါမြို့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲသည်။
                              

အရှင်မြတ်၏ ပြိုင်စံရှားသော သာသပြု လုပ်ငန်းများ
========================

٭ ဗုဒ္ဓဘာသာ လုံလုံးလျားလျာ ကွယ်ပျောက်နေခဲသော မိဇ္ဈိမဒေသ အိန္ဒိနိုင်ငံ၌ အခက်ခဲ့ပေါင်းများစွာကို ရင်ဆိုင်လျက် ဘ၀တစ်ခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခဲသည်

٭ ရတနာဂီရိတွင် သီပေါမင်းကြီးနှင့် အိန္ဒိနိုင်ငံ၌ သာသနာရေးကိစ္စများကို အကြိမ်ကြိမ် ဆွေးနွေးတော်မူခဲသည်။

٭ သံဝေဇနိယဌာနများတွင် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်
ကြီးကျောင်းများကိုတည်ဆောက်တော်မူခဲ့သည်။

٭ ကုသိနာရုံတွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီ ကောလိပ်ကျောင်းကို ဖွင့်ပေးခဲ့ပြီး အခမဲ့ ဆေးပေးခန်းများကိုလည်း ဖွင့်ပေးခဲသည်။

٭ ဓမ္မပဒ၊ မဟာသတိပဌာနသုတ်၊ အနတ္တလက္ခဏာသုတ်နှင့် သိဂိ င်္တိသုတ်တို့ကို ဟိန္ဒီဘာသာသို့လည်းကောင်း၊ ”သောရောဒယ”နှင့်”အဉ္ဇနနိဒါန်း အမည်ရှိ စာအုပ်
များကို သက္ကတဘာသာမှ မြန်မာဘာသာသို့လည်းလောင်း၊ ဒေသခံများအား သာသနာပြုရာ
တွင် လွယ်ကူချောမွေ့စေရန် အခြားစာ အုပ်များကို ဟိန္ဒီဘာသာသို့လည်းကောင်း ပြန်
ဆိုရေးသားတော်မူခဲသည်။

٭ ဘိက္ခုသစ္စ၀ံသ၊ စာပေ
ပညာရှင်ဒေါက်တာရာဟုလာသံကိစ္စည ဒေါက်တာ  ဗုဒ္ဓရက္ခိ၊ ဘိက္ခုကဿပ(ယ္ခုနာလန္ဒာတက္ကသိုလ်၏ဖေါင်ဒါ)၊ဘိက္ခုအာနန္ဒာကောသလ္လ
ဘိက္ခု အဉ္ဇုတာနန္ဒနှင့် ဘိက္ခုပညာဝံသစသော အိန္ဒိယနိုင်ငံသား ပညာတတ်တပည့်
ရဟန်းတော်များ မွေးထုပ်ပေးခဲပါသည်။٭

          မြန်မာနိုင်ငံတွင် ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိန္ဒိယရဟန်းတော် များ၏ကိုယ်စား ကြွရောက်တော်မူခဲပြီး၊ ၁၉၅၅-ခုနှစ်တွင် ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင် ကျင်းပခဲသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးသို့လည်းတက်ရောက်တော်မူခဲသည်။٭
၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ ၁၄-ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရား ရေးရာဝန်ကြီး ဒေါက်တာ အမ္ဗေဒကာ အပါအ၀င် အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၆- သိန်းကျော်တို့အား အိန္ဒိယနိုင်ငံ နာဂပူမြို့၌ဗုဒ္ဓဘာသာအဖြစ်သို့ သွင်းယူတော်မူခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ကမ္ဘာသူ ကမ္ဘာသားများကို အံ့သြကြပြီးပြုမှုများကို အကြီးအကျယ်ရရှိ တော်မူခဲလည်သည်။

             ဤမျှကြီးကျယ်သော သာသနာပြုလုပ်ငန်းများ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲသော ကမ္ဘာ့သာသနာပြုဆရာတော် ဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်မြတ်သည် ၁၉၇၂ ခုနှစ်၊ မေလ (ဂ)ရက်နဲ့တွင် အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြန်မာ ကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲပါသည်။ ဆရာတော်ဘုရားပျံလွန်တော် မူခြင်းကြောင့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ၊ ကြေးနန်းစာဖြင့် (၅၆၉)စောင်နှင့်၊ လက်ရေးမူဖြင့် (၇၀၉)စောင်ရို့ကို ပို့ပဲခဲ့ပါသည်။

          ထို (၁၂၇၈)စောင်သော ၀မ်းနည်းမှုသ၀ဏ်လွှာများရောက်ရှိလာခြင်းက ဆရာ
တော်ဘုရားကြီးအား ကမ္ဘာကမည်ရွှေ့မည်မျှလေးစားကြည်ညိုကြသည်၊ မည်ရွှေ့မည်မျှ
တန်ဖိုးထားကြသည်ကို သက်သီသာဓက မီးမောင်းထိုးပြခြင်းပင်ဖြစ်ပါသည်။
                                               (ရခိုင်အလင်းရောင်ဘလော့မှ ကူးယူတင်ဆက်ထားပါသည်။)

အပြည့် အစုံကို ဖတ်လိုပါက အရှင်၏ ထေရုပ္ပတ္တိ စာအုပ်၌ လည်းကောင်း၊ စစ်တွေမြို့ အတုလ မာရဇိန် ဘုရား ပုရ၀ုဏ် အတွင်းရှိ အရှင် ကြေးရုပ်နှင့် ကမ္ပည်း မော်ကွန်း ကျောက်စာ၌ လည်းကောင်း သွားရောက် ဖတ်ရှု နိုင်ပါကြောင်း၊

Khine Min Myat (ပြန်လည်မျှဝေသည်)

Comments