Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်သဒ္ဒါနည်းကို သိချင်ရင် ဒီကျမ်းမှာတွေ့နိုင်မယ်ထင်ပါတယ်.. ရေးနည်း ဖွဲ့နည်း ရခိုင် သျှင်မဟာသီလဝံသ ဂဝိဂန္ဓကျမ်း

ရခိုင်သဒ္ဒါနည်းကို သိချင်ရင် ဒီကျမ်းမှာတွေ့နိုင်မယ်ထင်ပါတယ်.. ရေးနည်း ဖွဲ့နည်း

ရခိုင် သျှင်မဟာသီလဝံသ
ဂဝိဂန္ဓကျမ်း
*********

https://drive.google.com/file/d/1_vUgqHoFufFxnD2M1Stdt0L_Q2ESx_Go/view?usp=drivesdk

" ရခိုင် အသျှင်သီလဝံသ "
~~~~~~~~~~~~~
ရခိုင်စာပေလောကတွင် အသျှင်သီလဝံသဟူသော ဘွဲ့အမည်တူဖြင့် ကျမ်းပြုရဟန်းစာဆိုတော် နှစ်ပါးရှိခဲ့ပါသည် တစ်ပါးက လေးမြို့ခေတ် အေဒီ ၁၄၁၈ ခုနှစ်က ကဝိကဏ္ဋပါသ ကဝိဂန္ဓ ကျမ်းကိုရေးသားပြုစုခဲ့သော အသျှင်သီလဝံသဖြစ်ပြီး တစ်ပါးက မြောက်ဦးခေတ်အကုန် အေဒီ ၁၇၉၉ ခုနှစ်က နိဗ္ဗာန်သြဇာလင်္ကာနှင့် စကားပြေကျမ်းကို ရေးသားပြုစုခဲ့သော ဒွါရာဝတီတောင်ခွင်တန်း အသျှင်သီလဝံသတို့ဖြစ်ကြသည်
ယခုတင်ပြလိုသော ဆရာတော်မှာ ကဝိကဏ္ဋပါသကျမ်းပြုစာဆို အသျှင်သီလဝံသပင်ဖြစ်သည်
အဆိုပါ ရခိုင်က အသျှင်သီလဝံသသည် အင်းဝက အသျှင်သီလဝံသနှင့် အသျှင်ရဋ္ဌသာရတို့ထက် အလွန်ရှေးကျသော ဆရာတော်တစ်ပါးဖြစ်သည် ဆရာတော်သည် ရခိုင် မြန်မာစာပေလောကအတွက် ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်ကြီးအဖြစ် ကဝိကဏ္ဋပါသ ကဝိဂန္ဓကျမ်းကိုရေးသားတော်မူခဲ့သည် ယင်းကျမ်းသည်ကား ရခိုင်မြန်မာစာပေလောကအတွက် အလွန်ကျေးဇူးများသော ကျမ်းတစ်ကျမ်းလည်းဖြစ်ခဲ့သည် ရာဇာဝသတိနိဒါန်းကျမ်းကိုလည်း ရေးသားပြုစုခဲ့ပါသေးသည်
ပျို့ကဗျာ လင်္ကာ ရတု ရေးဖဲ့မှုနှင့်ပတ်သတ်လာလျှင် အင်းဝက အသျှင်သီလဝံသနှင့် အသျှင်ရဌသာရတို့ကိုသာ လူသိများကြပြီး ရခိုင်ဆရာတော်အသျှင်သီလဝံသကိုမူ သိသူအလွန်နည်းပါးသည် ဆရာတော်သည် ပျို့ကဗျာ လင်္ကာ ရတု ရေးသားစပ်ဆိုရာတွင် အလွန်ရှေးကျသော ဆရာတော်တစ်ပါးဖြစ်ကြောင်းကို ပုဂံဝန်ထောက်ဦးတင်က သူ၏ ကဗျာဗန္ဓသာရကျမ်း စတုတ္ထအကြိမ် စာ၃၁၅ တွင် "ရခိုင် သျှင်သီလဝံသနှင့် အမတ်ဥဿလင်းစားတို့ရေးသားဆုံးမစာ လင်္ကာများပါသည် ထိုပုဂ္ဂိုလ်များမှာ စာဆိုပညာရှိချည်းပင်တည်း မြန်မာဘာသာ ကဗျာလင်္ကာများမှာ သျှင်ရဋ္ဌသာရ သျှင်သီလဝွသတို့က အစပြုသည်ဟူ၍ အယူရှိသော အချို့မျိုးတူ မျိုးခြားများသည် သည်စာရှိသည်ကို သတိထားဟန်မတူ" ဟူ၍ ရခိုင်စာဆိုပညာရှင်များ၏ စာကဗျာရေးဖွဲ့မှု ရှေးကျကြောင်းကို ထောက်ပြခဲ့ပါသည်
(ဆက်လက်ဖော်ပြပါမည်)
ဒွါရာဝတီအသျှင်ကုသလ၏ သံတွဲသမိုင်းက ဖော်ပြပါသည်။



" ရခိုင် အသျှင်သီလဝံသ ၂ "

______________________

ရခိုင်ဆရာတော်အသျှင်သီလဝံသသည် ကဝိကဏ္ဋပါသ ကဝိဂန္ဓကျမ်းကို ရေးသားပြီးစီးသောနှစ်မှာ ရခိုင်ကောဇာ ၇၈၀ အေဒီ ၁၄၁၈ ကဖြစ်ပါသည် အင်းဝက အသျှင်သီလဝံသကို မမွေးဖွားမီ ၃၅ နှစ်ခန့်က ဤကျမ်းကိုရေးသားပြုစုပြီး ဖြစ်နေပါသည် အသျှင်ရဋ္ဌသာရထက် နှစ်ပေါင်း ၅၀ ခန့်ကြီးပါသည် 

ဆရာတော်သည် ပျို့ကဗျာ လင်္ကာ ရတုများကို အလွန်ပြောင်မြောကိစွာရေးဖွဲ့နိုင်ရုံမက ကဝိကဏ္ဋပါသ ကဝိဂန္ဓကျမ်းကိုပင် ရေးသားတော်မူခဲ့သည် အဆိုပါကျမ်းကိုပင် နှောင်းခေတ်ဆရာတို့က ကဝိပါသဏ္ဋကျမ်းဟူ၍လည်းကောင်း ကဝိဗန္ဓုပါသျှကျမ်းဟူ၍လည်းကောင်း အခေါ်ကွဲပြားကြောင်းတွေ့ရှိရသည် 

အဓိပ္ပါယ်ဖွင့်ရသော် ကဝိ=ပညာရှိ ဂန္ဓ=ရနံ့ ပညာရှိဟူသောရနံ့ဖြင့်သင်းပျံ့စေမှုကို ဖြစ်စေနိုင်သည်ဟု အဓိပ္ပါယ်ရသည် ကဝိကဏ္ဋပါသကျမ်းအမည်ရပုံမှာလည်း ကဝိ=ပညာရှိ ကဏ္ဋ=လည်ပင်း ပါသ=ကျော့ကွင်း ပညာရှိတို့လည်ပင်းကို ကျော့ကွင်းဖြင့် ရစ်ပတ်ဖမ်းမိစေနိုင်သည်ဟုဆိုရလောက်အောင် ပညာရှိတို့ကို ဆွဲဆောင်နိုင်စွမ်းရှိသော ကျမ်းဟုအဓိပ္ပါယ်ရပါသည်


Credit > စာ .. ပုံ Mrat than hlaing
ပေမူ တချို့.. U KyawKhine

Comments