ရခိုင်လူတို့၏ ဓညာဝုဓ အမြောက်ကြီးကို ဗမာတို့က ဝဇိရာဝုဓ အမြောက်ကြီး

ရခိုင်လူတို့၏ ဓညာဝုဓ အမြောက်ကြီးကို ဗမာတို့က ဝဇိရာဝုဓ အမြောက်ကြီး =-=-=-=-=-=-=-=-=-=-=-=-=-=-= ရခိုင်နိုင်ငံတော် ကျဆုံးခဲ့ရပြီး ရခိုင်ပြည်က သိမ်းပိုက်ယူဆောင်ခဲ့သော အမြောက်ကြီးကို ဤသို့ ဖော်ပြလိုက်စည်။ ရတနာပုရစတုတ္တမြို့တည် နန်းတည် ဘဝရှင် မင်းတရားကြီး အမိန့်တော်မြတ်ဖြင့် အတွင်းဝန်မင်းကြီး #သီရီမဟာနန္ဒသင်္ကြံ မေးဆိုချက်ကို မင်းတိုင်ပင် အမတ်ကြီး #မဟာဓမ္မသင်္ကြံ,,သည် ရခိုင်ဆိုင်ရာ အကြောင်းအရာများကို သူ၏ကျမ်း၌ ရေးသားခဲ့ပြီး၊ အထူးထူးသော ကျမ်းဂန်တို့မှ ထုတ်နှုတ်ရေးသား ဖြေဆိုအပ်သည် မြန်မာပြည် သာသနာဝင်,ဟု ဆိုအပ်သော သာသနာလင်္ကာရ စာတမ်း,,ဟူ၍ စာအုပ်၌လည်း ဖော်ပြထားသည်ကို သင်တို့ တွေ့ရှိရမည်သာ ဖြစ်သည်။ #နေမျိုးဇေယျကျော်ထင်( ခေါ် )ဇေယျကျော်ထင်,၏ မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း စာအုပ် ၂၀၂-တွင် ဓညဝတီမြို့က မင်းအဆက် ဆက် မရဖူးသော ဓညာဝုဓ အမြောက်ကြီးကို ရတော်မူသည်ကို လည်းကောင်း အစွဲအမှတ်ပြု၍ လက်နက်စကြာသခင်,,ဟူ၍လည်း တွင်၏ ,,ဟူ၍ ဖော်ပြထားသည်ကို သင်တို့ တွေ့ရှိရမည်သာ ဖြစ်သည်။ ရခိုင်က သိမ်းပိုက်ယူဆောင်သွားသော ဓညာဝုဓ အမြောက်ကြီး,ကို မန္တလေး နှစ်( ၁၀၀ )ပြည့် စာအုပ်၌ ဝဇိရာဝုဓ အမြောက်,,ဟူ၍ ခေါ်ဝေါ်ထားကြောင်းကိုလ...