Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗုဒ္ဓဂါယာမှရခိုင်ဘုရင်မင်းထီးကျောက်စာ

ဗုဒ္ဓဂါယာမှရခိုင်ဘုရင်မင်းထီးကျောက်စာ
•••••••••••••••••••••••••••••••••••••••••••••••

ဒီကျောက်စာဟာ အိန္ဒိယနိုင်ငံ ဗီဟာပြည်
ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်မြတ်၏ ပေ ၄၀ ခန့်အကွာမှာတည်ရှိပြီးရခိုင်ဘုရင်မင်းထီး
(လေးမြို့ခေတ်)တွင် တည်ထားသော ဗျာလ်ရုပ်ထုပါ စတူပါစေတီငယ်နဲ့ အလှူမော်ကွန်းကျောက်စာ ဖြစ်ပါတယ်။မဟာဗောဓိကျောက်စာဆိုပြီး လူသိများတဲ့ရခိုင်ကျောက်စာတစ်ခုလည်း ဖြစ်ပါတယ်။

ရခိုင်ဘုရင်မင်းထီးဟာ အသက် ၇ နှစ်အရွယ်(အေဒီ ၁၂၈၃)ကတည်းက ထီးနန်းအုပ်ချုပ်ခဲ့တာ ဖြစ်ပြီး အေဒီ ၁၃၈၉ ထိ နန်းသက်စုစုပေါင်း ၁၀၆ နှစ်ဖြင့် ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ရခိုင်ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။

ဘုရင်မင်းထီးလက်ထက်အတွင်းရခိုင်အမျိုးသားဘုရင့်နိုင်ငံတော်ရဲ့ နယ်နိမိတ်ဟာဆိုရင် အနောက်ရခိုင်ပြည်(ယခု ဘင်္ဂလားဒေသ) အိန္ဒိယက မြုံထောင်(တြိပူရ၊အာသံ ဂင်္ဂါမြစ်ဝှမ်း တလျှောက်)  အရှေ့ဖက်မှာတော့ ရိုးတစ်ဖက်အလွန် သရက်မြို့အထိနဲ့ မော်တင်စွန်း ဟိုင်းကြီးကျွန်းကနေ ပုသိမ်နာဂရစ်အငူအထိ (ယခုဧရာဝတီတိုင်းဖြစ်နေတဲ့ ဒေသ)ထိ နယ်နိမိတ်ကျယ်ပြန့်ခဲ့ပြီး တရားစောင့်သော
ရခိုင်ဘုရင်မင်းကောင်းမင်းမြတ်များစွာထဲက တစ်ပါးအဖြစ် ရခိုင်သမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ မင်းတစ်ပါးလည်း ဖြစ်ပါတယ်။

တရားစောင့်သောရခိုင်ဘုရင်မင်းထီးသမိုင်းအကျဉ်း
••••••••••••••••••••••••••••••••••••••••••••••••••••••••••

မင်းထီး၏ဖခင်မင်းဘီလူးသည်ကုသိုလ်ကောင်းမှု့တို့ကိုမပြု ပြည်သူပြည်သားတို့ကို ကြမ်းတမ်းယုတ်မာစွာပြုမူဆက်ဆံသည်။
မင်းထီးသည် မင်းဘီလူး၏သားအရင်းဖြစ်သည်။
မင်းထီးကိုဖွားမြင်သောအခါကောင်းသောအတိတ်နိမိတ်၊စနည်းတဘောင်တို့သည်များစွာပေါ်လေသည်။ထိုအခြင်းအရာကိုသိရသောမင်းဘီလူးသည်ယုတ်မာသောအကြံဖြင့်မိမိ၏သားငယ်မင်းထီးအားပုခက်တွင်ထည့်ကာရေသို့မျှောလိုက်၏။သို့သော် မင်းထီးမှာသေဆုံးခြင်းမရှိချေ ။
တံငါသည်များကတွေ့ရှိပြီးပြန်ပို့လာလေသည်။
မင်းဘီလူးသည် မိမိသားငယ်မင်းထီးအား
ရိုးချောင်းဖျားသို့လျှို့ဝှက်စွာပို့ထားလိုက်လေသည်။ထိုအကြောင်းကိုနန်းတွင်း၌ မှူးမတ်တို့သိရှီကြသောအခါအချင်းချင်း
တိုင်ပင်ပြီး အမတ်စည်သဘင် ဦးဆောင်ကာ
မင်းဘီလူးအားလုပ်ကြံသတ်ဖြတ်ရန် စီစဉ်လေတော့သည်။ မင်းဘီလူးသည် ထိုအချင်းအရာအား သိရှိသွားကာ သူ၏နောက်လိုက်များအား ခြံရံလျက် အောက်အရပ်သို့ထွက်ပြေးတိမ်းရှောင်သွားလေသည်။

ထို့နောက် မူးမတ်တို့သည် အမတ်ကြီးစည်သဘင်အား ရခိုင်သက္ကြဇ်
(၆၄၃)ခုနှစ်တွင် နန်းတင်ကြလေသည်။
စည်သဘင်အမတ်ကြီးသည် ထီးနန်းတက်ပြီးသောအခါမင်းဆွေမင်းမျိုးတို့အား စီစစ်၍ ညှဉ်းဆဲကွပ် မျက်ခြင်းပြုလာလေသည်။
ထို့ကြောင့်ကျန်သောမင်းဆွေမင်းမျိုးတို့သည်
ပြည်သူပြည်သားတို့နှင့်တိုင်ပင်လျှက် စည်သဘင်အမတ်အား(၆၄၅)ခုနှစ်တွင်လုပ်ကြံသတ်ဖြတ်ပြီးရိုးချောင်ဖျားတွင် ဝှက်ထားသော (၇)နှစ်သားအရွယ်မင်းထီးအား
ယူဆောင်လျှက် စောစစ်ဟူသောမိဖုရားနှင့်
ဦးရီတော်အနန္တဘယ၏ရင်ခွင်ပိုက်မင်းအဖြစ် ထီနန်းအုပ်ချုပ်မင်းလုပ်စေလေသည်။

မင်းထီးသည်ရတနာသုံးပါးကိုအလွန်ကြည်ညိုမြတ်နိုး၏များစွာသောကောင်းမူ့ကိုပြု၏။
မင်းမျိုးမင်းဆွေ မှူးမတ်ပြည်သူတို့ကိုများစွာသော ချီးမြှောက် မ'စ၏အခွန် အတုတ် တို့ကိုလည်း လျှော့ပေါ့၍ကောက်ခံ၏။ဒါန၊သီလ၊တရားတို့ကိုလည်းအားထုတ်တော်မူ၏။မိမိနှိင်ငံသို့ဝင်ရောက် ကျူးကျော်လာသော မြန်မာ၊မွန်ဂို၊သက် တို့အားလည်းတိုက်ခိုက်နှိမ်နင်းအောင်မြင်တော်မူလေ၏။ဘုရင်မင်းထီးသည်တရားဥပဒေစိုးမိုးရေးကိုအထူးအလေးပေးခဲ့သည်။ဥပဒေပြုရာတွင်လည်းအထူးပင်တိကျပြတ်သားမူ့ရှိလေသည်။

သားမကောင်းလျှင် အဖေ၊
သမီးမကောင်းလျှင် အမိ၊
မယားမကောင်းလျှင် လင်၊
တပည့်မကောင်းလျှင်ဆရာ၊
ကျွန်မကောင်းလျှင် အရှင်တို့တွင်တာဝန်ရှိသည်ဟုပြဌာန်းပြီး
သေဒဏ်ထိကျစေရန်သတ်မှတ်ခဲ့သည်။
ဤဥပဒေသည်များစွာပြင်းထန်သည်ဟုမှတ်ယူနှိင်သော်လည်းဤဥပဒေကြောင့်သာတိုင်းပြည်ကိုကောင်းကောင်းမွန်မွန်ပြုပြင်ပေးနှိင်ခဲ့သည်ပင်ဖြစ်သည်။

ဘုရင်မင်းထီးသည်ဥပဒေပြုသူသက်သက်သာမဟုတ်ဘဲကိုယ်တိုင်လည်း ဥပဒေကိုအထူး
လိုက်နာတတ်သူလည်းဖြစ်သည်။

တစ်ခါသော် မင်းမူထမ်း၊ အမတ် စသူတို့သည် ကွမ်းစားပြီးလျှင် နန်းတော်တိုင်များကို အမှတ်မဲ့သုတ်လေ့ရှိသည်။ ဘုရင်မင်းထီးမြင်သော် “နောင်ထုံးသုတ်သူကို တွေ့လျှင်သုတ်သည့် လက်ချောင်းကိုဖြတ်မည် ” ဟု အမိန့်တော်မှတ်လေသည်။ တစ်နေ့၌ ဘုရင်ကိုယ်တိုင် လက်ညိုးဖြင့် ထုံးသုတ်မိ၏။ မြင်သောအမတ်တစ်ပါးက အချိန်နာရီနှင့်တကွ မှတ်ထား လိုက်လေ၏။ ထိုထုံးသတ်ရာကို ဘုရင်မင်းထီးမြင်သော် စစ်မေးရာ အမတ်ကလည်း ဘုရင်ကိုယ်တိုင်သုတ်ကြောင်း အချိန်နှင့်တကွ လျှောက်တင်သောအခါ ဘုရင်မင်းထီးသည် အများရှေ့မှာပင် မိမိ၏ လက်ညိုးကို သန်လျက်ဖြင့် ဖြတ်လိုက်လေသည်။
(လောင်းကျက်မြို့အနီး နန်းကျအရပ်တွင် ဘုရားရုပ်တုတစ်ဆူ ရှိလေရာ ရှေးက လက်ယာဘက်တွင် လက်လေးချောင်းသာ ရှိသည်။ လက်ညိုးမပါချေ။ ထိုဘုရင်ကိုစွဲ၍ လည်ကောင်း၊ အပြုအမှုကို အထိမ်းအမှတ်ပြု၍လည်ကောင်း တည်ထားဟန်တူသည်)

ရာထူးများခန့်ထားရာတွင်လည်းအဂတိမလိုက်စားဘဲအရည်အချင်းရှိသူကိုရှိသူအလျှောက်ထိုက်တန်စွာခန့်ထားလေသည်။
ဘုရင်မင်းထီးလက်ထက်တွင် ဘုရားပုထိုးစေတီများ ကျောင်းကန်ဇရပ်များ မြောက်များစွာ လှူဒါန်းတည်ထားခဲ့ပြီး ဘာသာသာနာလည်းအလွန်တိုးတက်ထွန်းပြောင်ခဲ့သည်။တိုင်းပြည်လုံခြုံရေးအတွက်မူလက်နက်အင်အားများကိုတိုးချဲ့ခဲ့လေသည်။
ထို့ကြောင့်အေဒီ ၁၂၉၈တွင်မွန်ဂိုတို့၏ အလုံးအရင်းဖြင့်ကျူးကျော်မူ့ကိုအောင်မြင်စွာတွန်းလှန်နှိင်ခဲ့လေသည်။

ထိုစဉ်ခေတ်ပြိုင်ပုဂံနှိင်ငံသည်အေဒီ-၁၂၈၄ခုနှစ်တွင်မွန်ဂိုကျူးကျော်မူ့ကိုမခံနှိင်သဖြင့်ပျက်စီသွားလေသည်။ဘုရင်မင်းထီးလက်ထက်တွင်ရခိုင်လက်ဝင်နိုင်ငံဖြစ်သောဘင်္ဂါ၁၂တိုင်းနှင့်
အရှေ့အနောက်တိုင်းငယ်များကိုလက်အောင်ခံများအဖြစ်ပြန်လည်သိမ်းသွင်းနှိင်ခဲ့သည်။
ဘုရင်မင်းထီး၏အုပ်ချုပ်ရေးကာလသည်
နှစ်ပေါင်း ၁၀၆နှစ်ရှည်ကြာခဲ့သည်။
မင်းထီးဘုရင်လက်ထက်သည်လေးမြို့ခေတ်တွင်အတိုးတက်ဆုံးဖြစ်လေသည်။

မင်းထီးဘုရင်အုပ်စိုးစဉ်ကာလကသူဌေးတစ်ယောက်၏ ကျွန်များသည်နွားခိုးမှုတစ်ခုတွင် ဖမ်းမိသဖြင့်သူဌေးသည် ကျွန်ရှင်ခံရ၍
အသက်သေမည်စိုးကာမင်းထီးဘုရင်အားရင်ခွင်ပိုက်အုပ်ချုပ်နေသောဦးရီးတော်အားအသပြာငွေမြောက်များစွာပေးကာကျွန်ရှင်ခံခိုင်းလေသည်။
ဦးရီးတော်သည်လည်းမင်းထီးဘုရင်သည်
သူ့အားအပြစ်ပေးလိမ့်မည်ဟုမထင်သဖြင့်အသပြာငွေအားလက်ခံကာကျွန်ရှင်ခံပါမည်ဟုကတိပေးလိုက်လေသည်။အမှုစစ်သောအခါ ဘုရင်မင်းထီးသည်ကျွန်များ၏အရှင်မှာ ဦးရီးတော်ဖြစ်ကြောင်းသိရ၍
အမတ်မင်းများအားထုတ်ပြန်ထားသော ဥပဒေများကို ဖတ်ခိုင်းစေကာဦးရီးတော်အား ကွက်မျက်လိုက်လေသည်။
ဘုရင်မင်းထီး အုပ်ချုပ်စဉ်ကာလက
ရခိုင်ဘုရင့်နိုင်ငံသည်တရားသောမင်း အုပ်ချုပ်သောနိုင်ငံဟု
ကမ္ဘာ့ အလယ်တွင် ထင်ရှားခဲ့လေသည်။

ကိုးကား : ရခိုင်သမိုင်းအလင်းပြကျမ်း
ရခိုင်ရာဇဝင်သစ်ကျမ်း

Photo-Credit  -Original Uploader

Comments